လျှပ်စစ် သုံးဘီးဆိုင်ကယ်များကို ဝယ်ယူသူမြင့်တက်နေ

 5752

NP News - ဩဂုတ် ၈

လျှပ်စစ် သုံးဘီးတစ်စီးလျှင် ငွေကျပ် သိန်း(၃ဝ)ဝန်းကျင်သာရှိခြင်းကြောင့် ဈေးကွက်အတွင်း၌ လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို ဝယ်ယူသူများပြားနေကြောင်းသိရသည်။

“အဓိကနယ်ဘက်တွေက အဝယ်များတယ် မီနီအိုးဝေ တစ်စီးကို သိန်းတစ်ရာကျော်နေတော့။ လျှပ်စစ်ဘီးတွေကိုစိတ်ဝင်စားလာကြတာပေါ့။ ပုဂံ၊မန္တလေး နဲ့ အထက်မြန်မာပြည်က ပိုဝယ်ကြတယ်။ ရန်ကုန်မှာတော့ ဆိုင်ကယ်မူဝါဒ တိတိကျကျမရှိလို့ အဝယ်နည်းတယ်။ ဒါတောင် တချို့မြို့နယ်တွေက ရန်ကုန်လိုင်စင်ရလားဆိုပြီးလာမေးနေတာတွေလည်းရှိပါတယ်"ဟု လျှပ်စစ်မော်တော်ယာဉ်တင်သွင်းရောင်းချသူတစ်ဦးက ပြောသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလမှ စတင်ကာ လျှပ်စစ်သုံးယာဉ်အမျိုးမျိုးကို တင်သွင်းခဲ့ရာ လက်ရှိအချိန်ထိ လျှပ်စစ်ကား ၅၇၉ စီး၊ လျှပ်စစ်သုံးဘီးယာဉ်နှင့် လျှပ်စစ်ဆိုင်ကယ် ၂၄၅၄ စီး၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ်အမျိုးမျိုး ၃၀၃၃ စီကို မှတ်ပုံတင်ခွင့်ပြုထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်တွင်း၌ လောင်စာဆီသုံး သုံးဘီးယာဉ်တစ်စီး၏ ပေါက်ဈေးသည် ကျပ်သိန်းတစ်ရာ့ငါးဆယ်ကျော် ပေါက်ဈေး ရှိနေပြီး လျှပ်စစ်သုံးဘီးယာဉ်သည် ကျပ်သိန်းသုံးဆယ်ကျော်သာရှိသဖြင့် မြို့နယ်အချို့တွင် သုံးဘီးပြေးဆွဲနေသည့်သူများက လျှပ်စစ်သုံးဘီးယာဉ်ကို စိတ်ဝင်စားကြကြောင်း သိရသည်။

zawgyi version
လွ်ပ္စစ္ သုံးဘီးဆိုင္ကယ္မ်ားကို ဝယ္ယူသူျမင့္တက္ေန
NP News - ဩဂုတ္ ၈

လွ်ပ္စစ္ သုံးဘီးတစ္စီးလွ်င္ ေငြက်ပ္ သိန္း(၃ဝ)ဝန္းက်င္သာရွိျခင္းေၾကာင့္ ေဈးကြက္အတြင္း၌ လွ်ပ္စစ္သုံးဘီးဆိုင္ကယ္မ်ားကို ဝယ္ယူသူမ်ားျပားေနေၾကာင္းသိရသည္။

“အဓိကနယ္ဘက္ေတြက အဝယ္မ်ားတယ္ မီနီအိုးေဝ တစ္စီးကို သိန္းတစ္ရာေက်ာ္ေနေတာ့။ လွ်ပ္စစ္ဘီးေတြကိုစိတ္ဝင္စားလာၾကတာေပါ့။ ပုဂံ၊မႏၲေလး နဲ႔ အထက္ျမန္မာျပည္က ပိုဝယ္ၾကတယ္။ ရန္ကုန္မွာေတာ့ ဆိုင္ကယ္မူဝါဒ တိတိက်က်မရွိလို႔ အဝယ္နည္းတယ္။ ဒါေတာင္ တခ်ိဳ႕ၿမိဳ႕နယ္ေတြက ရန္ကုန္လိုင္စင္ရလားဆိုၿပီးလာေမးေနတာေတြလည္းရွိပါတယ္"ဟု လွ်ပ္စစ္ေမာ္ေတာ္ယာဥ္တင္သြင္းေရာင္းခ်သူတစ္ဦးက ေျပာသည္။

အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ဦးေဆာင္ေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္ ၂၀၂၃ ခုႏွစ္၊ ဇန္ဝါရီလမွ စတင္ကာ လွ်ပ္စစ္သုံးယာဥ္အမ်ိဳးမ်ိဳးကို တင္သြင္းခဲ့ရာ လက္ရွိအခ်ိန္ထိ လွ်ပ္စစ္ကား ၅၇၉ စီး၊ လွ်ပ္စစ္သုံးဘီးယာဥ္ႏွင့္ လွ်ပ္စစ္ဆိုင္ကယ္ ၂၄၅၄ စီး၊ စုစုေပါင္း လွ်ပ္စစ္သုံးယာဥ္အမ်ိဳးမ်ိဳး ၃၀၃၃ စီကို မွတ္ပုံတင္ခြင့္ျပဳထားေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။

ျပည္တြင္း၌ ေလာင္စာဆီသုံး သုံးဘီးယာဥ္တစ္စီး၏ ေပါက္ေဈးသည္ က်ပ္သိန္းတစ္ရာ့ငါးဆယ္ေက်ာ္ ေပါက္ေဈး ရွိေနၿပီး လွ်ပ္စစ္သုံးဘီးယာဥ္သည္ က်ပ္သိန္းသုံးဆယ္ေက်ာ္သာရွိသျဖင့္ ၿမိဳ႕နယ္အခ်ိဳ႕တြင္ သုံးဘီးေျပးဆြဲေနသည့္သူမ်ားက လွ်ပ္စစ္သုံးဘီးယာဥ္ကို စိတ္ဝင္စားၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.