မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံများ ၂ဝ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ဆေးလိပ်ကြောင့် နှစ်စဉ် ၆၄ဝဝဝ ကျော် သေဆုံးနေ

 1065

ဂျန်ဇက် (NP News) - ဩဂုတ် ၁၁

မြန်မာနိုင်ငံ၏ ဆေးလိပ်သောက်သုံးမှုနှုန်းသည် ကမ္ဘာ့နိုင်ငံများအနက် ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံများ ထဲတွင် ပါဝင်လျက်ရှိနေပြီး ဆေးလိပ်နှင့်ပတ်သက်သောရောဂါများကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ၆ဝဝဝဝ ကျော် သေဆုံးနေကြောင်း သိရသည်။

၂ဝ၂၃ ခုနှစ်အတွက် ဆေးလိပ်သောက်သုံးမှု အများဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၉ နေရာတွင် ရှိနေခဲ့ပြီး၊ အာဆီယံနိုင်ငံများထဲတွင် အဆင့် ၃ နေရာမှာ ရပ်တည်နေကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ ၁၈ ဒသမ ၇ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးလျက်ရှိနေပြီး ဒေသအတွင်း နိုင်ငံများထဲတွင် ဆေးလိပ်သောက်သုံးမှုအများဆုံး နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။

အာဆီယံဒေသအတွင်းရှိ နိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံသည် ဆေးလိပ်သောက်သုံးမှု အများဆုံးဖြစ်နေပြီး လာအိုနိုင်ငံက ဆေးလိပ်သောက်သုံးမှုနှုန်း ဒုတိယအများဆုံးနိုင်ငံဖြစ်ကာ မြန်မာနိုင်ငံက ဆေးလိပ်သောက်သုံးသူ ဦးရေ တတိယအများဆုံး ဖြစ်နေကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံရှိ လူဦးရေ ၏ ၃၂ ဒသမ ၆ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးလျက်ရှိနေပြီး လာအိုနိုင်ငံရှိ လူဦးရေ ၏ ၂၄ ဒသမ ၅ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးလျက်ရှိနေကာ မြန်မာနိုင်ငံက လူဦးရေအားလုံး၏ ၁၈ ဒသမ ၇ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုများကြောင့် နှစ်စဉ် လူပေါင်း ၆၄ဝဝဝ ခန့် သေဆုံးလျက်ရှိနေပြီး အဆိုပါ သေဆုံးမှု၏ ၅၆ ရာခိုင်နှုန်းက အသက် ၇ဝ နှစ်အောက် အရွယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူဦးရေ လူပေါင်း သန်း ၅ဝ ကျော် ရှိနေပြီး ဆေးလိပ်သောက်သုံးမှုများ ကြောင့်ဖြစ်လာခဲ့သော ကျန်းမာရေးပြသာနာများကြောင့် နှစ်စဉ် အနည်းဆုံး ၂၂၅၇ဝဝ ဦး သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

Zawgyi Version;
ျမန္မာႏိုင္ငံက ကမာၻေပၚတြင္ ေဆးလိပ္ေသာက္သုံးမႈ အမ်ားဆုံးႏိုင္ငံမ်ား ၂ဝ ႏိုင္ငံစာရင္းတြင္ ပါဝင္ေနၿပီး ေဆးလိပ္ေၾကာင့္ ႏွစ္စဥ္ ၆၄ဝဝဝ ေက်ာ္ ေသဆုံးေန
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၁

ျမန္မာႏိုင္ငံ၏ ေဆးလိပ္ေသာက္သုံးမႈႏႈန္းသည္ ကမာၻ႔ႏိုင္ငံမ်ားအနက္ ေဆးလိပ္ေသာက္သုံးမႈ အမ်ားဆုံးႏိုင္ငံမ်ား ထဲတြင္ ပါဝင္လ်က္ရွိေနၿပီး ေဆးလိပ္ႏွင့္ပတ္သက္ေသာေရာဂါမ်ားေၾကာင့္ ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ ၆ဝဝဝဝ ေက်ာ္ ေသဆုံးေနေၾကာင္း သိရသည္။

၂ဝ၂၃ ခုႏွစ္အတြက္ ေဆးလိပ္ေသာက္သုံးမႈ အမ်ားဆုံးႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာႏိုင္ငံသည္ အဆင့္ ၁၉ ေနရာတြင္ ရွိေနခဲ့ၿပီး၊ အာဆီယံႏိုင္ငံမ်ားထဲတြင္ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံရွိ လူဦးေရအားလုံး၏ ၁၈ ဒသမ ၇ ရာခိုင္ႏႈန္းက ေဆးလိပ္ေသာက္သုံးလ်က္ရွိေနၿပီး ေဒသအတြင္း ႏိုင္ငံမ်ားထဲတြင္ ေဆးလိပ္ေသာက္သုံးမႈအမ်ားဆုံး ႏိုင္ငံ တစ္ႏိုင္ငံအျဖစ္ ရပ္တည္လ်က္ရွိေနေၾကာင္း သိရသည္။

အာဆီယံေဒသအတြင္းရွိ ႏိုင္ငံမ်ားအနက္ အင္ဒိုနီးရွားႏိုင္ငံသည္ ေဆးလိပ္ေသာက္သုံးမႈ အမ်ားဆုံးျဖစ္ေနၿပီး လာအိုႏိုင္ငံက ေဆးလိပ္ေသာက္သုံးမႈႏႈန္း ဒုတိယအမ်ားဆုံးႏိုင္ငံျဖစ္ကာ ျမန္မာႏိုင္ငံက ေဆးလိပ္ေသာက္သုံးသူ ဦးေရ တတိယအမ်ားဆုံး ျဖစ္ေနေၾကာင္း သိရသည္။

အင္ဒိုနီးရွားႏိုင္ငံရွိ လူဦးေရ ၏ ၃၂ ဒသမ ၆ ရာခိုင္ႏႈန္းက ေဆးလိပ္ေသာက္သုံးလ်က္ရွိေနၿပီး လာအိုႏိုင္ငံရွိ လူဦးေရ ၏ ၂၄ ဒသမ ၅ ရာခိုင္ႏႈန္းက ေဆးလိပ္ေသာက္သုံးလ်က္ရွိေနကာ ျမန္မာႏိုင္ငံက လူဦးေရအားလုံး၏ ၁၈ ဒသမ ၇ ရာခိုင္ႏႈန္းက ေဆးလိပ္ေသာက္သုံးေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ေဆးလိပ္ေသာက္သုံးမႈမ်ားေၾကာင့္ ႏွစ္စဥ္ လူေပါင္း ၆၄ဝဝဝ ခန႔္ ေသဆုံးလ်က္ရွိေနၿပီး အဆိုပါ ေသဆုံးမႈ၏ ၅၆ ရာခိုင္ႏႈန္းက အသက္ ၇ဝ ႏွစ္ေအာက္ အ႐ြယ္မ်ားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အင္ဒိုနီးရွားႏိုင္ငံတြင္ ေဆးလိပ္ေသာက္သုံးသူဦးေရ လူေပါင္း သန္း ၅ဝ ေက်ာ္ ရွိေနၿပီး ေဆးလိပ္ေသာက္သုံးမႈမ်ား ေၾကာင့္ျဖစ္လာခဲ့ေသာ က်န္းမာေရးျပသာနာမ်ားေၾကာင့္ ႏွစ္စဥ္ အနည္းဆုံး ၂၂၅၇ဝဝ ဦး ေသဆုံးေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕က ဆိုသည္။

Related news

© 2021. All rights reserved.