မြန်မာ့တိုင်းရင်းဆေးပညာရပ်အား သက်သေအထောက်အထားပြု ဆေးပညာရပ်အဖြစ် ပြောင်းလဲတိုးတက်ရန်လိုဟုဆို

 1277

ယွန်း (NP News) - သြဂုတ် ၈

မြန်မာ့တိုင်းရင်းဆေးပညာရပ်အား သက်သေအထောက်အထားပြု ဆေးပညာရပ်အဖြစ် ပြောင်းလဲတိုးတက်ရေး ကျန်းမာရေး ဒုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက သြဂုတ်လ(၇)ရက်တွင် မန္တလေးရှိ တိုင်းရင်းဆေးတက္ကသိုလ်၌ ကျင်းပခဲ့သော (၁၂)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလသည် တိုင်းရင်းဆေးသုတေသနများကို ဆောင်ရွက်ရန် နိုင်ငံတော်မှ အလေးထားအားပေးနေသည့်အချိန်ဖြစ်ပြီး တာဝန်ရှိသူများနှင့် သုတေသီများကလည်း သုတေသနကျင့်ဝတ်နှင့်အညီ သုတေ သနလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ တိုင်းရင်းဆေးကဏ္ဍတိုးတက်စေရေး ဆောင်ရွက်ကြရန် ၎င်းက ပြောသည်။

သို့ဖြစ်၍ မြန်မာ့တိုင်းရင်းဆေးပညာရပ်အား အတွေ့အကြုံအခြေပြု ဆေးပညာရပ်မှ သက်သေအ ထောက်အထားပြု ဆေးပညာရပ်အဖြစ်သို့ ပြောင်းလဲတိုးတက်လာစေရန် ပါမောက္ခ ဒေါက်တာအေးထွန်းက အသိပေးပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူလူထု၏အဓိကကျန်းမာရေးပြဿနာများကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးအသစ်နှင့် ဆေးဝါးအသစ်များ ပေါ်ထွက်လာစေရေးကိုလည်း ဆောင်ရွက်ရန်လိုကြောင်း သိရသည်။

ထို့ပြင် အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန် ၎င်းကပြောကြားထားသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါတွင်သာမက ရာသီတုပ်ကွေးရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်သည့် မြန်မာ့တိုင်းရင်းဆေး ဝိသမအဖျားပျောက်ဆေးကို တိုင်းရင်းဆေးပညာဦးစီးဌာနမှ အခြေခံသုတေသနနှင့် ဆေးလက်တွေ့သုတေသနတို့ကို သိပ္ပံနည်းကျပြုလုပ်၍ ဆေးဝါးအဖြစ် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာ့တိုင္းရင္းေဆးပညာရပ္အား သက္ေသအေထာက္အထားျပဳ ေဆးပညာရပ္အျဖစ္ ေျပာင္းလဲတိုးတက္ရန္လိုဟုဆို
ယြန္း (NP News) - ၾသဂုတ္ ၈

ျမန္မာ့တိုင္းရင္းေဆးပညာရပ္အား သက္ေသအေထာက္အထားျပဳ ေဆးပညာရပ္အျဖစ္ ေျပာင္းလဲတိုးတက္ေရး က်န္းမာေရးဒုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။

က်န္းမာေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ပါေမာကၡ ေဒါက္တာေအးထြန္းက ၾသဂုတ္လ(၇)ရက္တြင္ မႏၲေလးရွိ တိုင္းရင္းေဆးတကၠသိုလ္၌ က်င္းပခဲ့ေသာ (၁၂)ႀကိမ္ေျမာက္တိုင္းရင္းေဆးသုေတသနစာတမ္းဖတ္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

လက္ရွိကာလသည္ တိုင္းရင္းေဆးသုေတသနမ်ားကို ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္မွ အေလးထားအားေပးေနသည့္အခ်ိန္ျဖစ္ၿပီး တာဝန္ရွိသူမ်ားႏွင့္ သုေတသီမ်ားကလည္း သုေတသနက်င့္ဝတ္ႏွင့္အညီ သုေတ သနလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္၍ တိုင္းရင္းေဆးက႑တိုးတက္ေစေရး ေဆာင္႐ြက္ၾကရန္ ၎က ေျပာသည္။

သို႔ျဖစ္၍ ျမန္မာ့တိုင္းရင္းေဆးပညာရပ္အား အေတြ႕အႀကဳံအေျချပဳ ေဆးပညာရပ္မွ သက္ေသအ ေထာက္အထားျပဳ ေဆးပညာရပ္အျဖစ္သို႔ ေျပာင္းလဲတိုးတက္လာေစရန္ ပါေမာကၡ ေဒါက္တာေအးထြန္းက အသိေပးေျပာၾကားခဲ့သည္။

ထို႔ျပင္ ျပည္သူလူထု၏အဓိကက်န္းမာေရးျပႆနာမ်ားကို ျမန္မာ့တိုင္းရင္းေဆးပညာ၊ တိုင္းရင္းေဆးဝါးမ်ားျဖင့္ ထိေရာက္စြာ ကုသႏိုင္ေရးအတြက္ တိုင္းရင္းေဆးကုထုံးအသစ္ႏွင့္ ေဆးဝါးအသစ္မ်ား ေပၚထြက္လာေစေရးကိုလည္း ေဆာင္႐ြက္ရန္လိုေၾကာင္း သိရသည္။

ထို႔ျပင္ အႏၲရာယ္ကင္းရွင္း၍ အရည္အေသြးျမင့္မားသည့္ အစြမ္းထက္တိုင္းရင္းေဆးဝါးမ်ား ေပၚထြက္လာေစေရးအတြက္ တိုင္းရင္းေဆးသုေတသနလုပ္ငန္းမ်ား ပိုမိုတိုးခ်ဲ႕ေဆာင္႐ြက္ရန္ ၎ကေျပာၾကားထားသည္။

အလားတူ ကိုဗစ္-၁၉ ေရာဂါတြင္သာမက ရာသီတုပ္ေကြးေရာဂါမ်ားကိုလည္း သက္သာေပ်ာက္ကင္းေစႏိုင္သည့္ ျမန္မာ့တိုင္းရင္းေဆး ဝိသမအဖ်ားေပ်ာက္ေဆးကို တိုင္းရင္းေဆးပညာဦးစီးဌာနမွ အေျခခံသုေတသနႏွင့္ ေဆးလက္ေတြ႕သုေတသနတို႔ကို သိပၸံနည္းက်ျပဳလုပ္၍ ေဆးဝါးအျဖစ္ ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.