အမေရိကန်တစ်ဒေါ်လာ ငွေကျပ်(၄ဝဝဝ)အထိ ရောက်ရှိလာ

 5872

NP News - သြဂုတ်၁၈

မြန်မာကျပ်ငွေလဲလှယ်နှုန်း ကျဆင်းကာ အမေရိကန်တစ်ဒေါ်လာလျှင် လေးထောင်ကျပ်အထိရောက်ရှိလာကြောင်း သိရသည်။

ယနေ့ (ဩဂုတ်လ ၁၈ ရက်) ပြင်ပဒေါ်လာပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာလျှင် လေးထောင်ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်းကျော်အထိ မြင့်တက်လာတာကြောင်း ဈေးကွက်အတွင်းမှသိရသည်။

အလားတူ ပြည်ပငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး မနက်ဖြန် (ဩဂုတ်လ ၁၉ ရက်)တွင် ရှင်းလင်းဆွေးနွေးရန်အတွက် မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် နှင့် ညီနောင်အသင်းများမှ အသင်းတစ်သင်းလျှင် ၂ ဦးတက်ရောက်ရန် ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။

“ပြည်တွင်းဒေါ်လာဈေးကြောင့် ရွှေဈေးကတက်လာတာပါ။ ကမ္ဘာရွှေဈေးက ပြန်ကျနေပေမယ့် ပြည်တွင်းဒေါ်လာဈေးက ဆက်တိုက်တက်နေတာပါ။ လက်တလော အရောင်းအဝယ်ပါးတယ်ဆိုပေမယ့် လက်သိပ်ထိုးပြီး အချင်းချင်းရောင်းနေတဲ့ လုပ်ငန်းရှင်တွေရှိနေတော့ ဒေါ်လာဈေးကတက်နေတာပါ”ဟု ရန်ကုန်မြို့ခံရွှေကုန်သည်တစ်ဦးက NP News ၏မေးမြန်းမှုကို ဖြေကြားသည်။

ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာဈေးသာမက ထိုင်းဘတ်ငွေ နှင့် တရုတ်ယွမ်ငွေလဲနှုန်းများပါမြင့်တက်လာခြင်းဖြစ်သည်။

ဩဂုတ်လ ၁၈ ရက်ငွေလဲနှုန်းများအရ ထိုင်းတစ်ဘတ်လျှင် ၁၁၀ ကျပ် နှင့် တရုတ်ငွေတစ်ယွမ်လျှင် ၅၃၈ ကျပ် ပေါက်ဈေးရှိနေပြီး နယ်စပ်ကုန်သွယ်ရေးဒေသများတွင် ဘတ်နှင့်ယွမ်ကို အရောင်းရပ်ထားကာ အဝယ်သီးသန့်ဖွင့်ထားကြောင်း နယ်စပ်ငွေလဲလုပ်ငန်းများမှသိရသည်။

မြန်မာကျပ်ငွေသည် နှစ်သောင်းတန်ထုတ်ဝေမည့်သတင်းနှင့် စင်ကာပူဘဏ်များကပိတ်ဆို့သည့်သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း တန်ဖိုးများ ကျဆင်းလာခြင်းဖြစ်သည်။

zawgyi version
အေမရိကန္တစ္ေဒၚလာ ေငြက်ပ္(၄ဝဝဝ)အထိ ေရာက္ရွိလာ
NP News - ၾသဂုတ္၁၈

ျမန္မာက်ပ္ေငြလဲလွယ္ႏႈန္း က်ဆင္းကာ အေမရိကန္တစ္ေဒၚလာလွ်င္ ေလးေထာင္က်ပ္အထိေရာက္ရွိလာေၾကာင္း သိရသည္။

ယေန႔ (ဩဂုတ္လ ၁၈ ရက္) ျပင္ပေဒၚလာေပါက္ေဈးအရ အေမရိကန္တစ္ေဒၚလာလွ်င္ ေလးေထာင္က်ပ္ဝန္းက်င္ေပါက္ေဈးရွိေနၿပီး အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၃၉ သိန္းေက်ာ္အထိ ျမင့္တက္လာတာေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။

အလားတူ ျပည္ပေငြေပးေခ်မႈဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး မနက္ျဖန္ (ဩဂုတ္လ ၁၉ ရက္)တြင္ ရွင္းလင္းေဆြးေႏြးရန္အတြက္ ျမန္မာႏိုင္ငံဗဟိုဘဏ္အေနျဖင့္ ကုန္သည္စက္မႈအသင္းခ်ဳပ္ ႏွင့္ ညီေနာင္အသင္းမ်ားမွ အသင္းတစ္သင္းလွ်င္ ၂ ဦးတက္ေရာက္ရန္ ဖိတ္ေခၚထားေၾကာင္း သတင္းရရွိသည္။

“ျပည္တြင္းေဒၚလာေဈးေၾကာင့္ ေ႐ႊေဈးကတက္လာတာပါ။ ကမာၻေ႐ႊေဈးက ျပန္က်ေနေပမယ့္ ျပည္တြင္းေဒၚလာေဈးက ဆက္တိုက္တက္ေနတာပါ။ လက္တေလာ အေရာင္းအဝယ္ပါးတယ္ဆိုေပမယ့္ လက္သိပ္ထိုးၿပီး အခ်င္းခ်င္းေရာင္းေနတဲ့ လုပ္ငန္းရွင္ေတြရွိေနေတာ့ ေဒၚလာေဈးကတက္ေနတာပါ”ဟု ရန္ကုန္ၿမိဳ႕ခံေ႐ႊကုန္သည္တစ္ဦးက NP News ၏ေမးျမန္းမႈကို ေျဖၾကားသည္။

ယခုရက္ပိုင္းအတြင္း အေမရိကန္ေဒၚလာေဈးသာမက ထိုင္းဘတ္ေငြ ႏွင့္ တ႐ုတ္ယြမ္ေငြလဲႏႈန္းမ်ားပါျမင့္တက္လာျခင္းျဖစ္သည္။

ဩဂုတ္လ ၁၈ ရက္ေငြလဲႏႈန္းမ်ားအရ ထိုင္းတစ္ဘတ္လွ်င္ ၁၁၀ က်ပ္ ႏွင့္ တ႐ုတ္ေငြတစ္ယြမ္လွ်င္ ၅၃၈ က်ပ္ ေပါက္ေဈးရွိေနၿပီး နယ္စပ္ကုန္သြယ္ေရးေဒသမ်ားတြင္ ဘတ္ႏွင့္ယြမ္ကို အေရာင္းရပ္ထားကာ အဝယ္သီးသန႔္ဖြင့္ထားေၾကာင္း နယ္စပ္ေငြလဲလုပ္ငန္းမ်ားမွသိရသည္။

ျမန္မာက်ပ္ေငြသည္ ႏွစ္ေသာင္းတန္ထုတ္ေဝမည့္သတင္းႏွင့္ စင္ကာပူဘဏ္မ်ားကပိတ္ဆို႔သည့္သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ပိုင္း တန္ဖိုးမ်ား က်ဆင္းလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.