၂၀၁၇ ခုနှစ် ထိုင်းအခြေခံဥပဒေနှင့် ဝန်ကြီးချုပ်ရွေးချယ်ရေးပြဿနာ (ဘာသာပြန်ဆောင်းပါး)

 954

ရဲထွန်း (သီပေါ) (NP News) - ဩဂုတ် ၉

ထိုင်းနိုင်ငံ၏ လက်ရှိအခြေခံဥပဒေကို ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၁၉၃၂ ခုနှစ်က သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပယ်ဖျက်လိုက်ပြီးသည့်နောက် ရေးဆွဲခဲ့သော ပဋိညာဉ်နှင့် အခြေခံဥပဒေ ပေါင်း ၂၀ အနက် နောက်ဆုံးရေးဆွဲအတည်ပြုကျင့်သုံးနေသော အခြေခံဥပဒေဖြစ်သည်။

၂၀၁၄ ခုနှစ် မေလ ၂၀ ရက်က အာဏာသိမ်းခဲ့သော ထိုင်းစစ်တပ်၏ ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီ the National Council for Peace and Order (NCPO) က ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်တွင် အခြေခံဥပဒေမူကြမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၇ ရက် မတိုင်မီကာလတွင် ထိုင်းတပ်မတော်က “အောက်ခြေ သတင်းဖြန့်ချီရေးလှုပ်ရှားမှု” ဆိုသည်ကို ဆောင် ရွက်ခဲ့သည်။ အခြေခံဥပဒေနှင့်ပတ်သက်သော အဆိုးအကောင်းကို ပြည်သူလူထုအကြား ဆွေးနွေးဝေဖန် ခွင့်မပြုပေ။ စစ်အစိုးရ၏ ဥပဒေအရ “ မမှန်မကန် ပြောဆိုခြင်း၊ အကြမ်းဖက်ခြင်း၊ ရန်စခြင်း၊ သွေးထိုးလှုံ့ ဆော်ခြင်း သို့မဟုတ် ခြိမ်းခြောက်ပြောဆိုခြင်းတို့ဖြင့် မဲဆန္ဒရှင်များကို မဲမပေးရန် သို့မဟုတ် ထူးထူး ဆန်းဆန်းတနည်းနည်းဖြင့် မဲပေးရန် လှုံ့ဆော်ဝါဒဖြန့်သူသည် ထောင်ဒဏ် ၁၀ နှစ်အပြစ်ပေးခြင်းနှင့် ဘတ် ၂ သိန်း အထိဒဏ်တပ်ခံရနိုင်” ပေသည်။ ဤသို့ဖြင့် စာမျက်နှာ ၁၀၅ မျက်နှာ၊ ပုဒ်မပေါင်း ၂၈၉ ခုပါဝင်သော ထိုင်းအခြေခံဥပဒေသစ်ကို ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်တွင် ထိုင်းတစ်နိုင်ငံ လုံးမှမဲပေးခွင့်ရှိသူအားလုံး၏ ၅၉.၄ ရာခိုင်နှုန်းကလာရောက်မဲပေးကြရာ၊ မဲပေးသူအားလုံး၏ ၆၁.၄ ရာခိုင်နှုန်း၏ ထောက်ခံမဲဖြင့် အခြေခံဥပဒေကို အတည်ပြုခဲ့သည်။

လွှတ်တော်နှစ်ရပ်ပါဝင်သော ပါလီမန်
အခြေခံဥပဒေအရ ပါလီမန်ကို လွှတ်တော်နှစ်ရပ်ဖြင့်ဖွဲ့စည်းထားသည်။ ရွေးချယ်ခန့်အပ်ခံအဖွဲ့ဝင် ၂၅၀ ပါဝင်သောအထက်လွှတ်တော်နှင့် အဖွဲ့ဝင် ၅၀၀ ပါဝင်သော အောက်လွှတ်တော်တို့ဖြစ်သည်။ အောက်လွှတ်တော်အဖွဲ့ဝင် အမတ် ၅၀၀ တွင် ၃၅၀ ကို FPTP (မဲအများဆုံးရသူအနိုင်ရစနစ်)ဖြင့် ရွေးကောက်တင်မြှောက်ပြီး ကျန် ၁၅၀ ကို ပါတီလိုက်ရရှိသည့် မဲစာရင်းအရ အချိုးကျ Party list PR စနစ်ဖြစ်ရွေးချယ်သည်။

ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီ the National Council for Peace and Order (NCPO) က အထက်လွှတ်တော်အမတ်များရွေးချယ်ရေးအဖွဲ့ကို ခန့်အပ်နိုင်သည်။ ထိုအဖွဲ့တွင် အဖွဲ့ဝင် ၈ ဦးမှ ၁၀ ဦးအထိ ပါဝင်နိုင်ပါသည်။ ပါတီစွဲကင်းသော တစ်သီးပုဂ္ဂလအထက်လွှတ်တော်အမတ် ၂၅၀ ကို ရွေးချယ်ရာတွင် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ရဲတပ်ဖွဲ့အကြီး အကဲများအပြင် တပ်မတော် စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဌာန အမြဲတန်းအတွင်းဝန်စသည့် ပုဂ္ဂိုလ် ၆ ဦးတို့မုချပါဝင်မည်။ လွှတ်တော်နှစ်ရပ်ပါဝင်သော ပါလီမန်က အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်သော ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ သို့မဟုတ် နိုင်ငံ‌ရေးသမားမဟုတ်သူ တစ်ဦးဦးကိုလည်း ရွေးချယ်နိုင်သည်။

ယခင် အခြေခံဥပဒေ အဟောင်းများနှင့်မတူဘဲ ၂၀၁၇ ခုနှစ် အခြေခံဥပဒေက ဝန်ကြီးချုပ် လောင်းလျာသည် ပါလီမန်အဖွဲ့ဝင်တစ်ယောက်ဖြစ်ရမည်ဟု မတောင်းဆိုပါ။ ဝန်ကြီးချုပ်လောင်းကို အမည်စာရင်းတင်သွင်းရာတွင် နိုင်ငံရေးပါတီတစ်ခုသည် ကိုယ်စားလှယ်လောင်း ၃ ယောက်အထိ တင်သွင်းနိုင်သည်။ နိုင်ငံရေးပါတီတစ်ခုသည် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၅ နေရာ သို့မဟုတ် အမတ်နေရာ ၅၀၀ ၏ ၅ ရာခိုင်နှုန်းကိုရရှိရမည့်အပြင် အောက်လွှတ်တော် အမတ် ၁၀ ပုံတပုံ (၅၀ ယောက်) ကထောက်ခံပါမှ ထိုပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခွင့်ရှိသည်။

