စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေး နိုင်ငံတော်အစိုးရက ကူညီပေးရန်လိုကြောင်း နစကဥက္ကဋ္ဌ အသိပေး

794
ယွန်း (NP News) - သြဂုတ် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနယ်ပယ်များတွင် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ကူညီပေးရန်လိုကြောင်း နစက ဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ(၇)ရက်တွင် နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ အသစ်ဖွဲ့စည်းထားသည့် နစကအဖွဲ့ဝင်များကို အမှာစကားပြောကြားရာ၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကမ္ဘာပေါ်၌ စားရေရိက္ခာလုံခြုံရေး Food Security သည် အမှန်တကယ်လိုအပ်နေပြီး မြန်မာ နိုင်ငံအနေဖြင့် အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။
ပြည်တွင်းရှိ လယ်ယာစိုက်ပျိုးမြေတွင် တစ်သီးသာစိုက်ပျိုးသည့် မြေဧကသုံးသန်းကျော်ရှိပြီး အဆိုပါနေရာများ၌ ဆီထွက်သီးနှံများ အပါအဝင် သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးပါက ပြည်တွင်းအတွက်လိုအပ်သည့် အခြေခံသွင်းကုန်များတင်သွင်းမှုလျှော့ချနိုင်မည့်အပြင် ပြည်ပသို့ ပို့ကုန်များလည်း ပို၍တင်ပို့နိုင်ကြောင်း သိရသည်။
ထို့ကြောင့် အမှန်တကယ်လိုအပ်သည်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနယ်ပယ်များတွင် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ကူညီဆောင်ရွက်ပေးရန်လိုကြောင်း နစကဥက္ကဋ္ဌက အသိ ပေးပြောကြားခဲ့သည်။
ထို့ပြင် အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာရေးအတွက် ဘက်ပေါင်းစုံမှ ကျယ် ပြန့်စွာစဥ်းစား၍ စီမံပေးရန် လိုကြောင်း သိရသည်။
အလားတူ စိုက်ပျိုးရေးမွေးမြူရေးကို အခြေခံပြီး MSME ကုန်ထုတ်လုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဘက်ပေါင်းစုံမှ စဥ်းစားဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
လယ်ယာမြေများကို အသုံးချရာ၌ စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ အဆောက်အအုံများ ဆောက်လုပ်လျက်ရှိပြီး စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲနေခြင်းကြောင့်နိုင်ငံ၏ စီးပွား ရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လည်း နစကဥက္ကဋ္ဌက ပြီးခဲ့သည့် ဇူလိုင်တွင် ကျင်းပခဲ့သော အစည်း အဝေး၌ တိုက်တွန်းပြောကြားထားသည်။

zawgyi version
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးအတြက္ ေျမကိုအက်ိဳးရွိစြာ အသုံးခ်ႏိုင္ေရး ႏိုင္ငံေတာ္အစိုးရက ကူညီေပးရန္လိုေၾကာင္း နစကဥကၠ႒ အသိေပး
ယြန္း (NP News) - ၾသဂုတ္ ၈
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနယ္ပယ္မ်ားတြင္ ေျမကိုအက်ိဳးရွိစြာ အသုံးခ်ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရက ကူညီေပးရန္လိုေၾကာင္း နစက ဥကၠ႒က အသိေပးေျပာၾကားထားသည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၾသဂုတ္လ(၇)ရက္တြင္ နစကဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ အသစ္ဖြဲ႕စည္းထားသည့္ နစကအဖြဲ႕ဝင္မ်ားကို အမွာစကားေျပာၾကားရာ၌ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ ကမာၻေပၚ၌ စားေရရိကၡာလုံၿခဳံေရး Food Security သည္ အမွန္တကယ္လိုအပ္ေနၿပီး ျမန္မာ ႏိုင္ငံအေနျဖင့္ အဆိုပါလိုအပ္ခ်က္ကို ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္သည့္ အေျခအေနတြင္ရွိေနေၾကာင္း သိရသည္။
ျပည္တြင္းရွိ လယ္ယာစိုက္ပ်ိဳးေျမတြင္ တစ္သီးသာစိုက္ပ်ိဳးသည့္ ေျမဧကသုံးသန္းေက်ာ္ရွိၿပီး အဆိုပါေနရာမ်ား၌ ဆီထြက္သီးႏွံမ်ား အပါအဝင္ သီးႏွံတစ္မ်ိဳးမ်ိဳးကို စိုက္ပ်ိဳးပါက ျပည္တြင္းအတြက္လိုအပ္သည့္ အေျခခံသြင္းကုန္မ်ားတင္သြင္းမႈေလွ်ာ့ခ်ႏိုင္မည့္အျပင္ ျပည္ပသို႔ ပို႔ကုန္မ်ားလည္း ပို၍တင္ပို႔ႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အမွန္တကယ္လိုအပ္သည္မွာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနယ္ပယ္မ်ားတြင္ ေျမကိုအက်ိဳးရွိစြာ အသုံးခ်ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရက ကူညီေဆာင္႐ြက္ေပးရန္လိုေၾကာင္း နစကဥကၠ႒က အသိ ေပးေျပာၾကားခဲ့သည္။
ထို႔ျပင္ အစိုးရအေနျဖင့္ ျပည္သူမ်ား၏ လူမႈစီးပြားဘဝတိုးတက္လာေရးအတြက္ ဘက္ေပါင္းစုံမွ က်ယ္ ျပန႔္စြာစဥ္းစား၍ စီမံေပးရန္ လိုေၾကာင္း သိရသည္။
အလားတူ စိုက္ပ်ိဳးေရးေမြးျမဴေရးကို အေျခခံၿပီး MSME ကုန္ထုတ္လုပ္ငန္းမ်ားကို ေခတ္မီနည္းပညာမ်ား အသုံးျပဳ၍ တန္ဖိုးျမႇင့္ထုတ္ကုန္မ်ား ထုတ္လုပ္ႏိုင္ေရး ဘက္ေပါင္းစုံမွ စဥ္းစားေဆာင္႐ြက္သြားရန္ နစကဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့သည္။
လယ္ယာေျမမ်ားကို အသုံးခ်ရာ၌ စိုက္ပ်ိဳးျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ျခင္းမျပဳဘဲ အေဆာက္အအုံမ်ား ေဆာက္လုပ္လ်က္ရွိၿပီး စိုက္ပ်ိဳးေျမမ်ားကို အျခားနည္းမ်ားျဖင့္ သုံးစြဲေနျခင္းေၾကာင့္ႏိုင္ငံ၏ စီးပြား ေရးလုပ္ငန္းမ်ားအတြက္ ထိခိုက္နစ္နာမႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စိုက္ပ်ိဳးေျမမ်ားကို အျခားနည္းမ်ားျဖင့္ သုံးစြဲေနမႈမ်ားကို ဥပေဒႏွင့္အညီ စိစစ္ၾကပ္မတ္၍ ထိန္းသိမ္းေဆာင္႐ြက္သြားရန္လည္း နစကဥကၠ႒က ၿပီးခဲ့သည့္ ဇူလိုင္တြင္ က်င္းပခဲ့ေသာ အစည္း အေဝး၌ တိုက္တြန္းေျပာၾကားထားသည္။