ထိုင်းဘုရင်၏ ကွဲကွာနေသော သားတော် ၂၇ နှစ်ကြာပြီးနောက် အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိ

12637

Htay Oung (NP News) - ဩဂုတ် ၉
လက်ရှိ ထိုင်းဘုရင်ရဲ့ ကွဲကွာနေတဲ့ ဒုတိယသားတော်က ဆယ်စုနှစ် သုံးခုနီးပါးအတွင်း ပထမဆုံးအကြိမ် အဖြစ် ဘန်ကောက်သို့ ပြန်လည်ရောက်ရှိလာခြင်းဟာ လူအများအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပြီး ထီးနန်း ဆက်ခံမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရတယ်လို့ Guardian က ယမန်နေ့ ရေးသားခဲ့ပါတယ်။
ဩဂုတ် ၆ ရက်၊ တနင်္ဂနွေနေ့ သုဝဏ္ဏဘူမိလေဆိပ်ကို နိမ့်ကျတဲ့သွင်ပြင်နဲ့ ဗာချာရတ်ဆွန်_ဝီရချာရာဝမ်ရဲ့ ရောက်ရှိ လာပုံဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်အသုံးပြုသူများအကြား အားပါးတရ ရှယ်ကြစရာဖြစ်ခဲ့ရပါတယ်။
လက်ရှိ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့အကြီးဆုံးသမီးတော်ဖြစ်သူ လဲပြိုကျပြီး ဆေးရုံတက်နေရတဲ့ ဒီဇင်ဘာလကတည်းက ဗာချာရတ်ဆွန် ရောက်ရှိလာခြင်းဟာ ထိုင်းတော်ဝင်မိသားစုအတွက် အခက်ကြုံနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ မင်းသမီး ဘက်ချရီခစ်တီယာဟာ_နာရင်ဒြာ_ဒီပါဗက်ဟာ ရောဂါပိုးကူးစက်ခံရပြီးနောက် ရောင်ရမ်းခြင်းကြောင့် ပြင်းထန် နှလုံးခုန် မမှန်ဝေဒနာကို ခံစားရတယ်လို့ ဇန်နဝါရီလမှာ ဘန်ကောက်နန်းတော်က ပြောပါတယ်။
ဒုတိယမြောက် ကြင်ယာတော်မှာ ဖွားမြင်သူ ထိုင်းဘုရင်ရဲ့ ဒုတိယမြောက် အကြီးဆုံး သားဖြစ်သူ အသက် ၄၂ နှစ် အရွယ် ဗာချာရတ်ဆွန်နဲ့ အသက် ၆၁ နှစ်အရွယ် မိခင် ဆူဂျာရင်နီတို့ဟာ ဘန်ကောက်မြို့တွင်း လှည့်လည်ခဲ့ကြပါ တယ်။ နန်းတော်၀င်းအတွင်းရှိ ၀တ်ကျောင်းတော်အပြင် မြို့လယ်ပိုင်း နတ်ဗိမာန်နဲ့ ဆင်းရဲနွမ်းပါးသူ မိသားစုများ အတွက် ကလေးထိန်းစင်တာကိုလည်း အလည်သွားရောက်ခဲ့ပါတယ်။
သူရောက်ရှိရာ နေရာတိုင်းမှာ နွေးထွေးစွာ ကြိုဆိုခြင်းခံခဲ့ရတယ်လို့ ဗာချာရတ်ဆွန်က ပြောပေမယ့် ဘန်ကောက် နန်းတော်ကတော့ ဘာမှတ်ချက်မှ မပေးပါဘူး။
