မင်္ဂလာဆောင်မှာ ပျော်ရွှင်တဲ့မျက်နှာပုံစံ မင်္ဂလာဝတ်စုံ ဆင်မြန်းခဲ့တဲ့ မီရှဲ

 1127

ရောင်နီ (NP News) - သြဂုတ် ၈

အော်စကာ မင်းသမီးကြီး မီရှဲရို နဲ့ သူမရဲ့ ချစ်သူ Ferrari CEO ဟောင်း ဂျိန်းတော့ ဟာ ဇူလိုင် ၂၇ ရက်က မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ဆစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ပါတယ်။

မင်္ဂလာပွဲမှာ သူမဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံဟာ အင်တာနက်သုံးစွဲသူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူမဟာ ဇူလိုင် ၂၇ ရက်၊ ကြာသပတေးနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာကျင်းပခဲ့တဲ့ သူမ မင်္ဂလာပွဲရဲ့ဓာတ်ပုံများ စွာကို မကြာသေးမီက အင်စတာဂရမ်မှာ ပိုစ်တင်ခဲ့ပါတယ်။ ဧည့်ခံပွဲမှာ သူမဟာ ဆင်စွယ်ရောင်သတို့သမီးဝတ်စုံ ကို ဝတ်ဆင်ထားပါတယ်။

ထူးခြားချက်ကတော့ သူမဂါဝန်ရဲ့ရင်ဘတ်ပိုင်းမှာ အပြုံးမျက်နှာလို့ နာမည်ရတဲ့ မျက်လုံးအစုံ၊ နှုတ်ခမ်းတစ်စုံနဲ့ နှာခေါင်းတစ်ခုပါတဲ့ corset နဲ့ အလှဆင်ထားတာပဲ ဖြစ်ပါတယ်။ အဆိုပါ ဆွဲဆောင်မှုရှိတဲ့ မင်္ဂလာဝတ်စုံကို ပြင်သစ် ဖက်ရှင်ဆိုင် Schiaparelli က ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပါတယ်။ မီရှဲ ဟာ အီတလီကုမ္ပဏီ Tod's Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒီရေဂိုဒဲလာဗယ်လီ နဲ့ Schiaparelli ရဲ့ ဖန်တီးမှုဒါရိုက်တာ ဒယ်နီရယ်လ် ရိုစ်ဘယ်ရီ တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ သူမရဲ့ပရိသတ်တွေက ဝတ်စုံဟာ လှပလွန်းကြောင်း၊ ဝတ်စုံက အပြုံးမျက်နှာလို့ အဓိပ္ပာယ်ရပေမယ့် လက်တွေ့ဘဝမှာ တကယ်ပျော်ရွှင်နေဖို့သာ အရေးကြီးကြောင်း သူမရဲ့ ပို့စ်ရဲ့ comment မှာ ချီးကျူးခဲ့ကြပါတယ်။

မီရှဲနဲ့ တက်ဟာ ၁၉ နှစ်ကြာ စေ့စပ်ခဲ့ပြီးနောက်မှာမှ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ တက်က အမှန်တော့ လက်ထပ်ပွဲကို ၂ဝ၂၂ ခုနှစ်မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့် ၎င်းတိုနြှစ်ယောက်ဟာ နိုင်ငံသားမတူညီကြတာ ကြောင့် တိကျတဲ့လိုအပ်ချက်တွေအတွက် စာရွက်စာတမ်းတွေပြင်ဆင်ရတာနဲ့ အချိန်ကုန်ခဲ့ရတယ်လို့ ဆိုခဲ့ပါ တယ်။

Zawgyi Version;
မဂၤလာေဆာင္မွာ ေပ်ာ္႐ႊင္တဲ့မ်က္ႏွာပုံစံ မဂၤလာဝတ္စုံ ဆင္ျမန္းခဲ့တဲ့ မီရွဲ
ေရာင္နီ (NP News) - ၾသဂုတ္ ၈

