ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

 1534

NP News - ဩဂုတ် ၁၈

ရွှေလီမြစ်ပေါ်ရှိ ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခြင်း၊ ဓာတ်အား ထုတ်လုပ်မောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်လွှဲပြောင်းပေးခြင်းလုပ်ငန်းအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု IPP/ BOT စနစ်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၏မြောက်ဘက် (၁၂)မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ် တွင် အကောင်အထည်ဖော်လျက်ရှိကြောင်းသိရသည်။

အဆိုပါစီမံကိန်းကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြင်သစ်နိုင်ငံ Electricite De France S.A (EDF)၊ ဂျပန်နိုင်ငံ Marubeni Corporation နှင့် မြန်မာနိုင်ငံ ဧရာဟင်္သာကုမ္ပဏီတို့ကို Notice to Proceed (NTP) ပေးအပ်ခဲ့ကြောင်း သိရသည်။

သို့သော် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပြီးနောက် ၂ဝ၂၁ ခုနှစ်တွင် ပြင်သစ်ကုမ္ပဏီက လုပ်ငန်းများ ပိတ်သိမ်းကြောင်း နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာခဲ့သည်။

ယင်းနောက် လျှပ်စစ်စွမ်းအင်းဝန်ကြီးဌာနက လုပ်ငန်းများဆက်လက်ဆောင်ရွက်ခဲ့ပြီး ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်တွင် ရွှေလီ(၃)ရေအား လျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းများဆက်လက်အကောင် အထည်ဖော်ရေးအတွက် ဝန်ကြီးဌာနက ငွေကျပ် တစ်ဘီလျံသုံးစွဲရန် စီစဉ်ထား‌ကာ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရန် သတ်မှတ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ထို့ကြောင့် အဆိုပါ လုပ်ငန်းများဆက်လက်လုပ်ကိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံလိုသူများအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဖိတ်ခေါ်၍ လုပ်ငန်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ တင်ဒါများကို ဩဂုတ်လ ၂၁ ရက်မှစတင်ပြီး စက်တင်ဘာလ ၁၁ ရက်အထိ ရုံးအမှတ်(၂၇)၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေး ဦးစီးဌာနတွင် ရောင်းချပေးမည်ဖြစ်ကြောင်း တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီက ယနေ့ (ဩဂုတ် လ ၁၈ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

တင်ဒါပုံစံများကို ဩဂုတ်လ ၂၁ ရက်မှစတင်၍ တစ်စောင်လျှင် ငွေကျပ် ငါးသိန်းဖြင့် ရုံးချိန်အတွင်း ရောင်းချပေးမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၄ ရက်တွင် တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းမှ တစ်နှစ်လျှင်ဓာတ်အားယူနစ်(၂၆၂၀) သန်းထုတ်လုပ်မည်ဖြစ်ပြီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁.၅) ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေ႐ႊလီ(၃)ေရအားလွ်ပ္စစ္စီမံကိန္း ဆက္လက္အေကာင္အထည္ေဖာ္ရန္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဖိတ္ေခၚ
NP News - ဩဂုတ္ ၁၈

ေ႐ႊလီျမစ္ေပၚရွိ ေ႐ႊလီ(၃)ေရအားလွ်ပ္စစ္စီမံကိန္းကို ဆက္လက္အေကာင္အထည္ေဖာ္ျခင္း၊ ဓာတ္အား ထုတ္လုပ္ေမာင္းႏွင္ျခင္း၊ ျပဳျပင္ထိန္းသိမ္းျခင္းႏွင့္ ျပန္လည္လႊဲေျပာင္းေပးျခင္းလုပ္ငန္းအား ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ IPP/ BOT စနစ္ျဖင့္ ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းသည္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုးမိတ္ၿမိဳ႕၏ေျမာက္ဘက္ (၁၂)မိုင္ခန႔္အကြာ ေ႐ႊလီျမစ္ေပၚ တြင္ အေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္းသိရသည္။

အဆိုပါစီမံကိန္းကို ၂၀၁၀-၂၀၁၁ ဘ႑ာႏွစ္တြင္ စတင္ေဆာင္႐ြက္ခဲ့ၿပီး ၂ဝ၁၈ ခုႏွစ္ စက္တင္ဘာလတြင္ စီမံကိန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည့္ ျပင္သစ္ႏိုင္ငံ Electricite De France S.A (EDF)၊ ဂ်ပန္ႏိုင္ငံ Marubeni Corporation ႏွင့္ ျမန္မာႏိုင္ငံ ဧရာဟသၤာကုမၸဏီတို႔ကို Notice to Proceed (NTP) ေပးအပ္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားျဖစ္ၿပီးေနာက္ ၂ဝ၂၁ ခုႏွစ္တြင္ ျပင္သစ္ကုမၸဏီက လုပ္ငန္းမ်ား ပိတ္သိမ္းေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အသိေပးေၾကညာခဲ့သည္။

ယင္းေနာက္ လွ်ပ္စစ္စြမ္းအင္းဝန္ႀကီးဌာနက လုပ္ငန္းမ်ားဆက္လက္ေဆာင္႐ြက္ခဲ့ၿပီး ၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္တြင္ ေ႐ႊလီ(၃)ေရအား လွ်ပ္စစ္စီမံကိန္းႏွင့္ပတ္သက္၍ လုပ္ငန္းမ်ားဆက္လက္အေကာင္ အထည္ေဖာ္ေရးအတြက္ ဝန္ႀကီးဌာနက ေငြက်ပ္ တစ္ဘီလ်ံသုံးစြဲရန္ စီစဥ္ထား‌ကာ ၂ဝ၂၅-၂ဝ၂၆ ဘ႑ာေရးႏွစ္အတြင္း ၿပီးစီးရန္ သတ္မွတ္ထားေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ထို႔ေၾကာင့္ အဆိုပါ လုပ္ငန္းမ်ားဆက္လက္လုပ္ကိုင္ရန္အတြက္ ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားအား အိတ္ဖြင့္ တင္ဒါစနစ္ျဖင့္ ဖိတ္ေခၚ၍ လုပ္ငန္းအပ္ႏွံသြားမည္ျဖစ္ေၾကာင္း သိရသည္။ တင္ဒါမ်ားကို ဩဂုတ္လ ၂၁ ရက္မွစတင္ၿပီး စက္တင္ဘာလ ၁၁ ရက္အထိ ႐ုံးအမွတ္(၂၇)၊ ေရအားလွ်ပ္စစ္အေကာင္ အထည္ေဖာ္ေရး ဦးစီးဌာနတြင္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း တင္ဒါလက္ခံေရးႏွင့္စိစစ္ေရးေကာ္မတီက ယေန႔ (ဩဂုတ္ လ ၁၈ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။

တင္ဒါပုံစံမ်ားကို ဩဂုတ္လ ၂၁ ရက္မွစတင္၍ တစ္ေစာင္လွ်င္ ေငြက်ပ္ ငါးသိန္းျဖင့္ ႐ုံးခ်ိန္အတြင္း ေရာင္းခ်ေပးမည္ျဖစ္ၿပီး ႏိုဝင္ဘာလ ၂၄ ရက္တြင္ တင္ဒါတင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

ေ႐ႊလီ (၃) ေရအားလွ်ပ္စစ္စီမံကိန္းမွ တစ္ႏွစ္လွ်င္ဓာတ္အားယူနစ္(၂၆၂၀) သန္းထုတ္လုပ္မည္ျဖစ္ၿပီး စီမံကိန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ (၁.၅) ဘီလ်ံ ကုန္က်မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.