လက်ရှိမိုးတွင်းကာလတွင် အုတ်ဈေးနှုန်းမြင့်တက်နေပြီး လက်ကျန်အုတ်ရှားပါးနေ

 743

NP News - ဩဂုတ် ၁၄

မိုးတွင်းကာလသည် အုတ်ဖုတ်ရန် ခက်ခဲသည့်ရာသီဖြစ်ပြီး အုတ်အသစ်များထက် ဈေးကွက်အတွင်း လက်ကျန်အုတ်များကိုသာ ရောင်းချနေရကြောင်း သိရသည်။

အလားတူ အုတ်ဖုတ်ရာတွင် အသုံးပြုသည့် ထင်း၊ သစ်ဈေးနှုန်းလည်း မြင့်တက်လာမှုကြောင့် အုတ်ဈေးနှုန်းများမြင့်တက်နေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှသိရသည်။

အုတ်ဖုတ်ရာတွင် အသုံးပြုသော အင်၊ ကညင်စသည့် သစ်များသည် လက်ရှိကာလ၌ သစ်တစ်တန်လျှင် ပျမ်းမျှအားဖြင့် ငွေကျပ် ၅၀,၀၀၀ ခန့် ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“မိုးတွင်းကာလဆိုတော့ အုတ်ဖုတ်ရတာ ခက်ခဲပြီး လက်ကျန်အုတ်တွေပဲရှိတဲ့အတွက် အုတ်ဈေးနှုန်းအနည်းငယ်မြင့်တက်လာတာပါ။ ပြီးတော့ အုတ်ဖုတ်ရာမှာအသုံးပြုရတဲ့ သစ်ဈေးကလည်းတက်နေတော့ အုတ်ဈေးလည်းမြင့်တက်လာတယ်”ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခင်ကာလများ၌ အုတ်တစ်လုံးဈေးနှုန်းသည် အနိမ့်ဆုံးငွေကျပ် ၁၀၀ မှ ၁၂၀ ကျပ်အထိ သာရှိခဲ့သော် လည်း လက်ရှိတွင် အုတ်အမျိုးအစားပေါ်မူတည်ကာ အုတ်တစ်လုံးလျှင် အနိမ့်ဆုံးငွေကျပ် ၁၇၀ မှ အမြင့်ဆုံး ငွေကျပ် ၁၉၀ အထိပေါက်ဈေးရှိနေကြောင်း သိရသည်။

အခြေခံ အိမ်ဆောက်ပစ္စည်းဖြစ်သည့် အုတ်ဈေးနှုန်းမြင့်တက်လာသော်လည်း မိုးတွင်းကာလဖြစ်ခြင်းကြောင့် သဲ၊ ကျောက်၊ ဘိလပ်မြေနှင့် သံချောင်း ဈေးနှုန်းများသည် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

သဲနှင့် ကျောက်ဈေးနှုန်းများသည် သဲတစ်ကျင်းလျှင် ငွေကျပ် ၃၀,၀၀၀ ဝန်းကျင် နှင့် ကျောက်တစ်ကျင်းလျှင် ငွေကျပ် ၁၀၀,၀၀၀ ဝန်းကျင်ရှိနေသည်။

zawgyi version
လက္ရွိမိုးတြင္းကာလတြင္ အုတ္ေဈးႏႈန္းျမင့္တက္ေနၿပီး လက္က်န္အုတ္ရွားပါးေန
NP News - ဩဂုတ္ ၁၄

မိုးတြင္းကာလသည္ အုတ္ဖုတ္ရန္ ခက္ခဲသည့္ရာသီျဖစ္ၿပီး အုတ္အသစ္မ်ားထက္ ေဈးကြက္အတြင္း လက္က်န္အုတ္မ်ားကိုသာ ေရာင္းခ်ေနရေၾကာင္း သိရသည္။

အလားတူ အုတ္ဖုတ္ရာတြင္ အသုံးျပဳသည့္ ထင္း၊ သစ္ေဈးႏႈန္းလည္း ျမင့္တက္လာမႈေၾကာင့္ အုတ္ေဈးႏႈန္းမ်ားျမင့္တက္ေနေၾကာင္း ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွသိရသည္။

အုတ္ဖုတ္ရာတြင္ အသုံးျပဳေသာ အင္၊ ကညင္စသည့္ သစ္မ်ားသည္ လက္ရွိကာလ၌ သစ္တစ္တန္လွ်င္ ပ်မ္းမွ်အားျဖင့္ ေငြက်ပ္ ၅၀,၀၀၀ ခန႔္ ေဈးႏႈန္းျမင့္တက္ေနေၾကာင္း သိရသည္။

“မိုးတြင္းကာလဆိုေတာ့ အုတ္ဖုတ္ရတာ ခက္ခဲၿပီး လက္က်န္အုတ္ေတြပဲရွိတဲ့အတြက္ အုတ္ေဈးႏႈန္းအနည္းငယ္ျမင့္တက္လာတာပါ။ ၿပီးေတာ့ အုတ္ဖုတ္ရာမွာအသုံးျပဳရတဲ့ သစ္ေဈးကလည္းတက္ေနေတာ့ အုတ္ေဈးလည္းျမင့္တက္လာတယ္”ဟု ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ယခင္ကာလမ်ား၌ အုတ္တစ္လုံးေဈးႏႈန္းသည္ အနိမ့္ဆုံးေငြက်ပ္ ၁၀၀ မွ ၁၂၀ က်ပ္အထိ သာရွိခဲ့ေသာ္ လည္း လက္ရွိတြင္ အုတ္အမ်ိဳးအစားေပၚမူတည္ကာ အုတ္တစ္လုံးလွ်င္ အနိမ့္ဆုံးေငြက်ပ္ ၁၇၀ မွ အျမင့္ဆုံး ေငြက်ပ္ ၁၉၀ အထိေပါက္ေဈးရွိေနေၾကာင္း သိရသည္။

အေျခခံ အိမ္ေဆာက္ပစၥည္းျဖစ္သည့္ အုတ္ေဈးႏႈန္းျမင့္တက္လာေသာ္လည္း မိုးတြင္းကာလျဖစ္ျခင္းေၾကာင့္ သဲ၊ ေက်ာက္၊ ဘိလပ္ေျမႏွင့္ သံေခ်ာင္း ေဈးႏႈန္းမ်ားသည္ အနည္းငယ္က်ဆင္းလ်က္ရွိေၾကာင္း သိရသည္။

သဲႏွင့္ ေက်ာက္ေဈးႏႈန္းမ်ားသည္ သဲတစ္က်င္းလွ်င္ ေငြက်ပ္ ၃၀,၀၀၀ ဝန္းက်င္ ႏွင့္ ေက်ာက္တစ္က်င္းလွ်င္ ေငြက်ပ္ ၁၀၀,၀၀၀ ဝန္းက်င္ရွိေနသည္။

Related news

© 2021. All rights reserved.