စင်ကာပူ ပရဟိတ ပိုလိုဂိမ်းပြိုင်ပွဲမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ ပါဝင်ယှဉ်ပြိုင်ခဲ့

 928

ရောင်နီ (NP News) - သြဂုတ် ၁၄

ဗြိတိန်မင်းသား ဟယ်ရီဟာ စင်္ကာပူမှာ စနေနေ့ (သြဂုတ်လ ၁၂ ရက်) က ပြုလုပ်တဲ့ ပရဟိတ ပိုလိုဂိမ်းတစ်ခုမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲကို ဆူဆက်မြို့စားအဖွဲ့ Royal Salute Sentebale က စင်ကာပူပိုလိုကလပ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး မင်းသားဟယ်ရီဟာ ၎င်းရဲ့သူငယ်ချင်း၊ အာဂျင်တီးနား ပိုလို ဂုရု နာချိုဖစ်ဂါရာစ်နဲ့အတူ ယှဉ်ပြိုင်ခဲ့ပါတယ်။

ပွဲကတော့ ၇-၇ သရေနဲ့ ပြီးဆုံးခဲ့ပြီး နှစ်သင်းစလုံးက ဆုဖလားတွေ အပြန်အလှန် မျှဝေခဲ့ကြပါတယ်။ အဆိုပါပွဲမှ ရရှိတဲ့ အမြတ်ငွေတွေကို အာဖရိကတိုက်ရှိ HIV နဲ့ AIDS ဝေဒနာရှင် လူငယ်တွေကို ပံ့ပိုးပေးတဲ့ Prince Seeiso of Lesotho နဲ့ ပူးတွဲတည်ထောင်ထားတဲ့ Prince Harry's Sentebale ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယနေ့အထိ ပေါင် ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁၃.၉ သန်း) ကျော် ရရှိထားတဲ့ အဆိုပါနှစ်စဉ် ရန်ပုံငွေရှာဖွေပွဲ အခမ်းအနားမှာ မင်းသားဟယ်ရီ က "ကျွန်ုပ်တို့ရဲ့အလုပ်ဟာ ကျွန်ုပ်တို့ရဲ့တာဝန်မှာ အမြစ်တွယ်နေခဲ့ပြီး ကျွန်ုပ်တို့ ရဲ့ ကွယ်လွန်သူမိခင်တွေကို ဂုဏ်ပြုသောအားဖြင့်၊ ကျွန်ုပ်တို့က ကလေးတွေအားလုံးရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးလိုပါတယ်။ အာဖရိကတောင်ပိုင်းက လူငယ်တွေ ကျန်းမာကြပြီ ရည်မှန်းချက်တွေနဲ့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

မင်းသားဟာ တူညီတဲ့ ပရဟိတလုပ်ငန်းတွေအတွက် ရန်ပုံငွေရှာဖွေဖို့ စင်ကာပူကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပြီး ၎င်းတို့ရဲ့ ပရဟိတ ပြိုင်ပွဲကို All Blacks ရက်ဘီကြယ်ပွင့်ဟောင်း Dan Carter အပါအဝင် ဧည့်သည် ၂၆ဝ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူ ပရဟိတ ပိုလိုဂိမ္းၿပိဳင္ပြဲမွာ ၿဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီ ပါဝင္ယွဥ္ၿပိဳင္ခဲ့
ေရာင္နီ (NP News) - ၾသဂုတ္ ၁၄

ၿဗိတိန္မင္းသား ဟယ္ရီဟာ စကၤာပူမွာ စေနေန႔ (ၾသဂုတ္လ ၁၂ ရက္) က ျပဳလုပ္တဲ့ ပရဟိတ ပိုလိုဂိမ္းတစ္ခုမွာ ပါဝင္ ယွဥ္ၿပိဳင္ခဲ့ပါတယ္။

အဆိုပါၿပိဳင္ပြဲကို ဆူဆက္ၿမိဳ႕စားအဖြဲ႕ Royal Salute Sentebale က စင္ကာပူပိုလိုကလပ္မွာ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ၿပီး မင္းသားဟယ္ရီဟာ ၎ရဲ႕သူငယ္ခ်င္း၊ အာဂ်င္တီးနား ပိုလို ဂု႐ု နာခ်ိဳဖစ္ဂါရာစ္နဲ႔အတူ ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ပြဲကေတာ့ ၇-၇ သေရနဲ႔ ၿပီးဆုံးခဲ့ၿပီး ႏွစ္သင္းစလုံးက ဆုဖလားေတြ အျပန္အလွန္ မွ်ေဝခဲ့ၾကပါတယ္။ အဆိုပါပြဲမွ ရရွိတဲ့ အျမတ္ေငြေတြကို အာဖရိကတိုက္ရွိ HIV နဲ႔ AIDS ေဝဒနာရွင္ လူငယ္ေတြကို ပံ့ပိုးေပးတဲ့ Prince Seeiso of Lesotho နဲ႔ ပူးတြဲတည္ေထာင္ထားတဲ့ Prince Harry's Sentebale ေဖာင္ေဒးရွင္းကို လႉဒါန္းသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ယေန႔အထိ ေပါင္ ၁၁ သန္း (အေမရိကန္ေဒၚလာ ၁၃.၉ သန္း) ေက်ာ္ ရရွိထားတဲ့ အဆိုပါႏွစ္စဥ္ ရန္ပုံေငြရွာေဖြပြဲ အခမ္းအနားမွာ မင္းသားဟယ္ရီ က "ကြၽႏ္ုပ္တို႔ရဲ႕အလုပ္ဟာ ကြၽႏ္ုပ္တို႔ရဲ႕တာဝန္မွာ အျမစ္တြယ္ေနခဲ့ၿပီး ကြၽႏ္ုပ္တို႔ ရဲ႕ ကြယ္လြန္သူမိခင္ေတြကို ဂုဏ္ျပဳေသာအားျဖင့္၊ ကြၽႏ္ုပ္တို႔က ကေလးေတြအားလုံးရဲ႕ ရည္မွန္းခ်က္ေတြကို ျဖည့္ဆည္းေပးလိုပါတယ္။ အာဖရိကေတာင္ပိုင္းက လူငယ္ေတြ က်န္းမာၾကၿပီ ရည္မွန္းခ်က္ေတြနဲ႔ အိမ္မက္ေတြ အေကာင္အထည္ေဖာ္ႏိုင္ၾကပါေစလို႔ ဆုေတာင္းပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

မင္းသားဟာ တူညီတဲ့ ပရဟိတလုပ္ငန္းေတြအတြက္ ရန္ပုံေငြရွာေဖြဖို႔ စင္ကာပူကို သြားေရာက္လည္ပတ္ခဲ့တာ ျဖစ္ၿပီး ၎တို႔ရဲ႕ ပရဟိတ ၿပိဳင္ပြဲကို All Blacks ရက္ဘီၾကယ္ပြင့္ေဟာင္း Dan Carter အပါအဝင္ ဧည့္သည္ ၂၆ဝ ခန႔္ တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.