စစ်ပွဲဖြစ်လာမယ့်အခြေအနေများကြောင့် နိုင်ဂျာနိုင်ငံရှိ တပ်ဖွဲ့ဝင်များကို ပြန်လည်ကယ်ထုတ်သွားဖို့ အမေရိကန်စစ်ဘက်စီစဉ်နေ

 3431

ဂျန်ဇက် (NP News) - ဩဂုတ် ၁၉

အမေရိကန်အစိုးရဟာ နိုင်ဂျာနိုင်ငံရှိ အမေရိကန်ဒရုန်းအခြေစိုက်စခန်းနှစ်ခုရှိ တပ်ဖွဲ့ဝင်များကို ပြန်ကယ်ထုတ်မှုတွေလုပ်ဆောင်သွားဖွယ်ရှိနေကြောင်း လေတပ်ဗိုလ်ချုပ် ဂျိန်းစ့်ဟတ်ကာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ ECOWAS အဖွဲ့ဝင်နိုင်ငံတွေဟာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာစစ်အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ပြီး စစ်ရေးကျူးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်မှုများရှိလာချိန်မှာအမေရိကန်အစိုးရက တပ်ဖွဲ့ဝင်တွေ ပြန်လည်ခေါ်ယူဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟတ်ကာက နိုင်ဂျာနိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်ထွက်ခွာခြင်းဟာ သက်ရောက်မှုများ ဖြစ်လာဖွယ်ရှိနေကြောင်းပြောပါတယ်။ နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့လက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ နိုင်ဂျာစစ်အစိုးရအပေါ် ဆက်ဆံမှုများကိုရှောင်ရှားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ဂျာမှာအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြင်သစ်နဲ့အနောက်အုပ်စုနိုင်ငံတွေဟာ အကူအညီပေးမှုများရပ်ဆိုင်းခဲ့ကြောင်း သိရပါတယ်။ အာဏာသိမ်းမှုမဖြစ်ပွားခင်က နိုင်ဂျာနိုင်ငံမှာ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅၀၀ နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ရှိနေကြောင်းသိရပါတယ်။ ECOWAS အဖွဲ့ဟာ နိုင်ဂျာစစ်အစိုးရကိုတိုက်ခိုက်ဖို့ ရက်သတ်မှတ်ချက်များ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ရာ မကြာခင် နိုင်ဂျာကို စစ် တိုက်ဖွယ်ရှိနေတယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။ နိုင်ဂျာစစ်အစိုးရကတော့ စစ်ရေးနည်းလမ်းအသုံးပြုလာမယ်ဆိုရင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘာဇွန်ကို သတ်ပစ်မယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာသတိ ပေးထားပါတယ်။

အာဖရိကသမ္မတကတော့ နိုင်ဂျာအပေါ် စစ်ရေးနည်းလမ်းအသုံးပြုမယ့် ECOWAS ရဲ့အစီအစဉ်ကို လိုလားလက်ခံခြင်းမရှိကြောင်းသိရပါတယ်။ နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ့် ECOWAS ရဲ့အစီအစဉ်ကို ပြင်သစ်နိုင်ငံကထောက်ခံထားပေမယ့် အမေရိကန်အစိုးရကတော့ ငြင်းဆန်ခြင်းမရှိသလိုထောက်ခံခြင်းလည်းမရှိကြောင်းသိရပါတယ်။

zawgyi version
စစ္ပြဲျဖစ္လာမယ့္အေျခအေနမ်ားေၾကာင့္ ႏိုင္ဂ်ာႏိုင္ငံရွိ တပ္ဖြဲ႕ဝင္မ်ားကို ျပန္လည္ကယ္ထုတ္သြားဖို႔ အေမရိကန္စစ္ဘက္စီစဥ္ေန
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၉