သရုပ်ဆောင်ဟောင်း ဆူဂျာရင်နီဟာ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ လူသိရှင်ကြား စွပ်စွဲပြီး ကွာရှင်းလိုက် ကြောင်း လက်ရှိထိုင်းဘုရင် ထိုစဉ် အိမ်ရှေ့မင်းသားဖြစ်သူက ကြေညာပြီးနောက်ပိုင်း ဗာချာရတ်ဆွန်နဲ့ အဖေ အမေတူ ညီအစ်ကိုမောင်နှမ ၃ ဦးတို့ဟာ ၁၉၉ဝ ခုနှစ်များ အလယ်ပိုင်းကတည်းက နိုင်ငံရပ်ခြားမှာ နေထိုင်ခဲ့ကြပါ တယ်။ နောက်ပိုင်း သူ့ရဲ့ညီမတစ်ဦးကတော့ ဘန်ကောက်ကို ပြန်လာပြီး တော်ဝင်မိသားစုအသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ရှေ့နေတစ်ဦးဖြစ်လာသူ ဗာချာရတ်ဆွန်ဟာ တော်ဝင်ဘွဲ့ တရားဝင်အပ်နှင်းခံရခြင်း မရှိပါဘူး။
လက်ရှိ ဒဿမြောက် ရာမာဘုရင်ရဲ့ဘွဲ့အမည်ကို ရည်ညွှန်းပြီး (ရိုမန် ဂဏန်း X) ဟာ ဗာချာရတ်ဆွန် ပြန်လည် ရှိလာချိန်ကစပြီး Twitter လူမှုကွန်ရက်မှာ ခေတ်စားနေပါတယ်။ သူပြန်ရောက်ရှိလာတာကို အတော်များများက ကြိုဆိုခဲ့ကြပြီး အများပြည်သူနဲ့ တွေ့ထိဆက်ဆံတဲ့အခါ ဗာချာရတ်ဆွန်ရဲ့နှိမ့်ချတဲ့ အမူအရာအကြောင်းကို ပြောဆို နေကြပါတယ်။
ဒါပေမယ့် (တော်ဝင်ဝါဒဆန့်ကျင်ရေး) ဆန္ဒပြအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “သာလူ၀မ်” ကတော့ ဗာချာရတ်ဆွန် ပြန်လာခြင်း ကို ဂရုစိုက်နေမယ့်အစား ဘုရင်စနစ်ဖျက်သိမ်းရေးကို စိတ်၀င်စားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။ ၂ဝ၂ဝ ပြည့်ခုနှစ် ထိုင်းကျောင်းသားလူငယ်များဟာ သြဇာကြီး တော်ဝင်မိသားစုအပေါ် (အခွင့်အရေးနဲ့ အကာ အကွယ်ပေးရေးပြဋ္ဌာန်းချက်များကို) ပြန်လည်ပြင်ဆင်ဖို့အတွက် လူထု ဆန္ဒပြပွဲများမှာ ဦးဆောင်ခဲ့ကြပါတယ်။
တချို့တွေကလည်း ဗာချာရတ်ဆွန် စီးနင်းတဲ့ မော်တော်ကားနံပတ်ကို အသည်းအသန် သိချင်နေကြပြီနောက် တစ်ပတ် ချဲထိုးလိုက်ရင် ကံကောင်းပြီလို့ ကောက်ချက်ချနေကြပါတယ်။
မေလ ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရခဲ့တဲ့ MFP ပါတီခေါင်းဆောင်ဖြစ်သူကို ဝန်ကြီးချုပ် တင်မြောက်ရေးကို စစ်တပ်ခန့် အမတ်များချည့်ပါ၀င်တဲ့ အထက်လွှတ်တော်က တားဆီးတဲ့အတွက် ထိုင်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းဆိုက်နေချိန်မှာ ဗာချာရတ်ဆွန်က ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်။