နိုင်ငံရေးပါတီများမှတင်သွင်းသည့် အဆိုပါဝန်ကြီးချုပ်လောင်း ကိုယ်စားလှယ်များထဲမှ တစ်ယောက်ကို အောက်လွှတ်တော်က မဲခွဲရွေးချယ်ပေးရမည်။ အောက်လွှတ်တော်၏ အများစုထောက်ခံမဲရရှိသူကို အထက်လွှတ်တော်ကလည်း အများစုထောက်ခံမဲပေးမှသာ ဝန်ကြီးချုပ် ဖြစ်လိမ့်မည်။

အကယ်၍ မည်သည့်ဝန်ကြီးချုပ်လောင်းကမျှ လွှတ်တော်နှစ်ရပ်လုံး၏ အများစုထောက်ခံမှုကို မရခဲ့ သဖြင့် အစိုးရမဖွဲ့စည်းနိုင်ဖြစ်ခဲ့လျှင် ကြားဖြတ်ကာလ အပိုဒ်ငယ် ပြဋ္ဌာန်းချက်အရ ပါလီမန်က လွှတ် တော်ကိုယ်စားလှယ်မဟုတ်သူ တစ်ယောက်ယောက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းရန် စဉ်းစားဆုံးဖြတ်ခွင့်ရှိသည်။ ဤပြဿနာကြုံကြိုက်လာပါက ပါလီမန်သို့ တက်ရောက်လာ သော အမတ်အားလုံး၏ ၃ ပုံ ၂ ပုံ ထောက်ခံမဲဖြင့် ဝန်ကြီးချုပ်သည် နိုင်ငံရေးပါတီမှတင်မြှောက်သော ကိုယ်စားလှယ်ဖြစ်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်ကို ဆိုင်းငံ့ထားနိုင်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မေလက ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲအပြီးတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ပူးတွဲကျင်းပသော ပါလီမန်အစည်းအဝေးတွင် ဝန်ကြီးချုပ်ကိုရွေးချယ်ရန် မဲပေးခဲ့သည်။ ဤသည်မှာ အထက်လွှတ်တော်အနေဖြင့် ၂၀၁၉ ခုနှစ်မေလ ၂၄ ရက်ကစတင်ခဲ့သော ပထမအကြိမ် လွှတ်တော်အစည်းအဝေးအပြီး ၅ နှစ်အတွင်း သက်တမ်းကုန်ဆုံးတော့မည့် အခွင့်အရေးကို နောက်ဆုံးကျင့်သုံးခြင်းလည်း ဖြစ်နိုင်ပါသည်။

၃၀ ယောက်မြောက်ဝန်ကြီးချုပ်
မကြာမီ အရွေးချယ်ခံရတော့မည့် ထိုင်းဝန်ကြီးချုပ်သည် အယောက် ၃၀ မြောက်ဝန်ကြီးချုပ်ဖြစ်ပါ လိမ့်မည်။ အကယ်၍ ပရာရွတ်က ပြန်လည်အရွေးခံပြီး ဝန်ကြီးချုပ်ဖြစ်လာလျှင်တော့ ၂၉ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ်သာ မှတ်တမ်းဝင်ပါမည်။ သို့သော် လွန်ခဲ့သည့် စက်တင်ဘာလ အခြေခံဥပဒေဆိုင်ရာခုံရုံးဆုံးဖြတ်ချက်အရ သူသည် ၂၀၂၅ ခုနှစ် ဧပြီလအထိသာ တာဝန် ထမ်းဆောင်နိုင်ပါသည်။ ခုံရုံးဆုံးဖြတ်ချက်တွင် ပရာရွတ်ထမ်းဆောင်ရမည့် ၈ နှစ်သက်တမ်းကို အခြေခံဥပဒေစတင်သက်ဝင်သည့် ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်‌မှ စတင်ရမည်ဟုပါရှိသည်။ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပရာရွတ် အမှန်တကယ်တာဝန်ယူခဲ့သောကာလမှာ ၂၀၁၇ ခုနှစ်အခြေခံဥပဒေ ပေါ်ထွက်မလာသေးသည့် ၂၀၁၄ ခုနှစ် သြဂုတ်လက စတင်ခဲ့သဖြင့် သူတာဝန်ယူခဲ့သော သက်တမ်းမှာ ယခုအခါ ၈ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ စစ်တပ်က အာဏာသိမ်းအပြီး ၃ လအကြာတွင် စတင် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ အထွေထွေရွေးကောက်ပွဲအပြီးတွင် လွှတ်တော်နှစ်ရပ်၏ အများစုထောက်ခံမဲ ဖြင့် ပရာရွတ် ဝန်ကြီးချုပ်အဖြစ်ဆက်လက်တာဝန်ပေးအပ်ခြင်းခံရသည်။

ပရာရွတ်အနေဖြင့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဆိုလျှင် နိုင်ငံ၏ ထိပ်ဆုံးရာထူးကို စုစုပေါင်း ၁၀ နှစ်ကျော်တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါလိမ့်မည်။ ထိုင်းနိုင်ငံ သမိုင်းတွင် ဖီးမာရှယ် ဖလက်ဖီးဘွန်ဆုမ်ခရမ် Field Marshal Plaek Phibunsongkhram က ၁၅ နှစ်နှင့် ၁၁ လ၊ ဖီးမာရှယ် ထနွန် ကစ်တီကာချွန် Field Marshal Thanom Kittikachorn က ၁၀ နှစ်နှင့် ၆ လ နိုင်ငံ၏ ထိပ်ဆုံးခေါင်းဆောင် တာဝန်ယူခဲ့ကြောင်း တွေ့ရှိရပါသည်။

မေလ အထွေထွေရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ်ရွေးချယ်ရေး ပြဿနာ
Move Forward ရှေ့သို့ချီပါတီသည် မေလ ၁၄ ရက်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် နေရာအများဆုံးအနိုင်ရခဲ့ပြီး အစိုးရဖွဲ့စည်းနိုင်ရန် တခြားနိုင်ငံရေးပါတီ ၇ ပါတီနှင့် ပူးပေါင်းကာ မဟာမိတ်ဖွဲ့ခဲ့ပါသည်။

ဤမဟာမိတ်အဖွဲ့က အောက်လွှတ်တော် အမတ်နေရာ ၃၁၂ နေရာရရှိထားသဖြင့် အဖွဲ့ဝင် ၅၀၀ ပါဝင်သည့်အောက်လွှတ်တော်တွင် အများစုဖြစ်သည်။ စစ်တပ်ကခန့်အပ်ထားသော အထက်လွှတ်တော် အမတ် ရွေးချယ်ရေးအဖွဲ့က စေလွှတ်သည့် အထက်လွှတ်တော်အမတ်များမှာ ၂၅၀ ရှိသည်။ လွှတ်တော်နှစ်ရပ်ပေါင်း ပါလီမန်အစည်းအဝေးတွင် ဝန်ကြီးချုပ်ရွေးချယ်သည့်အခါ ထောက်ခံမဲ ၃၇၆ မဲလိုအပ်သဖြင့် အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီအမတ်အချို့ သို့မဟုတ် အထက်လွှတ်တော်အမတ်အချို့တို့၏ ထောက်ခံမဲ ၆၄ မဲလိုအပ်ပါသည်။

