ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီကို ဖျက်သိမ်း

6624
NP News - ဩဂုတ် ၁၂
ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ စက်သုံးဆီကုမ္ပဏီကို ဖျက်သိမ်းလိုက်ကြောင်း ဩဂုတ်လ ၁၁ ရက်ထုတ် မြဝတီ သတင်းစာတွင် ကြေညာထားသည်ကို တွေ့ရသည်။
စက်သုံးဆီတင်သွင်းမှုသာမက ဘဏ်၊ တယ်လီကွန်း၊ သစ် နှင့် ကျောက်မျက်လုပ်ငန်းများပါ လုပ်ကိုင်နေသည့် ရွှေဗျိုင်းဖြူလုပ်ငန်းစုသည် ၎င်းတို့၏ စက်သုံးဆီကုမ္ပဏီကို လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကို အသုံးပြုပြီး ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
“၂၀၂၂ ခုနှစ်တုန်းက ဝင်ငွေခွန် အများဆုံးဆောင်တဲ့ နံပါတ်စဉ် ၅ မှာရှိတဲ့ ကုမ္ပဏီက ဒေဝါလီခံတယ်ဆိုတာ အံဩစရာဘဲ” ဟု ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။
ရွှေဗျိုင်းဖြူလုပ်ငန်းစုသည် M1 Group နှင့် ပူးပေါင်းကာ တယ်လီနော ကုမ္ပဏီ၏ ရှယ်ယာ (၈၀) ရာခိုင်နှုန်းကို ဝယ်ယူထားသည်။
ဦးသိန်းဝင်းဇော် ထူထောင်ထားသော ရွှေဗျိုင်းဖြူလုပ်ငန်းစုသည် လောင်စာဆီလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း ၊ ကျောက်စိမ်း နှင့် ရတနာတူးဖော်ရေးလုပ်ငန်း၊ ပို့ဆောင်ရေး၊ ထုတ်လုပ်ရေးနှင့် ကုန် သွယ်ရေး လုပ်ငန်းများကို ပြည်တွင်း၌လုပ်ကိုင်နေခြင်းဖြစ်သည်။
zawgyi version
ေ႐ႊဗ်ိဳးျဖဴလုပ္ငန္းစု၏ ေရနံႏွင့္သဘာဝဓါတ္ေငြ႕ကုမၸဏီကို ဖ်က္သိမ္း
NP News - ဩဂုတ္ ၁၂
ေ႐ႊဗ်ိဳင္းျဖဴလုပ္ငန္းစု၏ စက္သုံးဆီကုမၸဏီကို ဖ်က္သိမ္းလိုက္ေၾကာင္း ဩဂုတ္လ ၁၁ ရက္ထုတ္ ျမဝတီ သတင္းစာတြင္ ေၾကညာထားသည္ကို ေတြ႕ရသည္။
စက္သုံးဆီတင္သြင္းမႈသာမက ဘဏ္၊ တယ္လီကြန္း၊ သစ္ ႏွင့္ ေက်ာက္မ်က္လုပ္ငန္းမ်ားပါ လုပ္ကိုင္ေနသည့္ ေ႐ႊဗ်ိဳင္းျဖဴလုပ္ငန္းစုသည္ ၎တို႔၏ စက္သုံးဆီကုမၸဏီကို လူမြဲခံယူျခင္းဆိုင္ရာ ဥပေဒကို အသုံးျပဳၿပီး ဖ်က္သိမ္းခဲ့ျခင္းျဖစ္သည္။
“၂၀၂၂ ခုႏွစ္တုန္းက ဝင္ေငြခြန္ အမ်ားဆုံးေဆာင္တဲ့ နံပါတ္စဥ္ ၅ မွာရွိတဲ့ ကုမၸဏီက ေဒဝါလီခံတယ္ဆိုတာ အံဩစရာဘဲ” ဟု ထိပ္တန္း စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။
ေ႐ႊဗ်ိဳင္းျဖဴလုပ္ငန္းစုသည္ M1 Group ႏွင့္ ပူးေပါင္းကာ တယ္လီေနာ ကုမၸဏီ၏ ရွယ္ယာ (၈၀) ရာခိုင္ႏႈန္းကို ဝယ္ယူထားသည္။
ဦးသိန္းဝင္းေဇာ္ ထူေထာင္ထားေသာ ေ႐ႊဗ်ိဳင္းျဖဴလုပ္ငန္းစုသည္ ေလာင္စာဆီလုပ္ငန္း၊ သတၱဳတူးေဖာ္ေရးလုပ္ငန္း ၊ ေက်ာက္စိမ္း ႏွင့္ ရတနာတူးေဖာ္ေရးလုပ္ငန္း၊ ပို႔ေဆာင္ေရး၊ ထုတ္လုပ္ေရးႏွင့္ ကုန္ သြယ္ေရး လုပ္ငန္းမ်ားကို ျပည္တြင္း၌လုပ္ကိုင္ေနျခင္းျဖစ္သည္။