ဘုရင်စနစ်ကို ဝေဖန်ပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်အောင် ထိုင်းနိုင်ငံရဲ့တင်းကျပ်တဲ့ “ဘုန်းတော် ကြီးမြတ်လှသော” ဥပဒေကိုပြောင်းလဲမယ့်အကြောင်း ကတိပြုထားတာကြောင့် MFP ပါတီကို အစိုးရအဖွဲ့ဝင် အဖြစ် ခွင့်မပြုနိုင်ဘူးလို့ အထက်လွှတ်တော်အမတ်များက ပြောနေပါတယ်။
ဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ “သံကွန်ခြာ” ဟာ ထိုင်းနိုင်ငံရေးမှာ အမှားအယွင်းအသစ်သဖွယ်ဖြစ် လာနေတဲ့ တော်ဝင်မိသားစုရဲ့ဂုဏ်ဒြပ်တွေအပေါ် ဂယက်ရိုက်လာရပါတယ်။ ဗာချာရတ်ဆွန် ရောက်လာချိန် ဘုရင်စနစ်အတွက် အကဲဆတ်ချိန်ဖြစ်နေပြီး ဆက်ခံသူဖြစ်လိမ့်မယ်လို့ အများထင်ကြေးပေးခံရသူ အသက် ၄၄ နှစ် အရွယ် မင်းသမီး ဘက်ချရီခစ်တီယာဟာကလည်း ဆေးရုံကုတင်ပေါ်မှာ ပက်လက်ဖြစ်နေပါတယ်။ ဇန်နဝါရီ ဘန်ကောက်နန်းတော် နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ မင်းသမီးဟာ သတိလစ်နေဆဲဖြစ်ပြီး ဆေးဝါးနဲ့ စက်ပစ္စည်းများရဲ့ အကူအညီနဲ့ နှလုံး-အဆုတ်-ကျောက်ကပ်အလုပ်လုပ်ဖို့ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
ဒါက (ထိုင်းဘုရင်စနစ်မှာ) တော်ဝင်ဆက်ခံသူ(အထိတောင်) အလားအလာရှိကြောင်း ဖွင့်ချပြလိုက်ခြင်းဖြစ် တယ်လို့ ကျိုတိုတက္ကသိုလ် အရှေ့တောင် အာရှလေ့လာရေးစင်တာမှ တွဲဖက်ပါမောက္ခတစ်ဦးက သုံးသပ်ပါတယ်။ ဗာချာရတ်ဆွန်ရဲ့ဘန်ကောက်ခရီးစဉ်တွေဟာ တော်ဝင်လှုပ်ရှားမှုများနဲ အလားသဏ္ဍာန်တူညီကြောင်း မှတ်ချက်ပြု ပါတယ်။
လူအများအမြင်မှာတော့ ဗာချာရတ်ဆွန်ကိုယ်တိုင်ရဲ့ ဖော်ရွေမှု၊ လွတ်လပ်စွာ ဓာတ်ပုံရိုက်ခွင့်ပြုထားပြီး လူအများ နဲ့ စကားပြောဆိုရာမှာ ပွင့်လင်းပုံတို့ကို မြင်နေရပါတယ်။ ဒါပေမယ့် ဗာချာရတ်ဆွန်ရဲ့ အနာဂတ်လမ်းကြောင်းကို ခန့်မှန်းဖို့ စောလွန်းနေသေးပြီး စစ်တပ်တို့လို ဘုရင်စနစ်နဲ့ လိုက်လျောညီထွေရှိသူများက (သူ့နေ ပုံထိုင်ပုံအပေါ်) ဘယ်လိုအကဲဖြတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိကြောင်း ပါမောက္ခက ဆိုပါတယ်။
