တိုးကြောင်ကလေးဘူတာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ကိုယ်ဝန်ဆောင်သည်တစ်ဦး အပါအဝင် (၉)ဦး ထိခိုက် ဒဏ်ရာရရှိ

765

စော (NP News) - ဩဂုတ် ၁၃
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ တိုးကြောင်ကလေးဘူတာအနီးတွင် အိမ်စီးကားနှင့် လိုက်ထရက်ကားတို့ တိုက်မိ ၍ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး အပါအဝင် လူ(၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ် ၁၃ရက်) နံနက် (၆)နာရီ (၃ဝ) မိနစ် ဝန်းကျင်အချိန်တွင် အမှတ်(၂)လမ်းမကြီး၊ တိုးကြောင်ကလေးဘူတာအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စေတနာရှင်ပရဟိတအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ကြားတာတော့ အိမ်စီးကားက လမ်းပြောင်းပြန်တက်လာတဲ့အချိန်မှာ လိုက်ထရက်ကားက ရှောင်လိုက်ရင်းနဲ့ အရှိန်နဲ့ဆိုတော့ လှိမ့်သလို ပက်လက်ကြီးဖြစ်သွားတယ် ပြောတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူကတော့ (၉) ယောက်ပေါ့။ Light Truck ကားပေါ်မှာ (၁၂) ယောက် ပါတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ဖြစ်ပြီးမှရောက်တာဆိုတော့ သူများပြောတာကိုပဲ သိရတာပါ” ဟု စေတနာရှင်ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
ယာဉ်တိုက်မှုကြောင့် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး အပါအဝင် (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ (၉)ဦးအနက် အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၂)ဦးအား စံပြဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
တိုးေၾကာင္ကေလးဘူတာအနီး၌ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ကိုယ္ဝန္ေဆာင္သည္တစ္ဦး အပါအဝင္ (၉)ဦး ထိခိုက္ ဒဏ္ရာရရွိ
ေစာ (NP News) - ဩဂုတ္ ၁၃
ရန္ကုန္တိုင္း၊ ေတာင္ဒဂုံၿမိဳ႕နယ္၊ တိုးေၾကာင္ကေလးဘူတာအနီးတြင္ အိမ္စီးကားႏွင့္ လိုက္ထရက္ကားတို႔ တိုက္မိ ၍ ကိုယ္ဝန္ေဆာင္သည္အမ်ိဳးသမီးတစ္ဦး အပါအဝင္ လူ(၉)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္ ၁၃ရက္) နံနက္ (၆)နာရီ (၃ဝ) မိနစ္ ဝန္းက်င္အခ်ိန္တြင္ အမွတ္(၂)လမ္းမႀကီး၊ တိုးေၾကာင္ကေလးဘူတာအနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေစတနာရွင္ပရဟိတအသင္းထံမွ သိရသည္။
“ကြၽန္ေတာ္တို႔ၾကားတာေတာ့ အိမ္စီးကားက လမ္းေျပာင္းျပန္တက္လာတဲ့အခ်ိန္မွာ လိုက္ထရက္ကားက ေရွာင္လိုက္ရင္းနဲ႔ အရွိန္နဲ႔ဆိုေတာ့ လွိမ့္သလို ပက္လက္ႀကီးျဖစ္သြားတယ္ ေျပာတယ္။ ထိခိုက္ဒဏ္ရာရတဲ့ လူကေတာ့ (၉) ေယာက္ေပါ့။ Light Truck ကားေပၚမွာ (၁၂) ေယာက္ ပါတယ္လို႔ ေျပာတယ္။ ကြၽန္ေတာ္တို႔က ျဖစ္ၿပီးမွေရာက္တာဆိုေတာ့ သူမ်ားေျပာတာကိုပဲ သိရတာပါ” ဟု ေစတနာရွင္ပရဟိတအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
ယာဥ္တိုက္မႈေၾကာင့္ ကိုယ္ဝန္ေဆာင္သည္အမ်ိဳးသမီးတစ္ဦး အပါအဝင္ (၉)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ထိခိုက္ဒဏ္ရာရရွိသူ (၉)ဦးအနက္ အမ်ိဳးသား(၂)ဦး ႏွင့္ အမ်ိဳးသမီး(၂)ဦးအား စံျပေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။