မူဆယ်မြို့ရှိ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား TNLA အဖွဲ့က ဖြိုဖျက်ခဲ့မှုပေါ် အပြင်းအထန်ဆန့်ကျင်ရှုတ်ချကြောင်း SSPP ကြေညာ

 5317

NP News - သြဂုတ် ၁၄

ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား TNLA အဖွဲ့ဝင်များက ဖြိုဖျက်ခဲ့မှုအပေါ် အပြင်းအထန်ဆန့်ကျင်ရှုတ်ချကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ကြေညာလိုက်သည်။

ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က သြဂုတ်လ ၁၂ ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

မူဆယ်မြို့နယ်၊ စယ်လန့်ရှိ ရှမ်းဧကရာဇ်မင်းကြီး စဝ်ဆေခန်ဖလက်ထက် သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို သြဂုတ်လ ၇ ရက် ညနေပိုင်းတွင် PSLF/TNLA တပ်ဖွဲ့ဝင်များက ဘော်ဒိုဇာဖြင့် ဖြိုဖျက်ခဲ့ကြောင်း သိရှိရသည်ဟု SSPP ကပြောသည်။

ထို့ကြောင့် အဆိုပါလုပ်ရပ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ပြင်းပြင်းထန်ထန်ဆန့်ကျင်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုသားချင်းစုစည်းညီညွတ်ရေး အရေးတကြီးလုပ် ဆောင်ရန် လိုအပ်နေသည့်အချိန်တွင် အချင်းချင်းသွေးကွဲစေမည့် အပြုအမူများကို မလုပ်မိစေရန် အထူးသတိထားရမည်ဟု SSPP က ပြောသည်။

သမိုင်းရှေးဟောင်းအမွေအနှစ်များအား ဖျက်ဆီးသော လုပ်ဆောင်ချက်ကို လက်မခံနိုင်ကြောင်းနှင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဖြစ်စေ စာပေယဉ်ကျေးမှုနှင့်ထုံးတမ်းသမိုင်းစဉ်လာများကို မထေမဲ့မြင်မျက်ကွယ်ပြုသည့် လုပ်ဆောင်ချက်သာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရှမ်းဧကရာဇ်မင်းကြီး စဝ်ဆေခန်ဖလက်ထက် သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား ဖျက်ဆီးသည့်လုပ်ရပ်အပေါ် ရဟန်းရှင်လူပြည်သူများ ကျေနပ်မှုရှိစေရေး သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ရှင်းလင်းပေးရန်လည်း ရှမ်းပြည်တိုးတက်ရေးပါတီက တောင်းဆိုထားသည်။

ပြီးခဲ့သော ရက်ပိုင်းများအတွင်းကလည်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် တပ်မတော်တို့အကြား၌ မူဆယ်မြို့၊ စယ်လန့်ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
မူဆယ္ၿမိဳ႕ရွိ သမိုင္းဝင္ေရွးေဟာင္းၿမိဳ႕႐ိုးအား TNLA အဖြဲ႕က ၿဖိဳဖ်က္ခဲ့မႈေပၚ အျပင္းအထန္ဆန႔္က်င္ရႈတ္ခ်ေၾကာင္း SSPP ေၾကညာ

NP News - ၾသဂုတ္ ၁၄

ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕ရွိ သမိုင္းဝင္ေရွးေဟာင္းၿမိဳ႕႐ိုးအား TNLA အဖြဲ႕ဝင္မ်ားက ၿဖိဳဖ်က္ခဲ့မႈအေပၚ အျပင္းအထန္ဆန႔္က်င္ရႈတ္ခ်ေၾကာင္း ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP)က ေၾကညာလိုက္သည္။

ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP/SSA)က ၾသဂုတ္လ ၁၂ ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

မူဆယ္ၿမိဳ႕နယ္၊ စယ္လန႔္ရွိ ရွမ္းဧကရာဇ္မင္းႀကီး စဝ္ေဆခန္ဖလက္ထက္ သမိုင္းဝင္ေရွးေဟာင္းၿမိဳ႕႐ိုးကို ၾသဂုတ္လ ၇ ရက္ ညေနပိုင္းတြင္ PSLF/TNLA တပ္ဖြဲ႕ဝင္မ်ားက ေဘာ္ဒိုဇာျဖင့္ ၿဖိဳဖ်က္ခဲ့ေၾကာင္း သိရွိရသည္ဟု SSPP ကေျပာသည္။

ထို႔ေၾကာင့္ အဆိုပါလုပ္ရပ္ကို ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP/SSA)က ျပင္းျပင္းထန္ထန္ဆန႔္က်င္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။

ထို႔ျပင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ ျပည္ေထာင္စုသားခ်င္းစုစည္းညီၫြတ္ေရး အေရးတႀကီးလုပ္ ေဆာင္ရန္ လိုအပ္ေနသည့္အခ်ိန္တြင္ အခ်င္းခ်င္းေသြးကြဲေစမည့္ အျပဳအမူမ်ားကို မလုပ္မိေစရန္ အထူးသတိထားရမည္ဟု SSPP က ေျပာသည္။

သမိုင္းေရွးေဟာင္းအေမြအႏွစ္မ်ားအား ဖ်က္ဆီးေသာ လုပ္ေဆာင္ခ်က္ကို လက္မခံႏိုင္ေၾကာင္းႏွင့္ မည္သည့္ပုဂၢိဳလ္၊ မည္သည့္အဖြဲ႕အစည္းက ျပဳလုပ္သည္ျဖစ္ေစ စာေပယဥ္ေက်းမႈႏွင့္ထုံးတမ္းသမိုင္းစဥ္လာမ်ားကို မေထမဲ့ျမင္မ်က္ကြယ္ျပဳသည့္ လုပ္ေဆာင္ခ်က္သာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ရွမ္းဧကရာဇ္မင္းႀကီး စဝ္ေဆခန္ဖလက္ထက္ သမိုင္းဝင္ေရွးေဟာင္းၿမိဳ႕႐ိုးအား ဖ်က္ဆီးသည့္လုပ္ရပ္အေပၚ ရဟန္းရွင္လူျပည္သူမ်ား ေက်နပ္မႈရွိေစေရး သက္ဆိုင္ရာတာဝန္ရွိ ပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ားက ရွင္းလင္းေပးရန္လည္း ရွမ္းျပည္တိုးတက္ေရးပါတီက ေတာင္းဆိုထားသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းမ်ားအတြင္းကလည္း တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA ႏွင့္ တပ္မေတာ္တို႔အၾကား၌ မူဆယ္ၿမိဳ႕၊ စယ္လန႔္ေက်း႐ြာအနီးတြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.