ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနက်နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရဖို့ မြန်မာလက်ဝှေ့ချန်ပီယံဒေဝ တောင်းဆို
1906
ဂျန်ဇက် (NP News) - ဩဂုတ် ၁၅
မြန်မာလက်ဝှေ့ချန်ပီယံဒေဝက ၎င်းအနေနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနက် နဲ့ လက်ဆွဲနှုတ်ဆက်ခွင့် ရလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒေဝ ဟာ ဒီနှစ်အကုန်မှာ ကမ္ဘောဒီးယားနိုင်ငံအတွင်း ဘက်စုံသုံး တိုက်ခိုက်ရေးပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဝန်ကြီးချုပ်ဟွန်မာနက် နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရလိုကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
၎င်းက "ဒီနှစ်အကုန်မှာ ကျွန်တော်ဟာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မှာပါ။ ခမာ ဘက်စုံသုံးတိုက်ခိုက်ရေး ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ အရှေ့တောင်အာရှ နဲ့ ကမ္ဘောဒီးယားနိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံးပွဲစဉ်ဖြစ်လာမှာပါ" လို့ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ နဲ့ မြန်မာနိုင်ငံတို့ဟာ ရှေးဟောင်းအမွေအနှစ်ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေဖြစ်ကြောင်း၊ မြန်မာ လက်ဝှေ့ချန်ပီယံဖြစ်တဲ့ ကနေဒါနိုင်ငံသားဒေဝ က ပြောပါတယ်။ ဒေဝဟာ ဒီနှစ်အကုန်မှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်အပြီးမှာ ကစားသမားဘဝကနေ အနားယူဖွယ်ရှိနေကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ထားပါတယ်။
၎င်းက "ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနက်ဟာ ဘက်စုံသုံးတိုက်ခိုက်ရေးပြိုင်ပွဲကို နှစ်သက်တဲ့သူဆိုရင် ကျွန်တော်အတွက်တော့ ဂုဏ်ယူစရာပါ။ ကျွန်တော်ဟာ နိုင်ငံခြားသားတစ်ဦးဖြစ်ပေမယ့်လည်း ကမ္ဘောဒီးယားနိုင်ငံ ကို လေးစားမြတ်နိုးပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ကမ္ဘောဒီးယားရိုးရာအစဉ်အလာဖြစ်တဲ့ ခမာတိုက်ခိုက်ရေး စည်းကမ်းအတိုင်း ထိုးသတ်ဖို့ သဘောတူညီခဲ့တာပါ။ ကျွန်တော်ဟာ အဲဒီပွဲစဉ်အတွင်း ဝန်ကြီးချုပ် ဟွန်မာနက် နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရလိုတယ်။ ဝန်ကြီးချုပ် ဟွန်မာနက်ဟာ ကျွန်တော်ရဲ့ဖိတ်ခေါ်ချက်ကို လက်ခံစဉ်းစားမယ်လို့ မျှော်လင့်ပါတယ်" လို့ လူမှုကွန်ရက်ကတဆင့် ကြေညာခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က "ကျွန်တော်ဟာ ဒီနှစ်အကုန်မှာ လက်ဝှေ့ဘုရင်တစ်ဦးဖြစ်တဲ့ ဒေဝနဲ့ တွေ့ဆုံဖို့ စောင့်ဆိုင်းနေမှာပါ။ ဒေဝဟာ ကမ္ဘောဒီးယားနဲ့ ခမာရိုးရာအစဉ်လာတွေကို နှစ်သက်မြတ်နိုးသူဖြစ်လို့ ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။
