ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ရာထူးနေရာ(၇၀)နီးပါးအတွက် ဝန်ထမ်းများခေါ်ယူ

4737
စော(NP News) - ဩဂုတ် ၇
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန လက်အောက်တွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ (၆၄) နေရာအတွက် လျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ယနေ့(ဩဂုတ်လ ၇ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့အသိပေးကြေညာထားခြင်းဖြစ်သည်။
အဆိုပါ ရာထူး (၆၄)နေရာအနက် အငယ်တန်းစာရေးရာထူးကို ဝန်ကြီးရုံးအတွက် (၂)နေရာနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအတွက် (၄၇)နေရာနှင့် ဗီဒီယိုကျွမ်းကျင်(၄)ကို ဝန်ကြီးရုံးအတွက် (၁)နေရာခန့်အပ်သွားမည် ဖြစ်ကြောင်းသိရသည်။
အလားတူ ယာဉ်မောင်း(၄)ရာထူးကို ဝန်ကြီးရုံးအတွက် (၃)နေရာ၊ ရုံးအကူရာထူးကို ဝန်ကြီးရုံးအတွက် (၁)နေရာ နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအတွက် (၈)နေရာ နှင့် လုပ်သားရာထူးကိုဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနအတွက် (၂)နေရာ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် စက်တင်ဘာလ (၆)ရက်တွင် အသက် (၁၈)နှစ်ပြည့်ရန်လိုအပ်ပြီး အသက် (၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်လွှာများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃၃)နှင့် မိမိတို့နီးစပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများသို့ စက်တင်ဘာလ (၆)ရက်နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါလျှောက်လွှာများတွင် သတ်မှတ်ချက်နှင့်ပြည့်သူများကို အငယ်တန်းစာရေးရာထူးအတွက် အင်္ဂလိပ်စာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အထွေထွေဗဟုသုတနှင့် IT ဆိုင်ရာအသုံးပြုမှုတို့ကို ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဗီဒီယိုကျွမ်းကျင်(၄)နှင့် ယာဉ်မောင်း (၄)ရာထူးများအတွက် လူတွေ့အပြင် ဗီဒီယိုဆိုင်ရာကျွမ်း ကျင်မှုစစ်ဆေးခြင်းနှင့် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးသွားမည်ဖြစ်ပြီး ကျန်ရာထူးအတွက် လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနမွ ရာထူးေနရာ(၇၀)နီးပါးအတြက္ ဝန္ထမ္းမ်ားေခၚယူ
ေစာ(NP News) - ဩဂုတ္ ၇
ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန လက္ေအာက္တြင္ လစ္လပ္လ်က္ရွိေသာ ရာထူးေနရာ (၆၄) ေနရာအတြက္ ေလွ်ာက္လႊာမ်ားေခၚယူေနေၾကာင္း သိရသည္။
ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနမွ ယေန႔(ဩဂုတ္လ ၇ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔အသိေပးေၾကညာထားျခင္းျဖစ္သည္။
အဆိုပါ ရာထူး (၆၄)ေနရာအနက္ အငယ္တန္းစာေရးရာထူးကို ဝန္ႀကီး႐ုံးအတြက္ (၂)ေနရာႏွင့္ ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနအတြက္ (၄၇)ေနရာႏွင့္ ဗီဒီယိုကြၽမ္းက်င္(၄)ကို ဝန္ႀကီး႐ုံးအတြက္ (၁)ေနရာခန႔္အပ္သြားမည္ ျဖစ္ေၾကာင္းသိရသည္။
အလားတူ ယာဥ္ေမာင္း(၄)ရာထူးကို ဝန္ႀကီး႐ုံးအတြက္ (၃)ေနရာ၊ ႐ုံးအကူရာထူးကို ဝန္ႀကီး႐ုံးအတြက္ (၁)ေနရာ ႏွင့္ ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနအတြက္ (၈)ေနရာ ႏွင့္ လုပ္သားရာထူးကိုဟိုတယ္ႏွင့္ခရီးသြား ၫႊန္ၾကားမႈဦးစီးဌာနအတြက္ (၂)ေနရာ ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားသည္ စက္တင္ဘာလ (၆)ရက္တြင္ အသက္ (၁၈)ႏွစ္ျပည့္ရန္လိုအပ္ၿပီး အသက္ (၃၀)ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ထားသည္။
ေလွ်ာက္လႊာမ်ားကို ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ေနျပည္ေတာ္၊ ႐ုံးအမွတ္ (၃၃)ႏွင့္ မိမိတို႔နီးစပ္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္႐ုံးမ်ားသို႔ စက္တင္ဘာလ (၆)ရက္ေနာက္ဆုံးထား ေပးပို႔ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
အဆိုပါေလွ်ာက္လႊာမ်ားတြင္ သတ္မွတ္ခ်က္ႏွင့္ျပည့္သူမ်ားကို အငယ္တန္းစာေရးရာထူးအတြက္ အဂၤလိပ္စာႏွင့္ ခရီးသြားလုပ္ငန္းဆိုင္ရာ အေထြေထြဗဟုသုတႏွင့္ IT ဆိုင္ရာအသုံးျပဳမႈတို႔ကို ေရးေျဖစာေမးပြဲႏွင့္ လူေတြ႕စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ဗီဒီယိုကြၽမ္းက်င္(၄)ႏွင့္ ယာဥ္ေမာင္း (၄)ရာထူးမ်ားအတြက္ လူေတြ႕အျပင္ ဗီဒီယိုဆိုင္ရာကြၽမ္း က်င္မႈစစ္ေဆးျခင္းႏွင့္ ယာဥ္ေမာင္းကြၽမ္းက်င္မႈစစ္ေဆးသြားမည္ျဖစ္ၿပီး က်န္ရာထူးအတြက္ လူေတြ႕စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။