ဇူ0လိုင်လပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ရှေ့သို့ချီပါတီခေါင်းဆောင် အသက် ၄၂ နှစ်ရှိ၊ ဟားဗတ်တက္ကသိုလ်ထွက် ပီတလင်ဂျာရွန်းရတ် Pita Limjaroenrat က အထက်လွှတ်တော်အမတ် ၁၃ ယောက်၏ ထောက်ခံမဲသာရခဲ့သဖြင့် မဲ ၅၀ ကျော်လိုအပ်ခဲ့ပါသည်။ အတိုက်အခံ ကွန်ဆာဗေးတစ် အမတ်များက ပီတပါတီ၏ ထိုင်းဘုရင်စနစ်ကိုဝေဖန်ခွင့်မရှိသည့် ဥပဒေကို ပြင်ဆင်မည်ဆိုသည့် ကတိပြုထားချက်ကြောင့် ပီတကို မထောက်ခံကြခြင်းဖြစ်သည်ဟု ဆိုပါသည်။

နောက်တစ်ပတ်အကြာတွင် ရှေ့သို့ချီပါတီက ပီတကို ဝန်ကြီးချုပ်တင်မြှောက်ရန် ဒုတိယအကြိမ်မဲခွဲရန် ကြိုးပမ်းရာ၊ ပါလီမန်က ခွင့်မပြုရန် ဆန့်ကျင်ဆုံးဖြတ်ခဲ့သည်။ ဤသို့ဆန့်ကျင်ခြင်းမှာ အခြေခံဥပဒေနှင့် ညီမညီ ခုံရုံးက သုံးသပ်ဆုံးဖြတ်ပေးပါရန် Move Forward Party ရှေ့သို့ချီပါတီက တင်လျှောက်ခဲ့ပါသည်။

သို့ဖြစ်၍ အဆိုပါအမှုကို သုံးသပ်ဆုံးဖြတ်ရန်အတွက်၊ ဝန်ကြီးချုပ် မဲပေးရွေးချယ်ရေး ဒုတိယအကြိမ် ပြုလုပ်မည့် ထိုင်းပါလီမန်ကို ခေတ္တရပ်ဆိုင်းထားပါသည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ ဝမ်မိုဟာမက် နူးမာသာ Speaker Wan Muhamad Noor Matha က၊ ဒုတိယအကြိမ် ဝန်ကြီးချုပ်မဲပေးရွေးချယ်မှုကို အခြေခံဥပဒေဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှသာ ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ဆိုပါသည်။ ခုံရုံး၏ ဆုံးဖြတ်မှာ သြဂုတ်လ ၁၆ ရက်နေ့မှသာ ထွက်လာပါလိမ့်မည်။

မဟာမိတ်ဖွဲ့မှု အပြောင်းအလဲ
ထိုသို့ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေသည့် အခြေအနေတွင် အောက်လွှတ်တော်မှ ဒုတိယ အကြီး ဆုံးပါတီဖြစ်သည့် ဖြူထိုင်းပါတီ (ထိုင်းတို့အတွက်ပါတီ) က သြဂုတ်လ ၂ ရက်တွင် သူတို့ပါတီအနေဖြင့် ရှေ့သို့ချီပါတီမပါဘဲ အစိုးရဖွဲ့စည်းနိုင်ရေးကြိုးပမ်းမည်ဟု ကြေညာပါသည်။ ဤသည်မှာ ဖြူထိုင်းပါတီ အနေဖြင့် ရှေ့သို့ချီပါတီနှင့် မဟာမိတ်လက်တွဲဖြုတ်မည်ဟု ဆိုခြင်းဖြစ်သည်။ ဖြူထိုင်းပါတီမှာ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာ ဝပ်ထရာ၏ အငယ်ဆုံးသမီး ပေတုံတန် ရှီနာဝပ်ထရာ ခေါင်းဆောင်သောပါတီဖြစ်သည်။

ဖြူထိုင်းပါတီခေါင်းဆောင် ချွန်လနန် ဆရီကောက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာမှာ အခြားနိုင်ငံရေးပါတီများနှင့် အထက်လွှတ်တော်အမတ်များနှင့် ဆွေးနွေးတိုင်ပင်ကြည့်ရာတွင် ရှေ့သို့ချီပါတီ၏ ဘုရင်စနစ်ဆန့်ကျင်သည့် သဘောထားက ဝန်ကြီးချုပ်ရွေးချယ်ရေးတွင် ထောက်ခံမဲအလုံအလောက်ရရှိရန် အဓိက အဟန့်အတားဖြစ်နေကြောင်း၊ ထို့ကြောင့် ဖြူထိုင်းပါတီအနေဖြင့် ရှေ့သို့ချီပါတီနှင့် လက်တွဲဖြုတ်ကာ အောက်လွှတ်တော်တွင် တတိယအကြီးဆုံး ကွန်ဆာဗေးတစ် ပါတီဖြစ်သည့် ဖွန်ချထိုင်း Bhumjaithai ပါတီနှင့် လက်တွဲ ခဲ့ပါသည်။ ဖွန်ချထိုင်းပါတီမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်က စတင်တည်ထောင်ခဲ့သောပါတီဖြစ်ပြီး De facto leader Newin Chidchob လက်တွေ့ဦးဆောင်နေသူမှာ နေဝင်း ချစ်ချော့ဘ် ဆိုသူဖြစ်သည်။ မြန်မာနိုင်ငံ၏ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းကို အစွဲပြု၍ ၎င်း၏ဖခင်ကပေးခဲ့သောအမည်ဖြစ်သည်။ ဖခင်မှာ လွှတ်တော် ဥက္ကဋ္ဌဟောင်း ချိုင်းချစ်ချော့ဘ် Chai Chidchob ဆိုသည့် ခမာ-တရုတ် သွေးပါသည့် ကမ္ဘောဒီးယား နွယ်ဖွား ထိုင်းလူမျိုးဖြစ်သည်။

ဖွေထိုင်းပါတီက နောက်တစ်ကြိမ်ကျင်းပသည့် ဝန်ကြီးချုပ်ရွေးပွဲတွင် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဆရက်သာ သဗီဆင်ကို အမည်စာရင်းတင်သွင်းမည်ဟုဆိုပါသည်။

