ဂျပန်မှာ ကိုဗစ်-၁၉ ပိတ်ဆို့မှုတွေအတွင်း ဆူမိုနပန်းပညာ လူစိတ်ဝင်စားမှု တစ်ဖန်မြင့်တက်လာ

 428

ရောင်နီ (NP News) - သြဂုတ် ၁၄

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ပိတ်ဆို့ကန့်သတ်မှုတွေပြုလုပ်ခဲ့ရတဲ့ကာလအတွင်း ဂျပန်ဆူမို အတတ်ပညာဟာ လူစိတ်ဝင်စားမှုပြန်လည်မြင့်တက်လာခဲ့တယ်လို့ The Straits Times သတင်းဌာနမှ တနင်္ဂနွေ နေ့ (သြဂုတ်လ ၁၃ ရက်နေ့) က ဖော်ပြတဲ့သတင်းအရ သိရပါတယ်။

မကြာသေးမီက ရေပန်းစားခဲ့တဲ့ Netflix ရဲ့ဒရာမာအသစ် "Sanctuary" ဟာလည်း ဆူမိုအားကစားကို လေ့လာဖို့အတွက် နိုင်ငံခြားခရီးသွားတွေ ဂျပန်နိုင်ငံကို ခရီးထွက်လာစေဖို့ တွန်းအားပေးနိုင်ခဲ့ပါတယ်။ ဆူမို အားကစားဟာ ဂျပန်နိုင်ငံရဲ့အမျိုးသား အားကစားဖြစ်ပြီး နှစ်ရာနဲ့ချီ သက်တမ်းရှိ ရိုးရာဓလေ့အတိုင်း တည်ရှိနေတဲ့ အားကစားတစ်ရပ်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်ကာလနှစ်တွေအတွင်း လူတွေ ဆိုရှယ်မီဒီယာမှာ အချိန်ဖြုန်းလာကြတဲ့အချိန်မှာ ဆူမို အားကစားဟာ လူစိတ်ဝင်စားမှုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း တိုကျိုမြို့ရဲ့လူစည်ကားတဲ့ စားသောက် ဆိုင်တစ်ခုမှာ ဆူမိုနပန်းသမား ၂ ယောက်က သရုပ်ပြဖျော်ဖြေမှုပြုလုပ်ခဲ့ရာ အားပေးသူ ပွဲကြည့်ပုရိသတ်တွေ များစွာရှိခဲ့သလို ယန်း ၁၁ဝဝဝ နဲ့ ရောင်းချခဲ့တဲ့ ဆူမို အပတ်စဉ် ဆူမိုနပန်း ၃ ပွဲ ကြည့်ရှုခွင့် လက်မှတ်တွေဟာလည်း အဲဒီပွဲပြီးနောက် နောက်သီတင်း ခြောက်ပတ်အတွင်း ရောင်းကုန်သွားခဲ့ပါတယ်။

ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်တဲ့ ထိပ်တန်းပရော်ဖက်ရှင်နယ် နပန်းသမားဟောင်း ဂျိုကောရူလို့ လူသိများတဲ့ တာကာယူကီဆာကူမာ (အခုအငြိမ်းစားယူထားသူ) က ဆူမိုနပန်းသမားတွေကို "သင့်ရဲ့ကျွမ်းကျင်မှုဟာ သင့် အပေါ်မှာ မူတ်ာနေတယ်၊ ဒါကို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့" လို့ ပြောကြားခဲ့ပါတယ်။

Japan Sumo Association မှ ၂ဝ၂၂ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အင်္ဂလိပ် YouTube ချန်နယ် Sumo Prime Time ချန်နယ်ဟာလည်း အခုအချိန်မှာ ၎င်းရဲ့ဗီဒီယိုတွေဟာ ကြည့်ရှုသူ သောင်းနဲ့ချီ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ဂ်ပန္မွာ ကိုဗစ္-၁၉ ပိတ္ဆို႔မႈေတြအတြင္း ဆူမိုနပန္းပညာ လူစိတ္ဝင္စားမႈ တစ္ဖန္ျမင့္တက္လာ
ေရာင္နီ (NP News) - ၾသဂုတ္ ၁၄

