လူမှုကူညီရေးအသင်းဥက္ကဋ္ဌကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု မတ္တရာမြို့နယ်တွင်ဖြစ်ပွား

1846
NP News - ဩဂုတ် ၁၄
မန္တလေးတိုင်း၊ မတ္တရာမြိုနယ်တွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌဖြစ်သူ အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၂ ရက်၊ နံနက် ၇နာရီအချိန်တွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာရှိ လူမှုကူညီရေးအသင်းရုံးရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
လူမှုကူညီရေးအသင်းဥက္ကဋ္ဌဖြစ်သူ ဦးမြင့်သည် အထက်ပါကျေးရွာရှိ လူမှုကူညီရေးအသင်းရုံးရှေ့တွင် ထိုင်နေစဉ် PDF အဖွဲ့ အင်အား(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျောက်တံတားကျေးရွာနေ ဦးမြင့်(၆၆)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုကျူလွန်ခဲ့သည့် အကြမ်း ဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
zawgyi version
လူမႈကူညီေရးအသင္းဥကၠ႒ကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္မႈ မတၱရာၿမိဳ႕နယ္တြင္ျဖစ္ပြား
NP News - ဩဂုတ္ ၁၄
မႏၲေလးတိုင္း၊ မတၱရာၿမိဳနယ္တြင္ လူမႈကူညီေရးအသင္းဥကၠ႒ျဖစ္သူ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဩဂုတ္လ ၁၂ ရက္၊ နံနက္ ၇နာရီအခ်ိန္တြင္ မတၱရာၿမိဳ႕နယ္၊ ေက်ာက္တံတားေက်း႐ြာရွိ လူမႈကူညီေရးအသင္း႐ုံးေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
လူမႈကူညီေရးအသင္းဥကၠ႒ျဖစ္သူ ဦးျမင့္သည္ အထက္ပါေက်း႐ြာရွိ လူမႈကူညီေရးအသင္း႐ုံးေရွ႕တြင္ ထိုင္ေနစဥ္ PDF အဖြဲ႕ အင္အား(၄)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ေက်ာက္တံတားေက်း႐ြာေန ဦးျမင့္(၆၆)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ လူမႈကူညီေရးအသင္းတာဝန္ရွိသူတစ္ဦးကို လုပ္ႀကံသတ္ျဖတ္မႈက်ဴလြန္ခဲ့သည့္ အၾကမ္း ဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။