ဝန်ကြီးချုပ်ရွေးချယ်ရေးတွင် အထက်၌ဖော်ပြထားသကဲ့သို့ နိုင်ငံရေးလွန်ဆွဲပွဲများဖြင့် မသေချာ မရေရာဖြစ်နေသည့်တပြိုင်နက်တွင် ရှေ့သို့ချီပါတီခေါင်းဆောင် ပီတက မီဒီယာကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ ပိုင်ဆိုင်ထားသဖြင့် ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်ခဲ့ကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တိုင်ကြားထားသည့် အမှုလည်း ရှိနေပါသည်။ ထိုအမှုနှင့်ပတ်သက်၍ ခုံရုံးက ကြားနာစစ်ဆေး နေချိန်တွင် ပီတကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းထားမည်ဖြစ်သဖြင့် မဲပေးခွင့်လည်းမရှိပါ။

နောက်ထပ် ထူးခြားသည့်ဖြစ်စဉ်တစ်ခုမှာ ၁၅ နှစ်ကြာ ပြည်ပြေးဖြစ်နေခဲ့သော ထိုင်းဝန်ကြီးချုပ်‌ဟောင်း သက်ဆင်ရှီနာဝပ်ထရာက သြဂုတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာတော့ မည်ဖြစ်ကြောင်း ၎င်း၏ အငယ်ဆုံးသမီး ပေတုံတန် ရှီနာဝပ်ထရာက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

နှစ်ကြိမ်တိုင်တိုင်ရွေးချယ်တင်မြှောက်ခံခဲ့ရဖူးသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်သည်။ သူ့ကို ၂၀၀၆ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းကာ ဖြုတ်ချခဲ့သည်။ သူ့အပေါ်အကျင့်ပျက်ချစားမှုဖြင့် တရားစွဲဆိုချမှတ်သည့် ထောင်ဒဏ်မှ ရှောင်ရှားရန် ၂၀၀၈ ခုနှစ်တွင် ယူအေအီးနိုင်ငံ ဒူဘိုင်းသို့ သွားရောက်နေထိုင်ခဲ့သည်။ သူ့အပေါ်စွဲဆိုသည့် အမှုမှာ နိုင်ငံရေးအရ တိုက်ခိုက်မှုသက်သက်ဟု သူကဆိုပါသည်။
သက်ဆင်၏ အငယ်ဆုံးသမီး ပေတုံတန်က “ ကျွန်မ ဘယ်လိုရေးရမလဲဆိုတာတောင် မယုံနိုင်လောက် အောင်ဖြစ်နေပါတယ်။ ဖေဖေက သြဂုတ်လ ၁၀ ရက်ဆိုရင် ဒွန်မောင်းလေဆိပ်ကို ပြန်လာတော့မှာလေ” ဟု သူမ၏ ဖေ့စ်ဘုတ်ပိတ်ဂျ်တွင် ရေးတင်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်ထိုင်းအခြေခံဥပဒေအရ အောက်လွှတ်တော်အတွင်း အမတ်နေရာအများဆုံး အနိုင်ရသည့် ပါတီက အစိုးရမဖွဲ့နိုင်ဘဲ၊ မည်သည့်ပါတီ သို့မဟုတ် မည်သည့်ပြင်ပ ပုဂ္ဂိုလ် တစ်ယောက်ယောက်က ဝန်ကြီးချုပ်ဖြစ်လာလေမည်လဲ ဆိုသည့် ကိစ္စမှာ စိတ်ဝင်တစားစောင့်ကြည့် ရမည့် အကြောင်းအရာတစ်ခုဖြစ်ပါသည်။

ကိုးကား - Constitution of Thailand by Wikipedia
- Thai court suspends Pita as MP as parliament votes on new premier
- Thailand's Pheu Thai forms new coalition with third-largest party

zawgyi version
၂၀၁၇ ခုႏွစ္ ထိုင္းအေျခခံဥပေဒႏွင့္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ေရးျပႆနာ (ဘာသာျပန္ေဆာင္းပါး)

ရဲထြန္း (သီေပါ) (NP News) - ဩဂုတ္ ၉

ထိုင္းႏိုင္ငံ၏ လက္ရွိအေျခခံဥပေဒကို ၂၀၁၇ ခုႏွစ္တြင္ အတည္ျပဳျပ႒ာန္းခဲ့သည္။ ၁၉၃၂ ခုႏွစ္က သက္ဦးဆံပိုင္ဘုရင္စနစ္ကို ပယ္ဖ်က္လိုက္ၿပီးသည့္ေနာက္ ေရးဆြဲခဲ့ေသာ ပဋိညာဥ္ႏွင့္ အေျခခံဥပေဒ ေပါင္း ၂၀ အနက္ ေနာက္ဆုံးေရးဆြဲအတည္ျပဳက်င့္သုံးေနေသာ အေျခခံဥပေဒျဖစ္သည္။

၂၀၁၄ ခုႏွစ္ ေမလ ၂၀ ရက္က အာဏာသိမ္းခဲ့ေသာ ထိုင္းစစ္တပ္၏ ၿငိမ္ဝပ္ပိျပားေရး အမ်ိဳးသားေကာင္စီ the National Council for Peace and Order (NCPO) က ၂၀၁၆ ခုႏွစ္ မတ္လ ၂၉ ရက္တြင္ အေျခခံဥပေဒမူၾကမ္းကို ထုတ္ျပန္ေၾကညာခဲ့သည္။ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၇ ရက္ မတိုင္မီကာလတြင္ ထိုင္းတပ္မေတာ္က “ေအာက္ေျခ သတင္းျဖန႔္ခ်ီေရးလႈပ္ရွားမႈ” ဆိုသည္ကို ေဆာင္ ႐ြက္ခဲ့သည္။ အေျခခံဥပေဒႏွင့္ပတ္သက္ေသာ အဆိုးအေကာင္းကို ျပည္သူလူထုအၾကား ေဆြးေႏြးေဝဖန္ ခြင့္မျပဳေပ။ စစ္အစိုးရ၏ ဥပေဒအရ “ မမွန္မကန္ ေျပာဆိုျခင္း၊ အၾကမ္းဖက္ျခင္း၊ ရန္စျခင္း၊ ေသြးထိုးလႈံ႕ ေဆာ္ျခင္း သို႔မဟုတ္ ၿခိမ္းေျခာက္ေျပာဆိုျခင္းတို႔ျဖင့္ မဲဆႏၵရွင္မ်ားကို မဲမေပးရန္ သို႔မဟုတ္ ထူးထူး ဆန္းဆန္းတနည္းနည္းျဖင့္ မဲေပးရန္ လႈံ႕ေဆာ္ဝါဒျဖန႔္သူသည္ ေထာင္ဒဏ္ ၁၀ ႏွစ္အျပစ္ေပးျခင္းႏွင့္ ဘတ္ ၂ သိန္း အထိဒဏ္တပ္ခံရႏိုင္” ေပသည္။ ဤသို႔ျဖင့္ စာမ်က္ႏွာ ၁၀၅ မ်က္ႏွာ၊ ပုဒ္မေပါင္း ၂၈၉ ခုပါဝင္ေသာ ထိုင္းအေျခခံဥပေဒသစ္ကို ၂၀၁၇ ခုႏွစ္ ဧၿပီလ ၆ ရက္တြင္ ထိုင္းတစ္ႏိုင္ငံ လုံးမွမဲေပးခြင့္ရွိသူအားလုံး၏ ၅၉.၄ ရာခိုင္ႏႈန္းကလာေရာက္မဲေပးၾကရာ၊ မဲေပးသူအားလုံး၏ ၆၁.၄ ရာခိုင္ႏႈန္း၏ ေထာက္ခံမဲျဖင့္ အေျခခံဥပေဒကို အတည္ျပဳခဲ့သည္။