ဂ်ပန္ႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္မႈေတြေၾကာင့္ ပိတ္ဆို႔ကန္႔သတ္မႈေတြျပဳလုပ္ခဲ့ရတဲ့ကာလအတြင္း ဂ်ပန္ဆူမို အတတ္ပညာဟာ လူစိတ္ဝင္စားမႈျပန္လည္ျမင့္တက္လာခဲ့တယ္လို႔ The Straits Times သတင္းဌာနမွ တနဂၤေႏြ ေန႔ (ၾသဂုတ္လ ၁၃ ရက္ေန႔) က ေဖာ္ျပတဲ့သတင္းအရ သိရပါတယ္။

မၾကာေသးမီက ေရပန္းစားခဲ့တဲ့ Netflix ရဲ႕ဒရာမာအသစ္ "Sanctuary" ဟာလည္း ဆူမိုအားကစားကို ေလ့လာဖို႔အတြက္ ႏိုင္ငံျခားခရီးသြားေတြ ဂ်ပန္ႏိုင္ငံကို ခရီးထြက္လာေစဖို႔ တြန္းအားေပးႏိုင္ခဲ့ပါတယ္။ ဆူမို အားကစားဟာ ဂ်ပန္ႏိုင္ငံရဲ႕အမ်ိဳးသား အားကစားျဖစ္ၿပီး ႏွစ္ရာနဲ႔ခ်ီ သက္တမ္းရွိ ႐ိုးရာဓေလ့အတိုင္း တည္ရွိေနတဲ့ အားကစားတစ္ရပ္လည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ကိုဗစ္ကာလႏွစ္ေတြအတြင္း လူေတြ ဆိုရွယ္မီဒီယာမွာ အခ်ိန္ျဖဳန္းလာၾကတဲ့အခ်ိန္မွာ ဆူမို အားကစားဟာ လူစိတ္ဝင္စားမႈျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း တိုက်ိဳၿမိဳ႕ရဲ႕လူစည္ကားတဲ့ စားေသာက္ ဆိုင္တစ္ခုမွာ ဆူမိုနပန္းသမား ၂ ေယာက္က သ႐ုပ္ျပေဖ်ာ္ေျဖမႈျပဳလုပ္ခဲ့ရာ အားေပးသူ ပြဲၾကည့္ပုရိသတ္ေတြ မ်ားစြာရွိခဲ့သလို ယန္း ၁၁ဝဝဝ နဲ႔ ေရာင္းခ်ခဲ့တဲ့ ဆူမို အပတ္စဥ္ ဆူမိုနပန္း ၃ ပြဲ ၾကည့္ရႈခြင့္ လက္မွတ္ေတြဟာလည္း အဲဒီပြဲၿပီးေနာက္ ေနာက္သီတင္း ေျခာက္ပတ္အတြင္း ေရာင္းကုန္သြားခဲ့ပါတယ္။

ၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္တဲ့ ထိပ္တန္းပေရာ္ဖက္ရွင္နယ္ နပန္းသမားေဟာင္း ဂ်ိဳေကာ႐ူလို႔ လူသိမ်ားတဲ့ တာကာယူကီဆာကူမာ (အခုအၿငိမ္းစားယူထားသူ) က ဆူမိုနပန္းသမားေတြကို "သင့္ရဲ႕ကြၽမ္းက်င္မႈဟာ သင့္ အေပၚမွာ မူတ္ာေနတယ္၊ ဒါကို ေပါ့ေပါ့တန္တန္ သေဘာမထားပါနဲ႔" လို႔ ေျပာၾကားခဲ့ပါတယ္။

Japan Sumo Association မွ ၂ဝ၂၂ ခုႏွစ္က ဖြင့္လွစ္ခဲ့တဲ့ အဂၤလိပ္ YouTube ခ်န္နယ္ Sumo Prime Time ခ်န္နယ္ဟာလည္း အခုအခ်ိန္မွာ ၎ရဲ႕ဗီဒီယိုေတြဟာ ၾကည့္ရႈသူ ေသာင္းနဲ႔ခ်ီ ရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.