ထပ်တူထပ်မျှ အရေးကြီးတဲ့မေးခွန်းကတော့ ဗာချာရတ်ဆွန်ဟာ ပြုပြင်ပြောင်းလဲရေးကို လိုလားသူ ဖြစ်-မဖြစ် ဒါမှမဟုတ် သဘောထားတင်းမာသူ ဟုတ်-မဟုတ်၊ ဘယ်လို ဦးတည်သွားမလဲ ဆိုတဲ့ကိစ္စဖြစ်ပြီး ဘယ်သူမှ မသိကြောင်း၊ ပြောဖို့ စောလွန်းနေတယ်လို့ မှတ်ချက်ပေးပါတယ်။
လက်ရှိ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းဟာ ငါးကြိမ် လက်ထပ်ခဲ့ဖူးပြီး သုံးကြိမ် ကွာရှင်းထားပါတယ်။ သားသမီး စုစုပေါင်း ၇ ဦးရှိပြီး၊ ချက္ကရီမင်းဆက် ဒဿမမြောက် ရာမာဘုရင်အဖြစ် ထီးနန်းသိမ်းပိုက်ခြင်း မတိုင်မီ သူ့ရဲ့သက်တော်စောင့်တစ်ဦးဖြစ်သူ စုသီတာကို မိဖုရားအဖြစ် တင်မြောက်ခဲ့ပါတယ်။
#ဗာချာရတ်ဆွန်_ဝီရချာရာ၀မ် #ထိုင်းဘုရင်_မဟာဝိဇယလောင်ကွန်း #MFP #ထိုင်းဘုရင်စနစ်
#မင်းသမီး_ဘက်ချရီခစ်တီယာဟာ_နာရင်ဒြာ_ဒီပါဗက်
(Guardian., 8 august 2023,” Thailand king’s estranged son makes surprise return after 27 years” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ထိုင္းဘုရင္၏ ကြဲကြာေနေသာ သားေတာ္ ၂၇ ႏွစ္ၾကာၿပီးေနာက္ အံ့အားသင့္ဖြယ္ ျပန္လည္ေရာက္ရွိ
Htay Oung (NP News) - ဩဂုတ္ ၉
လက္ရွိ ထိုင္းဘုရင္ရဲ႕ ကြဲကြာေနတဲ့ ဒုတိယသားေတာ္က ဆယ္စုႏွစ္ သုံးခုနီးပါးအတြင္း ပထမဆုံးအႀကိမ္ အျဖစ္ ဘန္ေကာက္သို႔ ျပန္လည္ေရာက္ရွိလာျခင္းဟာ လူအမ်ားအတြက္ အံ့အားသင့္စရာျဖစ္ခဲ့ရၿပီး ထီးနန္း ဆက္ခံမယ့္ အစီအစဥ္နဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ရတယ္လို႔ Guardian က ယမန္ေန႔ ေရးသားခဲ့ပါတယ္။
ဩဂုတ္ ၆ ရက္၊ တနဂၤေႏြေန႔ သုဝဏၰဘူမိေလဆိပ္ကို နိမ့္က်တဲ့သြင္ျပင္နဲ႔ ဗာခ်ာရတ္ဆြန္_ဝီရခ်ာရာဝမ္ရဲ႕ ေရာက္ရွိ လာပုံဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္အသုံးျပဳသူမ်ားအၾကား အားပါးတရ ရွယ္ၾကစရာျဖစ္ခဲ့ရပါတယ္။