အေမရိကန္အစိုးရဟာ ႏိုင္ဂ်ာႏိုင္ငံရွိ အေမရိကန္ဒ႐ုန္းအေျခစိုက္စခန္းႏွစ္ခုရွိ တပ္ဖြဲ႕ဝင္မ်ားကို ျပန္ကယ္ထုတ္မႈေတြလုပ္ေဆာင္သြားဖြယ္ရွိေနေၾကာင္း ေလတပ္ဗိုလ္ခ်ဳပ္ ဂ်ိန္းစ့္ဟတ္ကာက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အေနာက္အာဖရိကႏိုင္ငံမ်ား စီးပြားေရးအဖြဲ႕ ECOWAS အဖြဲ႕ဝင္ႏိုင္ငံေတြဟာ အာဏာသိမ္းမႈျဖစ္ပြားခဲ့တဲ့ ႏိုင္ဂ်ာစစ္အစိုးရကို ျဖဳတ္ခ်ဖို႔ ရည္႐ြယ္ၿပီး စစ္ေရးက်ဴးေက်ာ္တိုက္ခိုက္ဖို႔ ျပင္ဆင္မႈမ်ားရွိလာခ်ိန္မွာအေမရိကန္အစိုးရက တပ္ဖြဲ႕ဝင္ေတြ ျပန္လည္ေခၚယူဖို႔ စီစဥ္ေနျခင္းျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ဟတ္ကာက ႏိုင္ဂ်ာႏိုင္ငံကေန အေမရိကန္တပ္ဖြဲ႕ေတြ ျပန္ထြက္ခြာျခင္းဟာ သက္ေရာက္မႈမ်ား ျဖစ္လာဖြယ္ရွိေနေၾကာင္းေျပာပါတယ္။ ႏိုင္ဂ်ာႏိုင္ငံမွာ ၿပီးခဲ့တဲ့လက အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္အစိုးရဟာ ႏိုင္ဂ်ာစစ္အစိုးရအေပၚ ဆက္ဆံမႈမ်ားကိုေရွာင္ရွားခဲ့တယ္လို႔ ဆိုပါတယ္။

ႏိုင္ဂ်ာမွာအာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျပင္သစ္နဲ႔အေနာက္အုပ္စုႏိုင္ငံေတြဟာ အကူအညီေပးမႈမ်ားရပ္ဆိုင္းခဲ့ေၾကာင္း သိရပါတယ္။ အာဏာသိမ္းမႈမျဖစ္ပြားခင္က ႏိုင္ဂ်ာႏိုင္ငံမွာ ျပင္သစ္တပ္ဖြဲ႕ဝင္ ၁၅၀၀ နဲ႔ အေမရိကန္တပ္ဖြဲ႕ဝင္ ၁၀၀၀ ေက်ာ္ရွိေနေၾကာင္းသိရပါတယ္။ ECOWAS အဖြဲ႕ဟာ ႏိုင္ဂ်ာစစ္အစိုးရကိုတိုက္ခိုက္ဖို႔ ရက္သတ္မွတ္ခ်က္မ်ား သေဘာတူညီမႈရရွိခဲ့ၿပီးျဖစ္ရာ မၾကာခင္ ႏိုင္ဂ်ာကို စစ္ တိုက္ဖြယ္ရွိေနတယ္လို႔သတင္းေတြ ထြက္ေပၚေနပါတယ္။ ႏိုင္ဂ်ာစစ္အစိုးရကေတာ့ စစ္ေရးနည္းလမ္းအသုံးျပဳလာမယ္ဆိုရင္ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဘာဇြန္ကို သတ္ပစ္မယ္လို႔ၿပီးခဲ့တဲ့ရက္ပိုင္းမွာသတိ ေပးထားပါတယ္။

အာဖရိကသမၼတကေတာ့ ႏိုင္ဂ်ာအေပၚ စစ္ေရးနည္းလမ္းအသုံးျပဳမယ့္ ECOWAS ရဲ႕အစီအစဥ္ကို လိုလားလက္ခံျခင္းမရွိေၾကာင္းသိရပါတယ္။ ႏိုင္ဂ်ာကို စစ္ေရးနည္းလမ္းအသုံးျပဳမယ့္ ECOWAS ရဲ႕အစီအစဥ္ကို ျပင္သစ္ႏိုင္ငံကေထာက္ခံထားေပမယ့္ အေမရိကန္အစိုးရကေတာ့ ျငင္းဆန္ျခင္းမရွိသလိုေထာက္ခံျခင္းလည္းမရွိေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.