လႊတ္ေတာ္ႏွစ္ရပ္ပါဝင္ေသာ ပါလီမန္
အေျခခံဥပေဒအရ ပါလီမန္ကို လႊတ္ေတာ္ႏွစ္ရပ္ျဖင့္ဖြဲ႕စည္းထားသည္။ ေ႐ြးခ်ယ္ခန႔္အပ္ခံအဖြဲ႕ဝင္ ၂၅၀ ပါဝင္ေသာအထက္လႊတ္ေတာ္ႏွင့္ အဖြဲ႕ဝင္ ၅၀၀ ပါဝင္ေသာ ေအာက္လႊတ္ေတာ္တို႔ျဖစ္သည္။ ေအာက္လႊတ္ေတာ္အဖြဲ႕ဝင္ အမတ္ ၅၀၀ တြင္ ၃၅၀ ကို FPTP (မဲအမ်ားဆုံးရသူအႏိုင္ရစနစ္)ျဖင့္ ေ႐ြးေကာက္တင္ေျမႇာက္ၿပီး က်န္ ၁၅၀ ကို ပါတီလိုက္ရရွိသည့္ မဲစာရင္းအရ အခ်ိဳးက် Party list PR စနစ္ျဖစ္ေ႐ြးခ်ယ္သည္။

ၿငိမ္ဝပ္ပိျပားေရး အမ်ိဳးသားေကာင္စီ the National Council for Peace and Order (NCPO) က အထက္လႊတ္ေတာ္အမတ္မ်ားေ႐ြးခ်ယ္ေရးအဖြဲ႕ကို ခန႔္အပ္ႏိုင္သည္။ ထိုအဖြဲ႕တြင္ အဖြဲ႕ဝင္ ၈ ဦးမွ ၁၀ ဦးအထိ ပါဝင္ႏိုင္ပါသည္။ ပါတီစြဲကင္းေသာ တစ္သီးပုဂၢလအထက္လႊတ္ေတာ္အမတ္ ၂၅၀ ကို ေ႐ြးခ်ယ္ရာတြင္ ထိုင္းဘုရင့္တပ္မေတာ္ ၾကည္းတပ္၊ ေရတပ္၊ ေလတပ္ႏွင့္ ရဲတပ္ဖြဲ႕အႀကီး အကဲမ်ားအျပင္ တပ္မေတာ္ စစ္ဦးစီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဌာန အၿမဲတန္းအတြင္းဝန္စသည့္ ပုဂၢိဳလ္ ၆ ဦးတို႔မုခ်ပါဝင္မည္။ လႊတ္ေတာ္ႏွစ္ရပ္ပါဝင္ေသာ ပါလီမန္က အစိုးရအဖြဲ႕ေခါင္းေဆာင္ျဖစ္ေသာ ဝန္ႀကီးခ်ဳပ္ကို ေ႐ြးခ်ယ္ရာတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူ သို႔မဟုတ္ ႏိုင္ငံ‌ေရးသမားမဟုတ္သူ တစ္ဦးဦးကိုလည္း ေ႐ြးခ်ယ္ႏိုင္သည္။

ယခင္ အေျခခံဥပေဒ အေဟာင္းမ်ားႏွင့္မတူဘဲ ၂၀၁၇ ခုႏွစ္ အေျခခံဥပေဒက ဝန္ႀကီးခ်ဳပ္ ေလာင္းလ်ာသည္ ပါလီမန္အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ရမည္ဟု မေတာင္းဆိုပါ။ ဝန္ႀကီးခ်ဳပ္ေလာင္းကို အမည္စာရင္းတင္သြင္းရာတြင္ ႏိုင္ငံေရးပါတီတစ္ခုသည္ ကိုယ္စားလွယ္ေလာင္း ၃ ေယာက္အထိ တင္သြင္းႏိုင္သည္။ ႏိုင္ငံေရးပါတီတစ္ခုသည္ ေ႐ြးေကာက္ပြဲတြင္ အမတ္ေနရာ ၂၅ ေနရာ သို႔မဟုတ္ အမတ္ေနရာ ၅၀၀ ၏ ၅ ရာခိုင္ႏႈန္းကိုရရွိရမည့္အျပင္ ေအာက္လႊတ္ေတာ္ အမတ္ ၁၀ ပုံတပုံ (၅၀ ေယာက္) ကေထာက္ခံပါမွ ထိုပါတီ၏ ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းခြင့္ရွိသည္။

ႏိုင္ငံေရးပါတီမ်ားမွတင္သြင္းသည့္ အဆိုပါဝန္ႀကီးခ်ဳပ္ေလာင္း ကိုယ္စားလွယ္မ်ားထဲမွ တစ္ေယာက္ကို ေအာက္လႊတ္ေတာ္က မဲခြဲေ႐ြးခ်ယ္ေပးရမည္။ ေအာက္လႊတ္ေတာ္၏ အမ်ားစုေထာက္ခံမဲရရွိသူကို အထက္လႊတ္ေတာ္ကလည္း အမ်ားစုေထာက္ခံမဲေပးမွသာ ဝန္ႀကီးခ်ဳပ္ ျဖစ္လိမ့္မည္။