လက္ရွိ ထိုင္းဘုရင္ မဟာဝိဇယေလာင္ကြန္းရဲ႕အႀကီးဆုံးသမီးေတာ္ျဖစ္သူ လဲၿပိဳက်ၿပီး ေဆး႐ုံတက္ေနရတဲ့ ဒီဇင္ဘာလကတည္းက ဗာခ်ာရတ္ဆြန္ ေရာက္ရွိလာျခင္းဟာ ထိုင္းေတာ္ဝင္မိသားစုအတြက္ အခက္ႀကဳံေနခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။ မင္းသမီး ဘက္ခ်ရီခစ္တီယာဟာ_နာရင္ျဒာ_ဒီပါဗက္ဟာ ေရာဂါပိုးကူးစက္ခံရၿပီးေနာက္ ေရာင္ရမ္းျခင္းေၾကာင့္ ျပင္းထန္ ႏွလုံးခုန္ မမွန္ေဝဒနာကို ခံစားရတယ္လို႔ ဇန္နဝါရီလမွာ ဘန္ေကာက္နန္းေတာ္က ေျပာပါတယ္။
ဒုတိယေျမာက္ ၾကင္ယာေတာ္မွာ ဖြားျမင္သူ ထိုင္းဘုရင္ရဲ႕ ဒုတိယေျမာက္ အႀကီးဆုံး သားျဖစ္သူ အသက္ ၄၂ ႏွစ္ အ႐ြယ္ ဗာခ်ာရတ္ဆြန္နဲ႔ အသက္ ၆၁ ႏွစ္အ႐ြယ္ မိခင္ ဆူဂ်ာရင္နီတို႔ဟာ ဘန္ေကာက္ၿမိဳ႕တြင္း လွည့္လည္ခဲ့ၾကပါ တယ္။ နန္းေတာ္၀င္းအတြင္းရွိ ၀တ္ေက်ာင္းေတာ္အျပင္ ၿမိဳ႕လယ္ပိုင္း နတ္ဗိမာန္နဲ႔ ဆင္းရဲႏြမ္းပါးသူ မိသားစုမ်ား အတြက္ ကေလးထိန္းစင္တာကိုလည္း အလည္သြားေရာက္ခဲ့ပါတယ္။
သူေရာက္ရွိရာ ေနရာတိုင္းမွာ ေႏြးေထြးစြာ ႀကိဳဆိုျခင္းခံခဲ့ရတယ္လို႔ ဗာခ်ာရတ္ဆြန္က ေျပာေပမယ့္ ဘန္ေကာက္ နန္းေတာ္ကေတာ့ ဘာမွတ္ခ်က္မွ မေပးပါဘူး။
သ႐ုပ္ေဆာင္ေဟာင္း ဆူဂ်ာရင္နီဟာ အိမ္ေထာင္ေရးေဖာက္ျပန္တယ္လို႔ လူသိရွင္ၾကား စြပ္စြဲၿပီး ကြာရွင္းလိုက္ ေၾကာင္း လက္ရွိထိုင္းဘုရင္ ထိုစဥ္ အိမ္ေရွ႕မင္းသားျဖစ္သူက ေၾကညာၿပီးေနာက္ပိုင္း ဗာခ်ာရတ္ဆြန္နဲ႔ အေဖ အေမတူ ညီအစ္ကိုေမာင္ႏွမ ၃ ဦးတို႔ဟာ ၁၉၉ဝ ခုႏွစ္မ်ား အလယ္ပိုင္းကတည္းက ႏိုင္ငံရပ္ျခားမွာ ေနထိုင္ခဲ့ၾကပါ တယ္။ ေနာက္ပိုင္း သူ႔ရဲ႕ညီမတစ္ဦးကေတာ့ ဘန္ေကာက္ကို ျပန္လာၿပီး ေတာ္ဝင္မိသားစုအသိုင္းအဝိုင္းမွာ ႀကီးျပင္းလာခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံမွာ ေရွ႕ေနတစ္ဦးျဖစ္လာသူ ဗာခ်ာရတ္ဆြန္ဟာ ေတာ္ဝင္ဘြဲ႕ တရားဝင္အပ္ႏွင္းခံရျခင္း မရွိပါဘူး။
လက္ရွိ ဒႆေျမာက္ ရာမာဘုရင္ရဲ႕ဘြဲ႕အမည္ကို ရည္ၫႊန္းၿပီး (႐ိုမန္ ဂဏန္း X) ဟာ ဗာခ်ာရတ္ဆြန္ ျပန္လည္ ရွိလာခ်ိန္ကစၿပီး Twitter လူမႈကြန္ရက္မွာ ေခတ္စားေနပါတယ္။ သူျပန္ေရာက္ရွိလာတာကို အေတာ္မ်ားမ်ားက ႀကိဳဆိုခဲ့ၾကၿပီး အမ်ားျပည္သူနဲ႔ ေတြ႕ထိဆက္ဆံတဲ့အခါ ဗာခ်ာရတ္ဆြန္ရဲ႕ႏွိမ့္ခ်တဲ့ အမူအရာအေၾကာင္းကို ေျပာဆို ေနၾကပါတယ္။
