ဆွမ်းခံပြီးပြန်ကြွလာသည့် ဘုန်းကြီးတစ်ပါး ထောက်ကြန့်လမ်းဆုံ၌ လမ်းဖြတ်ကူးစဉ် YBS(35) အကြိတ်ခံရ၍ ပျံလွန်တော်မူ

10576

သန့်ဇင် (NP News)-ဩဂုတ် ၁၇
ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့နယ်ရှိ လမ်းဆုံတစ်ခုတွင် ဆွမ်းခံပြီး ပြန်ကြွလာသည့် ဘုန်းကြီးတစ်ပါး ကားလမ်းဖြတ်ကူးစဉ် YBS(35)အကြိတ်ခံရ၍ ပျံတော်မူသွားခဲ့ကြောင်း ဘက်စုံလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ကားကြိတ်ခံရမှုဖြစ်စဉ်သည် ယနေ့(ဩဂုတ်လ ၁၇ရက်) နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်ခန့်က ထောက်ကြန့်မြို့နယ်၊ ထောက်ကြန့်ဈေးမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဘုန်းကြီးက ဆွမ်းခံပြန်လာတာဗျ။ သပိတ်ထဲမှာလဲ ဆွမ်းက အပြည့်ပေါ့နော်။ အဲဒီအချိန်မှာ ကားလမ်းကို ဖြတ်ကူးလိုက်တဲ့အချိန်မှာ ပဲခူးဘက်ကနေဝင်လာတဲ့ YBS(35)က ဘယ်လိုကြောင့်လဲတော့ မသိဘူး ရှေ့ဘီးနဲ့ ကြိတ်လိုက်တာပေါ့" ဟု ဘက်စုံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ကားကြိတ်ခံရမှုကြောင့် မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်တွင် သီတင်းသုံးသည့် သက်တော်(၅ဝ)ခန့်ရှိ သံဃာတော်မှာ အခင်းဖြစ်ပွားရာနေရာ၌ ပျံလွန်တော်မူသွားကြောင်း သိရသည်။
"မီးပွိုင့်မရောက်ခင် ကိုက်(၂ဝဝ)ဝန်းကျင်မှာဖြစ်တာပေါ့။ သံဃာတော်က ကားရဲ့ အရှေ့ဘက် ဘယ်ဘက်ဘီးနဲ့ ကြိတ်ခံရတော့ အခင်းဖြစ်ရာမှာပဲ ပျံလွန်တော်မူသွားတာပေါ့။ ကျွန်တော်ရောက်မှ ပဲဘုန်းကြီးကို ဆွဲထုတ်ရတာပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါကားကြိတ်ခံရမှုဖြစ်စဥ်ကြောင့် ပျံလွန်တော်မူသွားသည့် သံဃာတော်အား ဘက်စုံလူမှုကူညီရေးအသင်းမှကားဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး သံဃာတော်တွင် ပါရှိသည့်ပစ္စည်းများအား သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဆြမ္းခံၿပီးျပန္ႂကြလာသည့္ ဘုန္းႀကီးတစ္ပါး ေထာက္ၾကန႔္လမ္းဆုံ၌ လမ္းျဖတ္ကူးစဥ္ YBS(35) အႀကိတ္ခံရ၍ ပ်ံလြန္ေတာ္မူ
သန႔္ဇင္ (NP News)-ဩဂုတ္ ၁၇
ရန္ကုန္တိုင္း၊ ေထာက္ၾကန႔္ၿမိဳ႕နယ္ရွိ လမ္းဆုံတစ္ခုတြင္ ဆြမ္းခံၿပီး ျပန္ႂကြလာသည့္ ဘုန္းႀကီးတစ္ပါး ကားလမ္းျဖတ္ကူးစဥ္ YBS(35)အႀကိတ္ခံရ၍ ပ်ံေတာ္မူသြားခဲ့ေၾကာင္း ဘက္စုံလူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါ ကားႀကိတ္ခံရမႈျဖစ္စဥ္သည္ ယေန႔(ဩဂုတ္လ ၁၇ရက္) နံနက္ ၉ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က ေထာက္ၾကန႔္ၿမိဳ႕နယ္၊ ေထာက္ၾကန႔္ေဈးမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ဘုန္းႀကီးက ဆြမ္းခံျပန္လာတာဗ်။ သပိတ္ထဲမွာလဲ ဆြမ္းက အျပည့္ေပါ့ေနာ္။ အဲဒီအခ်ိန္မွာ ကားလမ္းကို ျဖတ္ကူးလိုက္တဲ့အခ်ိန္မွာ ပဲခူးဘက္ကေနဝင္လာတဲ့ YBS(35)က ဘယ္လိုေၾကာင့္လဲေတာ့ မသိဘူး ေရွ႕ဘီးနဲ႔ ႀကိတ္လိုက္တာေပါ့" ဟု ဘက္စုံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ကားႀကိတ္ခံရမႈေၾကာင့္ ေမွာ္ဘီၿမိဳ႕နယ္၊ ပိႏၷဲကုန္းရပ္ကြက္တြင္ သီတင္းသုံးသည့္ သက္ေတာ္(၅ဝ)ခန႔္ရွိ သံဃာေတာ္မွာ အခင္းျဖစ္ပြားရာေနရာ၌ ပ်ံလြန္ေတာ္မူသြားေၾကာင္း သိရသည္။
"မီးပြိဳင့္မေရာက္ခင္ ကိုက္(၂ဝဝ)ဝန္းက်င္မွာျဖစ္တာေပါ့။ သံဃာေတာ္က ကားရဲ႕ အေရွ႕ဘက္ ဘယ္ဘက္ဘီးနဲ႔ ႀကိတ္ခံရေတာ့ အခင္းျဖစ္ရာမွာပဲ ပ်ံလြန္ေတာ္မူသြားတာေပါ့။ ကြၽန္ေတာ္ေရာက္မွ ပဲဘုန္းႀကီးကို ဆြဲထုတ္ရတာေပါ့" ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါကားႀကိတ္ခံရမႈျဖစ္စဥ္ေၾကာင့္ ပ်ံလြန္ေတာ္မူသြားသည့္ သံဃာေတာ္အား ဘက္စုံလူမႈကူညီေရးအသင္းမွကားျဖင့္ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၿပီး သံဃာေတာ္တြင္ ပါရွိသည့္ပစၥည္းမ်ားအား သက္ဆိုင္ရာသို႔ အပ္ႏွံခဲ့ေၾကာင္း သိရသည္။