အသက် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး သုံးရေခပ်ရာမှ ရေတွင်းထဲပြုတ်ကျ၍ ရေနစ်သေဆုံးမှု အောင်ပန်းမြို့နယ်တွင်ဖြစ်ပွား

 823

သန့်ဇင် (NP News) - ဩဂုတ် ၉

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်တွင် အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦး ရေတွင်းတစ်ခု၌ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးမှုသည် ယနေ့ (ဩဂုတ်လ ၉ ရက်) နံနက် ၁၀နာရီခွဲအချိန်တွင် ကလောမြို့နယ်၊ အောင် ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ နယ်မြေ(၃)သံလမ်းအနီး၊ ခြံတစ်ခုအတွင်းရှိ ရေတွင်း၌ ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

“သူ့မိဘတွေ မရှိချိန်ပေါ့နော်။ ရေတွင်းကသူများခြံထဲကရေတွင်းဗျ။ အဲဒီရေတွင်းက ဘေးကအကာတွေလဲမရှိတော့ ရေခပ်နေရင်းက ခြေချော်ပြီးပြုတ်ကျတာပေါ့” ဟု အောင်ပန်းနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါရေနစ်သေဆုံးသူသည် မင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် အသက်(၁၁)အရွယ် မောင်အောင်ရဲလင်းဖြစ်ပြီး သုံးစွဲရေခပ်နေချိန်ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမတော့ ရပ်ကွက်လူထုနဲ့နာရေးအဖွဲ့တွေရှာတော့မတွေ့ဘူးဗျ။ အဲဒါနဲ့ မီးသတ်ကိုခေါ်ပြီးတော့ အကုန်ပေါင်းပြီးရှာတော့မှ ၁၁နာရီ ၁၀မိနစ်မှာ တွေ့တယ်။ ရေတွင်းကပေ(၂၀)လောက်တော့နက်မယ်ဗျ” ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းဖြစ်စဉ်မှ ရေနစ်သေဆုံးသွားခဲ့သော မောင်အောင်ရဲလင်းအား အောင်ပန်းမြို့ နာရေးလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် အောင်ပန်းပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
အသက္ (၁၁)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး သုံးေရခပ္ရာမွ ေရတြင္းထဲျပဳတ္က်၍ ေရနစ္ေသဆုံးမႈ ေအာင္ပန္းၿမိဳ႕နယ္တြင္ျဖစ္ပြား

သန႔္ဇင္ (NP News) - ဩဂုတ္ ၉

ရွမ္းျပည္နယ္၊ ေအာင္ပန္းၿမိဳ႕နယ္တြင္ အသက္(၁၁)ႏွစ္အ႐ြယ္ ကေလးတစ္ဦး ေရတြင္းတစ္ခု၌ ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေရနစ္ေသဆုံးမႈသည္ ယေန႔ (ဩဂုတ္လ ၉ ရက္) နံနက္ ၁၀နာရီခြဲအခ်ိန္တြင္ ကေလာၿမိဳ႕နယ္၊ ေအာင္ ပန္းၿမိဳ႕၊ မဂၤလာရပ္ကြက္၊ နယ္ေျမ(၃)သံလမ္းအနီး၊ ၿခံတစ္ခုအတြင္းရွိ ေရတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း ေအာင္ပန္းနာေရးကူညီမႈအသင္းထံမွ သိရသည္။

“သူ႔မိဘေတြ မရွိခ်ိန္ေပါ့ေနာ္။ ေရတြင္းကသူမ်ားၿခံထဲကေရတြင္းဗ်။ အဲဒီေရတြင္းက ေဘးကအကာေတြလဲမရွိေတာ့ ေရခပ္ေနရင္းက ေျခေခ်ာ္ၿပီးျပဳတ္က်တာေပါ့” ဟု ေအာင္ပန္းနာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါေရနစ္ေသဆုံးသူသည္ မဂၤလာရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၁၁)အ႐ြယ္ ေမာင္ေအာင္ရဲလင္းျဖစ္ၿပီး သုံးစြဲေရခပ္ေနခ်ိန္ျပဳတ္က်ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ပထမေတာ့ ရပ္ကြက္လူထုနဲ႔နာေရးအဖြဲ႕ေတြရွာေတာ့မေတြ႕ဘူးဗ်။ အဲဒါနဲ႔ မီးသတ္ကိုေခၚၿပီးေတာ့ အကုန္ေပါင္းၿပီးရွာေတာ့မွ ၁၁နာရီ ၁၀မိနစ္မွာ ေတြ႕တယ္။ ေရတြင္းကေပ(၂၀)ေလာက္ေတာ့နက္မယ္ဗ်” ဟု ၎ကဆက္လက္ေျပာသည္။

၎ျဖစ္စဥ္မွ ေရနစ္ေသဆုံးသြားခဲ့ေသာ ေမာင္ေအာင္ရဲလင္းအား ေအာင္ပန္းၿမိဳ႕ နာေရးလူမႈကူညီေရးအသင္းမွ လူနာတင္ယာဥ္ျဖင့္ ေအာင္ပန္းျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.