တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ်လ (၂၅)ရက်မှစတင်ပြီး လျှောက်ထားနိုင်ကြောင်း အသိပေး

 884

ယွန်း (NP News) - သြဂုတ် ၁၇

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ်လ ၂၅ ရက်မှစတင်ပြီး ပိတ်ရက်မရှိ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သြဂုတ်လ(၁၆)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ဖြေဆိုခဲ့သည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို သြဂုတ်လ(၂၅)ရက်မှစ၍ ထုတ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်ခွင့်စာအိတ်ကို တက္ကသိုလ်ပေါင်း(၂၆)ခု၌ သြဂုတ်လ(၂၅)ရက်မှ စက်တင်ဘာလ (၁၀)ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် ပိတ်ရက်မရှိ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သတ်မှတ်ရက်ကျော်လွန်ပြီး လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ဌာနခွဲ)၊သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် ကျင်းပခဲ့ပြီး အောင်စာရင်းကို ဇွန်လ (၉)ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅ဝ)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်းသည် (၆၇.၈၇) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

zawgyi version
တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာမ်ားကို ဩဂုတ္လ (၂၅)ရက္မွစတင္ၿပီး ေလွ်ာက္ထားႏိုင္ေၾကာင္း အသိေပး

ယြန္း (NP News) - ၾသဂုတ္ ၁၇

၂၀၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူမ်ားအေနျဖင့္ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာမ်ားကို ဩဂုတ္လ ၂၅ ရက္မွစတင္ၿပီး ပိတ္ရက္မရွိ ေလွ်ာက္ထားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ၾသဂုတ္လ(၁၆)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားႏိုင္ရန္အတြက္ မိမိတို႔ေျဖဆိုခဲ့သည့္ စာစစ္ဌာန ႀကီးၾကပ္ေရးမႉးမ်ားထံတြင္ အမွတ္စာရင္း၊ အရည္အခ်င္း မွတ္တမ္းခ်ဳပ္ ရမွတ္အဆင့္၊ တကၠသိုလ္ဝင္ခြင့္လမ္းၫႊန္စာအုပ္ႏွင့္ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားရမည့္ ပုံစံစာအိတ္ကို ၾသဂုတ္လ(၂၅)ရက္မွစ၍ ထုတ္ယူႏိုင္ေၾကာင္း သိရသည္။

အဆိုပါတကၠသိုလ္ဝင္ခြင့္စာအိတ္ကို တကၠသိုလ္ေပါင္း(၂၆)ခု၌ ၾသဂုတ္လ(၂၅)ရက္မွ စက္တင္ဘာလ (၁၀)ရက္အထိ စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္မ်ား အပါအဝင္ ပိတ္ရက္မရွိ ေလွ်ာက္ထားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

သတ္မွတ္ရက္ေက်ာ္လြန္ၿပီး ေလွ်ာက္ထားသူမ်ားသည္ အဆင့္ျမင့္ပညာဦးစီးဌာန(ရန္ကုန္ဌာနခြဲ)၊သထုံလမ္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕သို႔ ေပးပို႔ေလွ်ာက္ထားရန္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

၂၀၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ၿပီးခဲ့သည့္ မတ္လ(၈)ရက္တြင္ က်င္းပခဲ့ၿပီး ေအာင္စာရင္းကို ဇြန္လ (၉)ရက္တြင္ ထုတ္ျပန္ခဲ့သည္။

အဆိုပါတကၠသိုလ္ဝင္စာေမးပြဲ၌ ဝင္ေရာက္ေျဖဆိုသူ စုစုေပါင္း(၁၆၁၈၅ဝ)ဦး ရွိခဲ့ၿပီး ေအာင္ျမင္သူ (၁ဝ၉၈၅၁)ဦး ရွိခဲ့ျခင္းေၾကာင့္ ေအာင္ခ်က္ရာခိုင္ႏႈန္းသည္ (၆၇.၈၇) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.