အကယ္၍ မည္သည့္ဝန္ႀကီးခ်ဳပ္ေလာင္းကမွ် လႊတ္ေတာ္ႏွစ္ရပ္လုံး၏ အမ်ားစုေထာက္ခံမႈကို မရခဲ့ သျဖင့္ အစိုးရမဖြဲ႕စည္းႏိုင္ျဖစ္ခဲ့လွ်င္ ၾကားျဖတ္ကာလ အပိုဒ္ငယ္ ျပ႒ာန္းခ်က္အရ ပါလီမန္က လႊတ္ ေတာ္ကိုယ္စားလွယ္မဟုတ္သူ တစ္ေယာက္ေယာက္ကို ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းရန္ စဥ္းစားဆုံးျဖတ္ခြင့္ရွိသည္။ ဤျပႆနာႀကဳံႀကိဳက္လာပါက ပါလီမန္သို႔ တက္ေရာက္လာ ေသာ အမတ္အားလုံး၏ ၃ ပုံ ၂ ပုံ ေထာက္ခံမဲျဖင့္ ဝန္ႀကီးခ်ဳပ္သည္ ႏိုင္ငံေရးပါတီမွတင္ေျမႇာက္ေသာ ကိုယ္စားလွယ္ျဖစ္ရမည္ဆိုသည့္ ျပ႒ာန္းခ်က္ကို ဆိုင္းငံ့ထားႏိုင္သည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ေမလက က်င္းပခဲ့ေသာ အေထြေထြေ႐ြးေကာက္ပြဲအၿပီးတြင္ အထက္လႊတ္ေတာ္ႏွင့္ ေအာက္လႊတ္ေတာ္ ပူးတြဲက်င္းပေသာ ပါလီမန္အစည္းအေဝးတြင္ ဝန္ႀကီးခ်ဳပ္ကိုေ႐ြးခ်ယ္ရန္ မဲေပးခဲ့သည္။ ဤသည္မွာ အထက္လႊတ္ေတာ္အေနျဖင့္ ၂၀၁၉ ခုႏွစ္ေမလ ၂၄ ရက္ကစတင္ခဲ့ေသာ ပထမအႀကိမ္ လႊတ္ေတာ္အစည္းအေဝးအၿပီး ၅ ႏွစ္အတြင္း သက္တမ္းကုန္ဆုံးေတာ့မည့္ အခြင့္အေရးကို ေနာက္ဆုံးက်င့္သုံးျခင္းလည္း ျဖစ္ႏိုင္ပါသည္။

၃၀ ေယာက္ေျမာက္ဝန္ႀကီးခ်ဳပ္
မၾကာမီ အေ႐ြးခ်ယ္ခံရေတာ့မည့္ ထိုင္းဝန္ႀကီးခ်ဳပ္သည္ အေယာက္ ၃၀ ေျမာက္ဝန္ႀကီးခ်ဳပ္ျဖစ္ပါ လိမ့္မည္။ အကယ္၍ ပရာ႐ြတ္က ျပန္လည္အေ႐ြးခံၿပီး ဝန္ႀကီးခ်ဳပ္ျဖစ္လာလွ်င္ေတာ့ ၂၉ ေယာက္ေျမာက္ဝန္ႀကီးခ်ဳပ္အျဖစ္သာ မွတ္တမ္းဝင္ပါမည္။ သို႔ေသာ္ လြန္ခဲ့သည့္ စက္တင္ဘာလ အေျခခံဥပေဒဆိုင္ရာခုံ႐ုံးဆုံးျဖတ္ခ်က္အရ သူသည္ ၂၀၂၅ ခုႏွစ္ ဧၿပီလအထိသာ တာဝန္ ထမ္းေဆာင္ႏိုင္ပါသည္။ ခုံ႐ုံးဆုံးျဖတ္ခ်က္တြင္ ပရာ႐ြတ္ထမ္းေဆာင္ရမည့္ ၈ ႏွစ္သက္တမ္းကို အေျခခံဥပေဒစတင္သက္ဝင္သည့္ ၂၀၁၇ ခုႏွစ္ ဧၿပီလ ၆ ရက္‌မွ စတင္ရမည္ဟုပါရွိသည္။ ထိုင္းႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္အျဖစ္ ပရာ႐ြတ္ အမွန္တကယ္တာဝန္ယူခဲ့ေသာကာလမွာ ၂၀၁၇ ခုႏွစ္အေျခခံဥပေဒ ေပၚထြက္မလာေသးသည့္ ၂၀၁၄ ခုႏွစ္ ၾသဂုတ္လက စတင္ခဲ့သျဖင့္ သူတာဝန္ယူခဲ့ေသာ သက္တမ္းမွာ ယခုအခါ ၈ ႏွစ္ေက်ာ္ၾကာခဲ့ၿပီျဖစ္သည္။ စစ္တပ္က အာဏာသိမ္းအၿပီး ၃ လအၾကာတြင္ စတင္ တာဝန္ယူခဲ့ျခင္းျဖစ္သည္။

၂၀၁၉ ခုႏွစ္ မတ္လ အေထြေထြေ႐ြးေကာက္ပြဲအၿပီးတြင္ လႊတ္ေတာ္ႏွစ္ရပ္၏ အမ်ားစုေထာက္ခံမဲ ျဖင့္ ပရာ႐ြတ္ ဝန္ႀကီးခ်ဳပ္အျဖစ္ဆက္လက္တာဝန္ေပးအပ္ျခင္းခံရသည္။

ပရာ႐ြတ္အေနျဖင့္ ထိုင္းႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္တာဝန္ထမ္းေဆာင္မည္ဆိုလွ်င္ ႏိုင္ငံ၏ ထိပ္ဆုံးရာထူးကို စုစုေပါင္း ၁၀ ႏွစ္ေက်ာ္တာဝန္ထမ္းေဆာင္ျခင္းျဖစ္ပါလိမ့္မည္။ ထိုင္းႏိုင္ငံ သမိုင္းတြင္ ဖီးမာရွယ္ ဖလက္ဖီးဘြန္ဆုမ္ခရမ္ Field Marshal Plaek Phibunsongkhram က ၁၅ ႏွစ္ႏွင့္ ၁၁ လ၊ ဖီးမာရွယ္ ထႏြန္ ကစ္တီကာခြၽန္ Field Marshal Thanom Kittikachorn က ၁၀ ႏွစ္ႏွင့္ ၆ လ ႏိုင္ငံ၏ ထိပ္ဆုံးေခါင္းေဆာင္ တာဝန္ယူခဲ့ေၾကာင္း ေတြ႕ရွိရပါသည္။

ေမလ အေထြေထြေ႐ြးေကာက္ပြဲၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ေရး ျပႆနာ
Move Forward ေရွ႕သို႔ခ်ီပါတီသည္ ေမလ ၁၄ ရက္ကက်င္းပခဲ့သည့္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ေနရာအမ်ားဆုံးအႏိုင္ရခဲ့ၿပီး အစိုးရဖြဲ႕စည္းႏိုင္ရန္ တျခားႏိုင္ငံေရးပါတီ ၇ ပါတီႏွင့္ ပူးေပါင္းကာ မဟာမိတ္ဖြဲ႕ခဲ့ပါသည္။

