ရွှေတုံး၊ ရွှေခဲရောင်းဝယ်မှုများကို Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော

 1486

NP News - သြဂုတ် ၁၃

ရွှေတုံး၊ ရွှေခဲရောင်းဝယ်မှုများကို Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌက ယမန်နေ့(သြဂုတ် ၁၂ ရက်) တွင် နေပြည်တော်၌ ကျင်းပသည့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားငွေရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သော ဇွန်လ ၂၂ ရက်တွင် ဗဟိုဘဏ်က ဦးဆောင်ကာ AD လိုင်စင်ရဘဏ်များနှင့် Customer များအကြား၊ Customer အချင်းချင်းအကြား ရောင်းဝယ်မှုများကို Online Trading အစီအစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။

၎င်း Online Trading အစီအစဉ်တွင် နိုင်ငံခြားငွေရောင်းလိုအားနှင့် ဝယ်လိုအားမျှတရန် ဗဟိုဘဏ်အနေဖြင့် လိုအပ်သလို ငွေကြေးပံ့ပိုးပေးခြင်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် Online Trading အစီအစဉ်ဆောင်ရွက်နေသကဲ့သို့ ရွှေတုံး၊ ရွှေခဲ ရောင်းဝယ်မှုများတွင်လည်း Online Trading အစီအစဉ်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ က ပြောသည်။

ရွှေဈေးကွက်တည်ငြိမ်ရေးအတွက် အလေးချိန်သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးသတ်မှတ်ချက် စံချိန်စံညွှန်းနှင့် ဈေးနှုန်းသတ်မှတ်တွက်ချက်သည့် လုပ်ငန်းအစီအစဉ်များအတိုင်း တရားဝင်မှတ်ပုံတင်လက်မှတ်ရှိ သူများသာ Online Trading အစီအစဉ်တွင် ရောင်းဝယ်ခွင့်ပြုရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

တပ်မတော်အနေဖြင့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏရယူခဲ့ပြီးနောက် ယင်းနှစ်ကုန်ပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်းသည် ငွေကျပ်(၁၈)သိန်းဝန်းကျင်ရှိခဲ့ပြီး ၎င်းမှတစ်ဆင့် တဖြည်းဖြည်း မြှင့်တက် လာခဲ့ရာ လက်ရှိတွင် (၃၅)သိန်းဝန်းကျင်အထိ ဖြစ်ပေါ်နေလျက်ရှိသည်။

ရွှေဈေးနှုန်း တည်ငြိမ်ကျဆင်ရေးအတွက် အစိုးရ၏ ရွှေဒင်္ဂါးပြားများကို ထုတ်ရောင်းခြင်းနှင့် ရွှေဈေးကွက်အား စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ခြင်းများကို နစကမှ ဆောင်ရွက်ခဲ့သော်လည်း ရွှေဈေးနှုန်းတည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်မှု နည်းပါးခဲ့သည်ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။

Zawgyi Version;
ေ႐ႊတုံး၊ ေ႐ႊခဲေရာင္းဝယ္မႈမ်ားကို Online Trading အစီအစဥ္ျဖင့္ ေဆာင္႐ြက္ရန္လိုအပ္ဟု ဗဟိုဘဏ္ဥကၠ႒ ေျပာ
NP News - ၾသဂုတ္ ၁၃

ေ႐ႊတုံး၊ ေ႐ႊခဲေရာင္းဝယ္မႈမ်ားကို Online Trading အစီအစဥ္ျဖင့္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာသည္။

ဗဟိုဘဏ္ဥကၠ႒က ယမန္ေန႔(ၾသဂုတ္ ၁၂ ရက္) တြင္ ေနျပည္ေတာ္၌ က်င္းပသည့္ ေ႐ႊႏွင့္ ေငြေၾကးေဈးကြက္ ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ႏိုင္ငံျခားေငြေရာင္းဝယ္ျခင္းႏွင့္ပတ္သက္၍ ၿပီးခဲ့ေသာ ဇြန္လ ၂၂ ရက္တြင္ ဗဟိုဘဏ္က ဦးေဆာင္ကာ AD လိုင္စင္ရဘဏ္မ်ားႏွင့္ Customer မ်ားအၾကား၊ Customer အခ်င္းခ်င္းအၾကား ေရာင္းဝယ္မႈမ်ားကို Online Trading အစီအစဥ္ျဖင့္ စတင္ေဆာင္႐ြက္ခဲ့သည္။

၎ Online Trading အစီအစဥ္တြင္ ႏိုင္ငံျခားေငြေရာင္းလိုအားႏွင့္ ဝယ္လိုအားမွ်တရန္ ဗဟိုဘဏ္အေနျဖင့္ လိုအပ္သလို ေငြေၾကးပံ့ပိုးေပးျခင္းမ်ားကို ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ Online Trading အစီအစဥ္ေဆာင္႐ြက္ေနသကဲ့သို႔ ေ႐ႊတုံး၊ ေ႐ႊခဲ ေရာင္းဝယ္မႈမ်ားတြင္လည္း Online Trading အစီအစဥ္ေဆာင္႐ြက္ရန္ လိုအပ္သည္ဟု ဥကၠ႒ေဒၚသန္းသန္းေဆြ က ေျပာသည္။

ေ႐ႊေဈးကြက္တည္ၿငိမ္ေရးအတြက္ အေလးခ်ိန္သတ္မွတ္စံခ်ိန္စံၫႊန္း၊ အရည္အေသြးသတ္မွတ္ခ်က္ စံခ်ိန္စံၫႊန္းႏွင့္ ေဈးႏႈန္းသတ္မွတ္တြက္ခ်က္သည့္ လုပ္ငန္းအစီအစဥ္မ်ားအတိုင္း တရားဝင္မွတ္ပုံတင္လက္မွတ္ရွိ သူမ်ားသာ Online Trading အစီအစဥ္တြင္ ေရာင္းဝယ္ခြင့္ျပဳရန္လိုအပ္ေၾကာင္းလည္း ၎က ဆက္လက္ ေျပာသည္။

တပ္မေတာ္အေနျဖင့္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႏိုင္ငံေတာ္အာဏရယူခဲ့ၿပီးေနာက္ ယင္းႏွစ္ကုန္ပိုင္းတြင္ အေခါက္ေ႐ႊ တစ္က်ပ္သားေဈးႏႈန္းသည္ ေငြက်ပ္(၁၈)သိန္းဝန္းက်င္ရွိခဲ့ၿပီး ၎မွတစ္ဆင့္ တျဖည္းျဖည္း ျမႇင့္တက္ လာခဲ့ရာ လက္ရွိတြင္ (၃၅)သိန္းဝန္းက်င္အထိ ျဖစ္ေပၚေနလ်က္ရွိသည္။

ေ႐ႊေဈးႏႈန္း တည္ၿငိမ္က်ဆင္ေရးအတြက္ အစိုးရ၏ ေ႐ႊဒဂၤါးျပားမ်ားကို ထုတ္ေရာင္းျခင္းႏွင့္ ေ႐ႊေဈးကြက္အား ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္ျခင္းမ်ားကို နစကမွ ေဆာင္႐ြက္ခဲ့ေသာ္လည္း ေ႐ႊေဈးႏႈန္းတည္ၿငိမ္မႈအေပၚ အက်ိဳးသက္ေရာက္မႈ နည္းပါးခဲ့သည္ဟု သုံးသပ္မႈမ်ားလည္း ရွိခဲ့သည္။

Related news

© 2021. All rights reserved.