ဒါေပမယ့္ (ေတာ္ဝင္ဝါဒဆန္႔က်င္ေရး) ဆႏၵျပအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ “သာလူ၀မ္” ကေတာ့ ဗာခ်ာရတ္ဆြန္ ျပန္လာျခင္း ကို ဂ႐ုစိုက္ေနမယ့္အစား ဘုရင္စနစ္ဖ်က္သိမ္းေရးကို စိတ္၀င္စားတယ္လို႔ လူမႈကြန္ရက္မွာ ေရးသားပါတယ္။ ၂ဝ၂ဝ ျပည့္ခုႏွစ္ ထိုင္းေက်ာင္းသားလူငယ္မ်ားဟာ ၾသဇာႀကီး ေတာ္ဝင္မိသားစုအေပၚ (အခြင့္အေရးနဲ႔ အကာ အကြယ္ေပးေရးျပ႒ာန္းခ်က္မ်ားကို) ျပန္လည္ျပင္ဆင္ဖို႔အတြက္ လူထု ဆႏၵျပပြဲမ်ားမွာ ဦးေဆာင္ခဲ့ၾကပါတယ္။
တခ်ိဳ႕ေတြကလည္း ဗာခ်ာရတ္ဆြန္ စီးနင္းတဲ့ ေမာ္ေတာ္ကားနံပတ္ကို အသည္းအသန္ သိခ်င္ေနၾကၿပီေနာက္ တစ္ပတ္ ခ်ဲထိုးလိုက္ရင္ ကံေကာင္းၿပီလို႔ ေကာက္ခ်က္ခ်ေနၾကပါတယ္။
ေမလ ေ႐ြးေကာက္ပြဲမွာ အမတ္ေနရာအမ်ားဆုံးအႏိုင္ရခဲ့တဲ့ MFP ပါတီေခါင္းေဆာင္ျဖစ္သူကို ဝန္ႀကီးခ်ဳပ္ တင္ေျမာက္ေရးကို စစ္တပ္ခန႔္ အမတ္မ်ားခ်ည့္ပါ၀င္တဲ့ အထက္လႊတ္ေတာ္က တားဆီးတဲ့အတြက္ ထိုင္းႏိုင္ငံမွာ ႏိုင္ငံေရးအက်ပ္အတည္းဆိုက္ေနခ်ိန္မွာ ဗာခ်ာရတ္ဆြန္က ျပန္လည္ေရာက္ရွိလာျခင္းျဖစ္ပါတယ္။
ဘုရင္စနစ္ကို ေဝဖန္ပါက ေထာင္ဒဏ္ ၁၅ ႏွစ္အထိ ခ်မွတ္ႏိုင္ေအာင္ ထိုင္းႏိုင္ငံရဲ႕တင္းက်ပ္တဲ့ “ဘုန္းေတာ္ ႀကီးျမတ္လွေသာ” ဥပေဒကိုေျပာင္းလဲမယ့္အေၾကာင္း ကတိျပဳထားတာေၾကာင့္ MFP ပါတီကို အစိုးရအဖြဲ႕ဝင္ အျဖစ္ ခြင့္မျပဳႏိုင္ဘူးလို႔ အထက္လႊတ္ေတာ္အမတ္မ်ားက ေျပာေနပါတယ္။
ဘုရင္စနစ္ကို အကာအကြယ္ေပးထားတဲ့ “သံကြန္ျခာ” ဟာ ထိုင္းႏိုင္ငံေရးမွာ အမွားအယြင္းအသစ္သဖြယ္ျဖစ္ လာေနတဲ့ ေတာ္ဝင္မိသားစုရဲ႕ဂုဏ္ျဒပ္ေတြအေပၚ ဂယက္႐ိုက္လာရပါတယ္။ ဗာခ်ာရတ္ဆြန္ ေရာက္လာခ်ိန္ ဘုရင္စနစ္အတြက္ အကဲဆတ္ခ်ိန္ျဖစ္ေနၿပီး ဆက္ခံသူျဖစ္လိမ့္မယ္လို႔ အမ်ားထင္ေၾကးေပးခံရသူ အသက္ ၄၄ ႏွစ္ အ႐ြယ္ မင္းသမီး ဘက္ခ်ရီခစ္တီယာဟာကလည္း ေဆး႐ုံကုတင္ေပၚမွာ ပက္လက္ျဖစ္ေနပါတယ္။ ဇန္နဝါရီ ဘန္ေကာက္နန္းေတာ္ ေနာက္ဆုံးသတင္းထုတ္ျပန္ခ်က္အရ မင္းသမီးဟာ သတိလစ္ေနဆဲျဖစ္ၿပီး ေဆးဝါးနဲ႔ စက္ပစၥည္းမ်ားရဲ႕ အကူအညီနဲ႔ ႏွလုံး-အဆုတ္-ေက်ာက္ကပ္အလုပ္လုပ္ဖို႔ ႀကိဳးစားေနရတယ္လို႔ ဆိုပါတယ္။