ဤမဟာမိတ္အဖြဲ႕က ေအာက္လႊတ္ေတာ္ အမတ္ေနရာ ၃၁၂ ေနရာရရွိထားသျဖင့္ အဖြဲ႕ဝင္ ၅၀၀ ပါဝင္သည့္ေအာက္လႊတ္ေတာ္တြင္ အမ်ားစုျဖစ္သည္။ စစ္တပ္ကခန႔္အပ္ထားေသာ အထက္လႊတ္ေတာ္ အမတ္ ေ႐ြးခ်ယ္ေရးအဖြဲ႕က ေစလႊတ္သည့္ အထက္လႊတ္ေတာ္အမတ္မ်ားမွာ ၂၅၀ ရွိသည္။ လႊတ္ေတာ္ႏွစ္ရပ္ေပါင္း ပါလီမန္အစည္းအေဝးတြင္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္သည့္အခါ ေထာက္ခံမဲ ၃၇၆ မဲလိုအပ္သျဖင့္ အတိုက္အခံ ကြန္ဆာေဗးတစ္ ပါတီအမတ္အခ်ိဳ႕ သို႔မဟုတ္ အထက္လႊတ္ေတာ္အမတ္အခ်ိဳ႕တို႔၏ ေထာက္ခံမဲ ၆၄ မဲလိုအပ္ပါသည္။

ဇူ0လိုင္လပထမအႀကိမ္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ပြဲတြင္ ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ အသက္ ၄၂ ႏွစ္ရွိ၊ ဟားဗတ္တကၠသိုလ္ထြက္ ပီတလင္ဂ်ာ႐ြန္းရတ္ Pita Limjaroenrat က အထက္လႊတ္ေတာ္အမတ္ ၁၃ ေယာက္၏ ေထာက္ခံမဲသာရခဲ့သျဖင့္ မဲ ၅၀ ေက်ာ္လိုအပ္ခဲ့ပါသည္။ အတိုက္အခံ ကြန္ဆာေဗးတစ္ အမတ္မ်ားက ပီတပါတီ၏ ထိုင္းဘုရင္စနစ္ကိုေဝဖန္ခြင့္မရွိသည့္ ဥပေဒကို ျပင္ဆင္မည္ဆိုသည့္ ကတိျပဳထားခ်က္ေၾကာင့္ ပီတကို မေထာက္ခံၾကျခင္းျဖစ္သည္ဟု ဆိုပါသည္။

ေနာက္တစ္ပတ္အၾကာတြင္ ေရွ႕သို႔ခ်ီပါတီက ပီတကို ဝန္ႀကီးခ်ဳပ္တင္ေျမႇာက္ရန္ ဒုတိယအႀကိမ္မဲခြဲရန္ ႀကိဳးပမ္းရာ၊ ပါလီမန္က ခြင့္မျပဳရန္ ဆန႔္က်င္ဆုံးျဖတ္ခဲ့သည္။ ဤသို႔ဆန႔္က်င္ျခင္းမွာ အေျခခံဥပေဒႏွင့္ ညီမညီ ခုံ႐ုံးက သုံးသပ္ဆုံးျဖတ္ေပးပါရန္ Move Forward Party ေရွ႕သို႔ခ်ီပါတီက တင္ေလွ်ာက္ခဲ့ပါသည္။

သို႔ျဖစ္၍ အဆိုပါအမႈကို သုံးသပ္ဆုံးျဖတ္ရန္အတြက္၊ ဝန္ႀကီးခ်ဳပ္ မဲေပးေ႐ြးခ်ယ္ေရး ဒုတိယအႀကိမ္ ျပဳလုပ္မည့္ ထိုင္းပါလီမန္ကို ေခတၱရပ္ဆိုင္းထားပါသည္။

ေအာက္လႊတ္ေတာ္ ဥကၠ႒ ဝမ္မိုဟာမက္ ႏူးမာသာ Speaker Wan Muhamad Noor Matha က၊ ဒုတိယအႀကိမ္ ဝန္ႀကီးခ်ဳပ္မဲေပးေ႐ြးခ်ယ္မႈကို အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးဆုံးျဖတ္ခ်က္ ထြက္လာၿပီးေနာက္မွသာ ဆက္လက္ ေဆာင္႐ြက္ႏိုင္မည္ဟု ဆိုပါသည္။ ခုံ႐ုံး၏ ဆုံးျဖတ္မွာ ၾသဂုတ္လ ၁၆ ရက္ေန႔မွသာ ထြက္လာပါလိမ့္မည္။

မဟာမိတ္ဖြဲ႕မႈ အေျပာင္းအလဲ
ထိုသို႔ ေရွ႕မတိုး ေနာက္မဆုတ္ျဖစ္ေနသည့္ အေျခအေနတြင္ ေအာက္လႊတ္ေတာ္မွ ဒုတိယ အႀကီး ဆုံးပါတီျဖစ္သည့္ ျဖဴထိုင္းပါတီ (ထိုင္းတို႔အတြက္ပါတီ) က ၾသဂုတ္လ ၂ ရက္တြင္ သူတို႔ပါတီအေနျဖင့္ ေရွ႕သို႔ခ်ီပါတီမပါဘဲ အစိုးရဖြဲ႕စည္းႏိုင္ေရးႀကိဳးပမ္းမည္ဟု ေၾကညာပါသည္။ ဤသည္မွာ ျဖဴထိုင္းပါတီ အေနျဖင့္ ေရွ႕သို႔ခ်ီပါတီႏွင့္ မဟာမိတ္လက္တြဲျဖဳတ္မည္ဟု ဆိုျခင္းျဖစ္သည္။ ျဖဴထိုင္းပါတီမွာ ျပည္ေျပးဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရွီနာ ဝပ္ထရာ၏ အငယ္ဆုံးသမီး ေပတုံတန္ ရွီနာဝပ္ထရာ ေခါင္းေဆာင္ေသာပါတီျဖစ္သည္။

