အင်စတာဂရမ်ပိုစ့်တစ်ခုကို အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ထိ ရရှိနေတဲ့ Blackpink အဖွဲ့ဝင် လီဆာ

 2146

ရောင်နီ (NP News) - ဩဂုတ် ၁၉

ဆိုရှယ်မီဒီယာ စီမံခန့်ခွဲမှု ပလက်ဖောင်း Hopper HQ မှထုတ်ပြန်တဲ့ နောက်ဆုံးရစာရင်းများအရ Instagram မှာ K-pop မိန်းကလေးအဖွဲ့ Blackpink မှ ထိုင်းအဆိုတော် လီဆာဟာ အာရှနာမည်ကျော်တွေထဲမှာ follower အများဆုံးထဲက တစ်ယောက်ဖြစ်နေပြီး ၎င်းရဲ့အင်စတာဂရမ်ပိုစ့်တွေအတွက် တစ်ပိုစ့်ကို အမေရိကန်ဒေါ်လာ ၅၇၅၀၀၀ ထိ ရရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ကြွယ်ဝအချမ်းသာဆုံး နာမည်ကျော်များ အဆင့်မှာ အဆင့် ၂၆ နေရာမှာရှိနေတဲ့ လီဆာဟာ အာရှဖျော်ဖြေရေး အနုပညာရှင်များစာရင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီး သူမရဲ့ အင်စတာဂရမ် Follower ဟာ ၉၆.၆ သန်းကျော်ထိ ရှိပါတယ်။ ၎င်းရဲ့နောက်မှာတော့ အိန္ဒိယမင်းသမီး ပရီရန်ကာချိုပရာ က ပိုစ့်တစ်ခုကို အမေရိကန်ဒေါ်လာ ၅၃၂,၀၀၀ နဲ့ အဆင့် ၂၉ နေရာမှာ ရပ်တည်နေပါတယ်။ ၎င်းရဲ့နောက်မှာ တောင်ကိုရီးယား မင်းသား လီမင်ဟိုက ပိုစ့်တစ်ခုကို အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ နဲ့ အဆင့် ၅၅ မှာ ရပ်တည်နေပါတယ်။ ၎င်းရဲ့ တွဲဖက် K-drama မင်းသမီး ဆောင်းဟေကိုကတော့ ပိုစ့်တစ်ခုကို အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ နဲ့ အဆင့် ၉၃ မှာ ရပ်တည်နေပါတယ်။

စာရင်းမှာ ထိပ်ဆုံး နံပါတ် ၁ နေရာကို ရရှိထားသူကတော့ ပေါ်တူဂီဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုဖြစ်ပြီး ၎င်းရဲ့ အင်စတာဂရမ်ပိုစ့် တစ်ခုစီဟာ အမေရိကန်ဒေါ်လာ ၃.၂ သန်း ထိရှိပါတယ်။ ဒုတိယနေရာမှာတော့ ဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီက ပိုစ့်တစ်ခုကို အမေရိကန်ဒေါ်လာ ၂.၆ သန်းနဲ့ ရပ်တည်နေပါတယ်။ တတိယနေရာမှာတော့ အမေရိကန်အဆိုတော်-မင်းသမီး ဆယ်လီနာဂိုမက်ဇ်က ပိုစ့်တစ်ခုကို အမေရိကန်ဒေါ်လာ ၂.၅၆ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

zawgyi version
အင္စတာဂရမ္ပိုစ့္တစ္ခုကို အေမရိကန္ေဒၚလာ ငါးသိန္းေက်ာ္ထိ ရရွိေနတဲ့ Blackpink အဖြဲ႕ဝင္ လီဆာ
ေရာင္နီ (NP News) - ဩဂုတ္ ၁၉

ဆိုရွယ္မီဒီယာ စီမံခန္႔ခြဲမႈ ပလက္ေဖာင္း Hopper HQ မွထုတ္ျပန္တဲ့ ေနာက္ဆုံးရစာရင္းမ်ားအရ Instagram မွာ K-pop မိန္းကေလးအဖြဲ႕ Blackpink မွ ထိုင္းအဆိုေတာ္ လီဆာဟာ အာရွနာမည္ေက်ာ္ေတြထဲမွာ follower အမ်ားဆုံးထဲက တစ္ေယာက္ျဖစ္ေနၿပီး ၎ရဲ႕အင္စတာဂရမ္ပိုစ့္ေတြအတြက္ တစ္ပိုစ့္ကို အေမရိကန္ေဒၚလာ ၅၇၅၀၀၀ ထိ ရရွိေနတယ္လို႔ သိရပါတယ္။

ကမာၻ႔ႂကြယ္ဝအခ်မ္းသာဆုံး နာမည္ေက်ာ္မ်ား အဆင့္မွာ အဆင့္ ၂၆ ေနရာမွာရွိေနတဲ့ လီဆာဟာ အာရွေဖ်ာ္ေျဖေရး အႏုပညာရွင္မ်ားစာရင္းမွာ အျမင့္ဆုံးအဆင့္ကို ေရာက္ရွိေနၿပီး သူမရဲ႕ အင္စတာဂရမ္ Follower ဟာ ၉၆.၆ သန္းေက်ာ္ထိ ရွိပါတယ္။ ၎ရဲ႕ေနာက္မွာေတာ့ အိႏၵိယမင္းသမီး ပရီရန္ကာခ်ိဳပရာ က ပိုစ့္တစ္ခုကို အေမရိကန္ေဒၚလာ ၅၃၂,၀၀၀ နဲ႔ အဆင့္ ၂၉ ေနရာမွာ ရပ္တည္ေနပါတယ္။ ၎ရဲ႕ေနာက္မွာ ေတာင္ကိုရီးယား မင္းသား လီမင္ဟိုက ပိုစ့္တစ္ခုကို အေမရိကန္ေဒၚလာ ၂၀၀,၀၀၀ နဲ႔ အဆင့္ ၅၅ မွာ ရပ္တည္ေနပါတယ္။ ၎ရဲ႕ တြဲဖက္ K-drama မင္းသမီး ေဆာင္းေဟကိုကေတာ့ ပိုစ့္တစ္ခုကို အေမရိကန္ေဒၚလာ ၁၀၀၀၀၀ နဲ႔ အဆင့္ ၉၃ မွာ ရပ္တည္ေနပါတယ္။

စာရင္းမွာ ထိပ္ဆုံး နံပါတ္ ၁ ေနရာကို ရရွိထားသူကေတာ့ ေပၚတူဂီေဘာလုံးၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္ဒိုျဖစ္ၿပီး ၎ရဲ႕ အင္စတာဂရမ္ပိုစ့္ တစ္ခုစီဟာ အေမရိကန္ေဒၚလာ ၃.၂ သန္း ထိရွိပါတယ္။ ဒုတိယေနရာမွာေတာ့ ေဘာလုံးၾကယ္ပြင့္ လီယြန္နယ္မက္ဆီက ပိုစ့္တစ္ခုကို အေမရိကန္ေဒၚလာ ၂.၆ သန္းနဲ႔ ရပ္တည္ေနပါတယ္။ တတိယေနရာမွာေတာ့ အေမရိကန္အဆိုေတာ္-မင္းသမီး ဆယ္လီနာဂိုမက္ဇ္က ပိုစ့္တစ္ခုကို အေမရိကန္ေဒၚလာ ၂.၅၆ သန္းနဲ႔ တတိယေနရာမွာ ရပ္တည္ေနပါတယ္။

Related news

© 2021. All rights reserved.