Zawgyi Version;
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အသစ္ ဟြန္မာနက္နဲ႔ လက္ဆြဲႏႈတ္ဆက္ခြင့္ရဖို႔ ျမန္မာလက္ေဝွ႔ခ်န္ပီယံေဒဝ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၅
ျမန္မာလက္ေဝွ႔ခ်န္ပီယံေဒဝက ၎အေနနဲ႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အသစ္ ဟြန္မာနက္ နဲ႔ လက္ဆြဲႏႈတ္ဆက္ခြင့္ ရလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ေဒဝ ဟာ ဒီႏွစ္အကုန္မွာ ကေမာၻဒီးယားႏိုင္ငံအတြင္း ဘက္စုံသုံး တိုက္ခိုက္ေရးၿပိဳင္ပြဲ ယွဥ္ၿပိဳင္ဖို႔ ရွိေနၿပီး ဝန္ႀကီးခ်ဳပ္ဟြန္မာနက္ နဲ႔ လက္ဆြဲႏႈတ္ဆက္ခြင့္ရလိုေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။
၎က "ဒီႏွစ္အကုန္မွာ ကြၽန္ေတာ္ဟာ ကေမာၻဒီးယားႏိုင္ငံကို သြားေရာက္မွာပါ။ ခမာ ဘက္စုံသုံးတိုက္ခိုက္ေရး ၿပိဳင္ပြဲယွဥ္ၿပိဳင္ဖို႔ ကေမာၻဒီးယားႏိုင္ငံကို လာေရာက္မွာျဖစ္ပါတယ္။ ဒီပြဲစဥ္ဟာ အေရွ႕ေတာင္အာရွ နဲ႔ ကေမာၻဒီးယားႏိုင္ငံသမိုင္းမွာ အႀကီးက်ယ္ဆုံးပြဲစဥ္ျဖစ္လာမွာပါ" လို႔ ေျပာပါတယ္။
ကေမာၻဒီးယားႏိုင္ငံ နဲ႔ ျမန္မာႏိုင္ငံတို႔ဟာ ေရွးေဟာင္းအေမြအႏွစ္ႂကြယ္ဝခ်မ္းသာတဲ့ႏိုင္ငံေတြျဖစ္ေၾကာင္း၊ ျမန္မာ လက္ေဝွ႔ခ်န္ပီယံျဖစ္တဲ့ ကေနဒါႏိုင္ငံသားေဒဝ က ေျပာပါတယ္။ ေဒဝဟာ ဒီႏွစ္အကုန္မွာ ယွဥ္ၿပိဳင္မယ့္ ပြဲစဥ္အၿပီးမွာ ကစားသမားဘဝကေန အနားယူဖြယ္ရွိေနေၾကာင္း မၾကာေသးမီက သတင္းထုတ္ျပန္ထားပါတယ္။
၎က "ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အသစ္ ဟြန္မာနက္ဟာ ဘက္စုံသုံးတိုက္ခိုက္ေရးၿပိဳင္ပြဲကို ႏွစ္သက္တဲ့သူဆိုရင္ ကြၽန္ေတာ္အတြက္ေတာ့ ဂုဏ္ယူစရာပါ။ ကြၽန္ေတာ္ဟာ ႏိုင္ငံျခားသားတစ္ဦးျဖစ္ေပမယ့္လည္း ကေမာၻဒီးယားႏိုင္ငံ ကို ေလးစားျမတ္ႏိုးပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ဟာ ကေမာၻဒီးယား႐ိုးရာအစဥ္အလာျဖစ္တဲ့ ခမာတိုက္ခိုက္ေရး စည္းကမ္းအတိုင္း ထိုးသတ္ဖို႔ သေဘာတူညီခဲ့တာပါ။ ကြၽန္ေတာ္ဟာ အဲဒီပြဲစဥ္အတြင္း ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္ နဲ႔ လက္ဆြဲႏႈတ္ဆက္ခြင့္ရလိုတယ္။ ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္ဟာ ကြၽန္ေတာ္ရဲ႕ဖိတ္ေခၚခ်က္ကို လက္ခံစဥ္းစားမယ္လို႔ ေမွ်ာ္လင့္ပါတယ္" လို႔ လူမႈကြန္ရက္ကတဆင့္ ေၾကညာခဲ့ပါတယ္။
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္မာနက္က "ကြၽန္ေတာ္ဟာ ဒီႏွစ္အကုန္မွာ လက္ေဝွ႔ဘုရင္တစ္ဦးျဖစ္တဲ့ ေဒဝနဲ႔ ေတြ႕ဆုံဖို႔ ေစာင့္ဆိုင္းေနမွာပါ။ ေဒဝဟာ ကေမာၻဒီးယားနဲ႔ ခမာ႐ိုးရာအစဥ္လာေတြကို ႏွစ္သက္ျမတ္ႏိုးသူျဖစ္လို႔ ေက်းဇူးတင္ပါတယ္" လို႔ ေျပာပါတယ္။