ေအာ္စကာ မင္းသမီးႀကီး မီရွဲ႐ို နဲ႔ သူမရဲ႕ ခ်စ္သူ Ferrari CEO ေဟာင္း ဂ်ိန္းေတာ့ ဟာ ဇူလိုင္ ၂၇ ရက္က မိသားစု၊ သူငယ္ခ်င္းေတြနဲ႔အတူ ဆစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာ မဂၤလာဧည့္ခံပြဲ က်င္းပခဲ့ပါတယ္။

မဂၤလာပြဲမွာ သူမဝတ္ဆင္ခဲ့တဲ့ မဂၤလာဝတ္စုံဟာ အင္တာနက္သုံးစြဲသူေတြရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ သူမဟာ ဇူလိုင္ ၂၇ ရက္၊ ၾကာသပေတးေန႔က ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာမွာက်င္းပခဲ့တဲ့ သူမ မဂၤလာပြဲရဲ႕ဓာတ္ပုံမ်ား စြာကို မၾကာေသးမီက အင္စတာဂရမ္မွာ ပိုစ္တင္ခဲ့ပါတယ္။ ဧည့္ခံပြဲမွာ သူမဟာ ဆင္စြယ္ေရာင္သတို႔သမီးဝတ္စုံ ကို ဝတ္ဆင္ထားပါတယ္။

ထူးျခားခ်က္ကေတာ့ သူမဂါဝန္ရဲ႕ရင္ဘတ္ပိုင္းမွာ အၿပဳံးမ်က္ႏွာလို႔ နာမည္ရတဲ့ မ်က္လုံးအစုံ၊ ႏႈတ္ခမ္းတစ္စုံနဲ႔ ႏွာေခါင္းတစ္ခုပါတဲ့ corset နဲ႔ အလွဆင္ထားတာပဲ ျဖစ္ပါတယ္။ အဆိုပါ ဆြဲေဆာင္မႈရွိတဲ့ မဂၤလာဝတ္စုံကို ျပင္သစ္ ဖက္ရွင္ဆိုင္ Schiaparelli က ဒီဇိုင္းထုတ္ခဲ့တာျဖစ္ပါတယ္။ မီရွဲ ဟာ အီတလီကုမၸဏီ Tod's Group ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ဒီေရဂိုဒဲလာဗယ္လီ နဲ႔ Schiaparelli ရဲ႕ ဖန္တီးမႈဒါ႐ိုက္တာ ဒယ္နီရယ္လ္ ႐ိုစ္ဘယ္ရီ တို႔ကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ သူမရဲ႕ပရိသတ္ေတြက ဝတ္စုံဟာ လွပလြန္းေၾကာင္း၊ ဝတ္စုံက အၿပဳံးမ်က္ႏွာလို႔ အဓိပၸာယ္ရေပမယ့္ လက္ေတြ႕ဘဝမွာ တကယ္ေပ်ာ္႐ႊင္ေနဖို႔သာ အေရးႀကီးေၾကာင္း သူမရဲ႕ ပို႔စ္ရဲ႕ comment မွာ ခ်ီးက်ဴးခဲ့ၾကပါတယ္။

မီရွဲနဲ႔ တက္ဟာ ၁၉ ႏွစ္ၾကာ ေစ့စပ္ခဲ့ၿပီးေနာက္မွာမွ လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ တက္က အမွန္ေတာ့ လက္ထပ္ပြဲကို ၂ဝ၂၂ ခုႏွစ္မွာ ျပဳလုပ္ဖို႔ ရည္႐ြယ္ထားေပမယ့္ ၎တိုျႏႇစ္ေယာက္ဟာ ႏိုင္ငံသားမတူညီၾကတာ ေၾကာင့္ တိက်တဲ့လိုအပ္ခ်က္ေတြအတြက္ စာ႐ြက္စာတမ္းေတြျပင္ဆင္ရတာနဲ႔ အခ်ိန္ကုန္ခဲ့ရတယ္လို႔ ဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.