ဒါက (ထိုင္းဘုရင္စနစ္မွာ) ေတာ္ဝင္ဆက္ခံသူ(အထိေတာင္) အလားအလာရွိေၾကာင္း ဖြင့္ခ်ျပလိုက္ျခင္းျဖစ္ တယ္လို႔ က်ိဳတိုတကၠသိုလ္ အေရွ႕ေတာင္ အာရွေလ့လာေရးစင္တာမွ တြဲဖက္ပါေမာကၡတစ္ဦးက သုံးသပ္ပါတယ္။ ဗာခ်ာရတ္ဆြန္ရဲ႕ဘန္ေကာက္ခရီးစဥ္ေတြဟာ ေတာ္ဝင္လႈပ္ရွားမႈမ်ားနဲ အလားသ႑ာန္တူညီေၾကာင္း မွတ္ခ်က္ျပဳ ပါတယ္။
လူအမ်ားအျမင္မွာေတာ့ ဗာခ်ာရတ္ဆြန္ကိုယ္တိုင္ရဲ႕ ေဖာ္ေ႐ြမႈ၊ လြတ္လပ္စြာ ဓာတ္ပုံ႐ိုက္ခြင့္ျပဳထားၿပီး လူအမ်ား နဲ႔ စကားေျပာဆိုရာမွာ ပြင့္လင္းပုံတို႔ကို ျမင္ေနရပါတယ္။ ဒါေပမယ့္ ဗာခ်ာရတ္ဆြန္ရဲ႕ အနာဂတ္လမ္းေၾကာင္းကို ခန႔္မွန္းဖို႔ ေစာလြန္းေနေသးၿပီး စစ္တပ္တို႔လို ဘုရင္စနစ္နဲ႔ လိုက္ေလ်ာညီေထြရွိသူမ်ားက (သူ႔ေန ပုံထိုင္ပုံအေပၚ) ဘယ္လိုအကဲျဖတ္တယ္ဆိုတာ ရွင္းရွင္းလင္းလင္း မရွိေၾကာင္း ပါေမာကၡက ဆိုပါတယ္။
ထပ္တူထပ္မွ် အေရးႀကီးတဲ့ေမးခြန္းကေတာ့ ဗာခ်ာရတ္ဆြန္ဟာ ျပဳျပင္ေျပာင္းလဲေရးကို လိုလားသူ ျဖစ္-မျဖစ္ ဒါမွမဟုတ္ သေဘာထားတင္းမာသူ ဟုတ္-မဟုတ္၊ ဘယ္လို ဦးတည္သြားမလဲ ဆိုတဲ့ကိစၥျဖစ္ၿပီး ဘယ္သူမွ မသိေၾကာင္း၊ ေျပာဖို႔ ေစာလြန္းေနတယ္လို႔ မွတ္ခ်က္ေပးပါတယ္။
လက္ရွိ ထိုင္းဘုရင္ မဟာဝိဇယေလာင္ကြန္းဟာ ငါးႀကိမ္ လက္ထပ္ခဲ့ဖူးၿပီး သုံးႀကိမ္ ကြာရွင္းထားပါတယ္။ သားသမီး စုစုေပါင္း ၇ ဦးရွိၿပီး၊ ခ်ကၠရီမင္းဆက္ ဒႆမေျမာက္ ရာမာဘုရင္အျဖစ္ ထီးနန္းသိမ္းပိုက္ျခင္း မတိုင္မီ သူ႔ရဲ႕သက္ေတာ္ေစာင့္တစ္ဦးျဖစ္သူ စုသီတာကို မိဖုရားအျဖစ္ တင္ေျမာက္ခဲ့ပါတယ္။
#ဗာခ်ာရတ္ဆြန္_ဝီရခ်ာရာ၀မ္ #ထိုင္းဘုရင္_မဟာဝိဇယေလာင္ကြန္း #MFP #ထိုင္းဘုရင္စနစ္
#မင္းသမီး_ဘက္ခ်ရီခစ္တီယာဟာ_နာရင္ျဒာ_ဒီပါဗက္
(Guardian., 8 august 2023,” Thailand king’s estranged son makes surprise return after 27 years” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)