တန်ဇန်းနီးယားနိုင်ငံ၊ ကီလီမန်ဂျာရို တောင်တက်ခရီးမှာ စင်ကာပူနိုင်ငံသားတစ်ဦး သေဆုံး

 495

ရောင်နီ (NP News) - သြဂုတ် ၁၄

တန်ဇန်းနီးယားနိုင်ငံရှိ ကီလီမန်ဂျာရိုတောင်တက်ပြိုင်ပွဲမှာ တောင်တက်ရင်း အဖျားဝင်ခြင်းကြောင့် စင်ကာပူ နိုင်ငံသားတစ်ဦး သေဆုံးခဲ့တယ်လို့ စနေနေ့ ( သြဂုတ်လ ၁၂ ရက်) မှာ သိရပါတယ်။

ဒေသန္တရ ခရီးသွားအေဂျင်စီ Adventures Unlimited က စနေနေ့ (သြဂုတ် ၁၂ ရက်) နံနက်အစောပိုင်းက သူတို့ရဲ့ Facebook အကောင့်မှာ အဆိုပါသေဆုံးသတင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ တောင်တက်ပွဲကို သြဂုတ် ၃ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ စင်ကာပူအမျိုးသားဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး၊ ၎င်းဟာ ခရီးစဉ်တစ်လျှောက်လုံးမှာ ပုံမှန်နေ့တွေ လိုပဲ ကျန်းမာရေးကောင်းမွန်စွာနဲ့ လိုက်ပါလာခဲ့သူဖြစ်တယ်လို့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့်၊ တောင်တက်ခရီးစဉ်ရဲ့မနက်ခင်းတစ်ခုမှာ သူဟာ အောက်ဆီဂျင် ထိုးကျသွားခဲ့ပြီး နှလုံးခုန်နှုန်းလည်း တိုးလာခဲ့တာ ကြောင့် ဘေးကင်းရေးစည်းမျည်းစည်းကမ်းများအတိုင်း စခန်းချနေရာကို ခေါ်ဆောင်သွားခဲ့ကာ အနီးကပ် စောင့်ကြည့်ခဲ့တယ်လို့ အဆိုပါသူငယ်ချင်းဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေး ရှုပ်ထွေးမှုတွေနဲ့ အတူ အခြေအနေဆိုးရွားလာခဲ့ပြီး အသက်ရှုကြပ်ကာ အဆုပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။ သေဆုံးသူရဲ့မိသားစုကို ကောင်စစ်ဝန်အကူအညီနဲ့ အသိပေးဖို့ လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) မှ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့ (သြဂုတ်လ ၁၃ ရက်) မှာ ပြောကြားပါတယ်။

အမြင့် ၅၈၉၅ မီတာရှိတဲ့ ကီလီမန်ဂျာရိုတောင်ဟာ အာဖရိကရဲ့အမြင့်ဆုံး တောင်ထွတ်ဖြစ်ပြီး စွန့်စားရှာဖွေသူတွေ ကြား ရေပန်းစားပါတယ်။ ကီလီမန်ဂျာရို တောင်ပေါ်မှာ လူသေဆုံးမှုဟာ အလွန်ရှားပါးပြီး ဖြစ်နိုင်ခြေ ၁ ရာခိုင်နှုန်း အောက်သာရှိတယ်လို့ Adventures Unlimited က ဆိုပါတယ်။

Zawgyi Version;
တန္ဇန္းနီးယားႏိုင္ငံ၊ ကီလီမန္ဂ်ာ႐ို ေတာင္တက္ခရီးမွာ စင္ကာပူႏိုင္ငံသားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၁၄

တန္ဇန္းနီးယားႏိုင္ငံရွိ ကီလီမန္ဂ်ာ႐ိုေတာင္တက္ၿပိဳင္ပြဲမွာ ေတာင္တက္ရင္း အဖ်ားဝင္ျခင္းေၾကာင့္ စင္ကာပူ ႏိုင္ငံသားတစ္ဦး ေသဆုံးခဲ့တယ္လို႔ စေနေန႔ ( ၾသဂုတ္လ ၁၂ ရက္) မွာ သိရပါတယ္။

ေဒသႏၲရ ခရီးသြားေအဂ်င္စီ Adventures Unlimited က စေနေန႔ (ၾသဂုတ္ ၁၂ ရက္) နံနက္အေစာပိုင္းက သူတို႔ရဲ႕ Facebook အေကာင့္မွာ အဆိုပါေသဆုံးသတင္းကို ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ ေတာင္တက္ပြဲကို ၾသဂုတ္ ၃ ရက္မွ ၾသဂုတ္ ၁၁ ရက္အထိ က်င္းပဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

ေသဆုံးခဲ့တဲ့ စင္ကာပူအမ်ိဳးသားဟာ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္ၿပီး၊ ၎ဟာ ခရီးစဥ္တစ္ေလွ်ာက္လုံးမွာ ပုံမွန္ေန႔ေတြ လိုပဲ က်န္းမာေရးေကာင္းမြန္စြာနဲ႔ လိုက္ပါလာခဲ့သူျဖစ္တယ္လို႔ ၎ရဲ႕သူငယ္ခ်င္းျဖစ္သူက ဆိုပါတယ္။ ဒါေပမယ့္၊ ေတာင္တက္ခရီးစဥ္ရဲ႕မနက္ခင္းတစ္ခုမွာ သူဟာ ေအာက္ဆီဂ်င္ ထိုးက်သြားခဲ့ၿပီး ႏွလုံးခုန္ႏႈန္းလည္း တိုးလာခဲ့တာ ေၾကာင့္ ေဘးကင္းေရးစည္းမ်ည္းစည္းကမ္းမ်ားအတိုင္း စခန္းခ်ေနရာကို ေခၚေဆာင္သြားခဲ့ကာ အနီးကပ္ ေစာင့္ၾကည့္ခဲ့တယ္လို႔ အဆိုပါသူငယ္ခ်င္းျဖစ္သူက ဆိုပါတယ္။ ဒါေပမယ့္လည္း က်န္းမာေရး ရႈပ္ေထြးမႈေတြနဲ႔ အတူ အေျခအေနဆိုး႐ြားလာခဲ့ၿပီး အသက္ရႈၾကပ္ကာ အဆုပ္ေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တယ္လို႔ ၎က ဆိုပါတယ္။ ေသဆုံးသူရဲ႕မိသားစုကို ေကာင္စစ္ဝန္အကူအညီနဲ႔ အသိေပးဖို႔ လုပ္ေဆာင္ေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန (MFA) မွ ေျပာေရးဆိုခြင့္ရွိသူက တနဂၤေႏြေန႔ (ၾသဂုတ္လ ၁၃ ရက္) မွာ ေျပာၾကားပါတယ္။

အျမင့္ ၅၈၉၅ မီတာရွိတဲ့ ကီလီမန္ဂ်ာ႐ိုေတာင္ဟာ အာဖရိကရဲ႕အျမင့္ဆုံး ေတာင္ထြတ္ျဖစ္ၿပီး စြန႔္စားရွာေဖြသူေတြ ၾကား ေရပန္းစားပါတယ္။ ကီလီမန္ဂ်ာ႐ို ေတာင္ေပၚမွာ လူေသဆုံးမႈဟာ အလြန္ရွားပါးၿပီး ျဖစ္ႏိုင္ေျခ ၁ ရာခိုင္ႏႈန္း ေအာက္သာရွိတယ္လို႔ Adventures Unlimited က ဆိုပါတယ္။

Related news

© 2021. All rights reserved.