သားအဖချင်း စကားများရန်ဖြစ်ရာမှ ဖခင်ဖြစ်သူက သား အား ဓားဖြင့်ခုတ်မှု မင်းလှမြို့၌ ဖြစ်ပွား

 2744

စော (NP News) - ဩဂုတ် ၁၇

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် သားအဖချင်းစကားများရန်ဖြစ်ရာမှ ဖခင်ဖြစ်သူက သားအား ဓားဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၇ ရက်) နံနက် (၁)နာရီ ၃ဝ မိနစ်အချိန်တွင် မင်းလှမြို့နယ်၊ ထိန်အင်းကျေးရွာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပရဟိတမင်းခေါင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး (မကွေး)ထံမှ သိရသည်။

သားအဖချင်းစကားများရန်ဖြစ်ကြရာမှ ဖခင်ဖြစ်သူက သားအား ဓားဖြင့် ခုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“သားအဖချင်း စကားများပြီးတော့ ဓားနဲ့ခုတ်မိတယ်ဆိုပြီး မနက် (၁)နာရီခွဲလောက် ဖုန်းဆက်လာတာပါ။ အဖေက သားကို ခုတ်လိုက်တာပါ။ ဘာကြောင့် ရန်ဖြစ်ကြတာလဲတော့ မသိဘူး” ဟု ပရဟိတမင်းခေါင်အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး (မကွေး)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဓားခုတ်ခံရမှုကြောင့် သားဖြစ်သူမှာ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ငါးလက်မရရှိခဲ့ပြီး မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် (ဩဂုတ်လ ၁၅ ရက်) တွင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ သမီးယောက်ဖ စကားများ ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားဒဏ်ရာ(၃)ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version;
သားအဖခ်င္း စကားမ်ားရန္ျဖစ္ရာမွ ဖခင္ျဖစ္သူက သား အား ဓားျဖင့္ခုတ္မႈ မင္းလွၿမိဳ႕၌ ျဖစ္ပြား
ေစာ (NP News) - ဩဂုတ္ ၁၇

မေကြးတိုင္း၊ မင္းလွၿမိဳ႕နယ္တြင္ သားအဖခ်င္းစကားမ်ားရန္ျဖစ္ရာမွ ဖခင္ျဖစ္သူက သားအား ဓားျဖင့္ခုတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၁၇ ရက္) နံနက္ (၁)နာရီ ၃ဝ မိနစ္အခ်ိန္တြင္ မင္းလွၿမိဳ႕နယ္၊ ထိန္အင္းေက်း႐ြာတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ပရဟိတမင္းေခါင္ အေရးေပၚရွာေဖြကယ္ဆယ္ေရး (မေကြး)ထံမွ သိရသည္။

သားအဖခ်င္းစကားမ်ားရန္ျဖစ္ၾကရာမွ ဖခင္ျဖစ္သူက သားအား ဓားျဖင့္ ခုတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“သားအဖခ်င္း စကားမ်ားၿပီးေတာ့ ဓားနဲ႔ခုတ္မိတယ္ဆိုၿပီး မနက္ (၁)နာရီခြဲေလာက္ ဖုန္းဆက္လာတာပါ။ အေဖက သားကို ခုတ္လိုက္တာပါ။ ဘာေၾကာင့္ ရန္ျဖစ္ၾကတာလဲေတာ့ မသိဘူး” ဟု ပရဟိတမင္းေခါင္အေရးေပၚရွာေဖြ ကယ္ဆယ္ေရး (မေကြး)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ဓားခုတ္ခံရမႈေၾကာင့္ သားျဖစ္သူမွာ ဦးေခါင္းတြင္ ျပတ္ရွဒဏ္ရာ ငါးလက္မရရွိခဲ့ၿပီး မေကြးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ (ဩဂုတ္လ ၁၅ ရက္) တြင္ ရခိုင္ျပည္နယ္၊ မာန္ေအာင္ၿမိဳ႕နယ္၌ သမီးေယာက္ဖ စကားမ်ား ရန္ျဖစ္ရာမွ အမ်ိဳးသားတစ္ဦး ဓားဒဏ္ရာ(၃)ခ်က္ျဖင့္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.