ျဖဴထိုင္းပါတီေခါင္းေဆာင္ ခြၽန္လနန္ ဆရီေကာက သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေျပာၾကားရာမွာ အျခားႏိုင္ငံေရးပါတီမ်ားႏွင့္ အထက္လႊတ္ေတာ္အမတ္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္ၾကည့္ရာတြင္ ေရွ႕သို႔ခ်ီပါတီ၏ ဘုရင္စနစ္ဆန႔္က်င္သည့္ သေဘာထားက ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ေရးတြင္ ေထာက္ခံမဲအလုံအေလာက္ရရွိရန္ အဓိက အဟန႔္အတားျဖစ္ေနေၾကာင္း၊ ထို႔ေၾကာင့္ ျဖဴထိုင္းပါတီအေနျဖင့္ ေရွ႕သို႔ခ်ီပါတီႏွင့္ လက္တြဲျဖဳတ္ကာ ေအာက္လႊတ္ေတာ္တြင္ တတိယအႀကီးဆုံး ကြန္ဆာေဗးတစ္ ပါတီျဖစ္သည့္ ဖြန္ခ်ထိုင္း Bhumjaithai ပါတီႏွင့္ လက္တြဲ ခဲ့ပါသည္။ ဖြန္ခ်ထိုင္းပါတီမွာ ၂၀၀၈ ခုႏွစ္ ႏိုဝင္ဘာလ ၅ ရက္က စတင္တည္ေထာင္ခဲ့ေသာပါတီျဖစ္ၿပီး De facto leader Newin Chidchob လက္ေတြ႕ဦးေဆာင္ေနသူမွာ ေနဝင္း ခ်စ္ေခ်ာ့ဘ္ ဆိုသူျဖစ္သည္။ ျမန္မာႏိုင္ငံ၏ အာဏာရွင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးေနဝင္းကို အစြဲျပဳ၍ ၎၏ဖခင္ကေပးခဲ့ေသာအမည္ျဖစ္သည္။ ဖခင္မွာ လႊတ္ေတာ္ ဥကၠ႒ေဟာင္း ခ်ိဳင္းခ်စ္ေခ်ာ့ဘ္ Chai Chidchob ဆိုသည့္ ခမာ-တ႐ုတ္ ေသြးပါသည့္ ကေမာၻဒီးယား ႏြယ္ဖြား ထိုင္းလူမ်ိဳးျဖစ္သည္။

ေဖြထိုင္းပါတီက ေနာက္တစ္ႀကိမ္က်င္းပသည့္ ဝန္ႀကီးခ်ဳပ္ေ႐ြးပြဲတြင္ အိမ္ၿခံေျမလုပ္ငန္းရွင္ႀကီး ဆရက္သာ သဗီဆင္ကို အမည္စာရင္းတင္သြင္းမည္ဟုဆိုပါသည္။

ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ေရးတြင္ အထက္၌ေဖာ္ျပထားသကဲ့သို႔ ႏိုင္ငံေရးလြန္ဆြဲပြဲမ်ားျဖင့္ မေသခ်ာ မေရရာျဖစ္ေနသည့္တၿပိဳင္နက္တြင္ ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ ပီတက မီဒီယာကုမၸဏီတစ္ခု၏ အစုရွယ္ယာမ်ား ပိုင္ဆိုင္ထားသျဖင့္ ေ႐ြးေကာက္ပြဲဥပေဒကိုခ်ိဳးေဖာက္ခဲ့ေၾကာင္း အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးသို႔တိုင္ၾကားထားသည့္ အမႈလည္း ရွိေနပါသည္။ ထိုအမႈႏွင့္ပတ္သက္၍ ခုံ႐ုံးက ၾကားနာစစ္ေဆး ေနခ်ိန္တြင္ ပီတကို လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္မွ ရပ္ဆိုင္းထားမည္ျဖစ္သျဖင့္ မဲေပးခြင့္လည္းမရွိပါ။

ေနာက္ထပ္ ထူးျခားသည့္ျဖစ္စဥ္တစ္ခုမွာ ၁၅ ႏွစ္ၾကာ ျပည္ေျပးျဖစ္ေနခဲ့ေသာ ထိုင္းဝန္ႀကီးခ်ဳပ္‌ေဟာင္း သက္ဆင္ရွီနာဝပ္ထရာက ၾသဂုတ္လ ၁၀ ရက္တြင္ ထိုင္းႏိုင္ငံသို႔ ျပန္လာေတာ့ မည္ျဖစ္ေၾကာင္း ၎၏ အငယ္ဆုံးသမီး ေပတုံတန္ ရွီနာဝပ္ထရာက ေျပာၾကားခဲ့ျခင္းျဖစ္ပါသည္။

ႏွစ္ႀကိမ္တိုင္တိုင္ေ႐ြးခ်ယ္တင္ေျမႇာက္ခံခဲ့ရဖူးသည့္ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္မွာ အသက္ ၇၄ ႏွစ္ရွိၿပီျဖစ္သည္။ သူ႔ကို ၂၀၀၆ ခုႏွစ္တြင္ စစ္တပ္ကအာဏာသိမ္းကာ ျဖဳတ္ခ်ခဲ့သည္။ သူ႔အေပၚအက်င့္ပ်က္ခ်စားမႈျဖင့္ တရားစြဲဆိုခ်မွတ္သည့္ ေထာင္ဒဏ္မွ ေရွာင္ရွားရန္ ၂၀၀၈ ခုႏွစ္တြင္ ယူေအအီးႏိုင္ငံ ဒူဘိုင္းသို႔ သြားေရာက္ေနထိုင္ခဲ့သည္။ သူ႔အေပၚစြဲဆိုသည့္ အမႈမွာ ႏိုင္ငံေရးအရ တိုက္ခိုက္မႈသက္သက္ဟု သူကဆိုပါသည္။
သက္ဆင္၏ အငယ္ဆုံးသမီး ေပတုံတန္က “ ကြၽန္မ ဘယ္လိုေရးရမလဲဆိုတာေတာင္ မယုံႏိုင္ေလာက္ ေအာင္ျဖစ္ေနပါတယ္။ ေဖေဖက ၾသဂုတ္လ ၁၀ ရက္ဆိုရင္ ဒြန္ေမာင္းေလဆိပ္ကို ျပန္လာေတာ့မွာေလ” ဟု သူမ၏ ေဖ့စ္ဘုတ္ပိတ္ဂ်္တြင္ ေရးတင္ခဲ့ပါသည္။

၂၀၁၇ ခုႏွစ္ထိုင္းအေျခခံဥပေဒအရ ေအာက္လႊတ္ေတာ္အတြင္း အမတ္ေနရာအမ်ားဆုံး အႏိုင္ရသည့္ ပါတီက အစိုးရမဖြဲ႕ႏိုင္ဘဲ၊ မည္သည့္ပါတီ သို႔မဟုတ္ မည္သည့္ျပင္ပ ပုဂၢိဳလ္ တစ္ေယာက္ေယာက္က ဝန္ႀကီးခ်ဳပ္ျဖစ္လာေလမည္လဲ ဆိုသည့္ ကိစၥမွာ စိတ္ဝင္တစားေစာင့္ၾကည့္ ရမည့္ အေၾကာင္းအရာတစ္ခုျဖစ္ပါသည္။

ကိုးကား - Constitution of Thailand by Wikipedia
- Thai court suspends Pita as MP as parliament votes on new premier
- Thailand's Pheu Thai forms new coalition with third-largest party

Related news

© 2021. All rights reserved.