ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအတွက် import လိုင်စင်လျှောက်ထားမှုဖြေလျော့ပေးပါက ပြည်တွင်းလျှပ်စစ်ကဏ္ဍတွင် တိုးတက်မှုများပိုရှိလာနိုင်ဟုဆို

1003
ပုံစာ - ပြည်တွင်း၌ ရောင်းချနေသည့် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအား တွေ့ရစဉ်
ယွန်း (NP News) - သြဂုတ် ၁၉
ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို import လိုင်စင်လျှောက်ထားခွင့်ဖြေလျော့ပေးရေးအတွက် ပြည်တွင်းရှိ ဆိုလာပစ္စည်းများ တင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်အချို့က ဆန္ဒရှိနေကြသည်။

ဆိုလာစနစ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လျှပ်စစ်မီးပြဿနာကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနေသည့် ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခုဖြစ်ပြီး အခြားစီမံကိန်းများထက် ကုန်ကျစရိတ်ပိုမိုသက် သာသည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။
“ဆိုလာ energy က ခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အရမ်းကိုလိုအပ်တဲ့ solution လို့ထင်ပါတယ်။ တခြား solution တွေကြတော့ ရေအားလျှပ်စစ်ထပ်ဆောက်မယ်ဆိုရင်လည်း ကုန်ကျ စရိတ်တွေအရမ်းများတယ်။ ဆိုလာကျတော့ တစ်အိမ်လုံးစာပဲတပ်မလား၊ စက်ရုံတစ်ရုံစာလေးပဲတပ်မလား တစ်ပိုင်တစ်နိုင်ပဲဖြစ်တဲ့အတွက် ဆိုလာကတော့ လိုအပ်တယ်လို့ ထင်ပါတယ်”ဟု ဆိုလာတင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းလျှပ်စစ် ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှတင်သွင်းမှုအပေါ် ပြီးခဲ့သည့် ဧပြီလ(၁)ရက်မှစ၍ အကောက် ခွန်ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိအချိန်အထိ import လိုင်စင်လျှောက်ထားခွင့်အား ဖြေလျော့ပေးခြင်းမရှိကြောင်း ပြည်တွင်းရှိ ဆိုလာပစ္စည်းများ တင်သွင်းရောင်းချနေသူများထံမှ သိရသည်။
“တခြားပစ္စည်းတွေ import လိုင်စင်တွေဆို အရမ်းစောင့်ရတာတွေရှိတယ်။ ဆိုလာပစ္စည်းတွေဆိုရင်တော့ လိုင်စင်ရတာ နည်းနည်းတော့မြန်တယ်။ ဒါပေမယ့် လိုင်စင်ကင်းလွတ်ခွင့်မရှိတာတော့ ရှိနေပါသေးတယ်။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ ဆိုလာနဲ့ပတ်သက်တဲ့ပစ္စည်းတွေ အကုန်လုံးပေါ့ ဆိုလာပါမယ်၊ အင်ဗာတာပါမယ် တခြားဆက်စပ်ပစ္စည်းတွေအကုန်လုံးကို import လိုင်စင်လုံးဝလျှောက်စရာမလိုတဲ့ အနေအထားတစ်ခုကို သတ်မှတ်လိုက်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေလာမယ်လို့ ထင်မိပါတယ်။ အခုကတော့ အဲဒီအပိုင်းကတော့ မရှိသေးဘူးပေါ့” ဟု အခြားသော ဆိုလာတင်သွင်းရောင်းချသူ လုပ်ငန်းရှင်တစ်ဦးက ဆက်လက်ပြောသည်။
လက်ရှိတွင် ဆိုလာစနစ်ကို စက်ရုံအလုပ်ရုံလုပ်ငန်းရှင်များနှင့် လူလတ်တန်းစားများက အသုံးများလာကြောင်းသိရပြီး အိမ်သုံးတစ်နိုင်တစ်ပိုင်အတွက် ငွေကျပ်(၃)သိန်း၊ (၄)သိန်းမှ စတင်ကာ ဆိုလာတပ်ဆင်နိုင်ကြောင်း ၎င်းက ပြောသည်။
“စက်ရုံတွေနဲ့ လူလတ်တန်းစားတွေကတော့ အများဆုံးသုံးကြတာပေါ့။ အခြေခံလူတန်းစားတွေကြတော့ ဆိုလာတော့သုံးကြတယ် အသေးလေးတွေလောက်ပဲ သုံးကြတာပေါ့။ သုံးတဲ့သူရဲ့ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီးတော့ အိမ်သုံး system ကိုမှ (၃)၊(၄)သိန်းလောက်ကနေ သိန်းရာချီတဲ့အထိ ဖြစ်သွားမှာပေါ့။ quality ကိုဦးစားပေးတာလား။ ခုလက်ရှိ မီးမြန်မြန်ရဖို့ကိုပဲ ဦးစားပေးမှာလားဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့ အခြေအနေကတော့ ကွာသွားတာပေါ့”ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းလျက်ရှိကြောင်း သိရသည်။
အစိုးရအနေဖြင့် ပြည်သူများ၊ လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်မြေနေရာများပေါ်တွင် တပ်ဆင်ထားသည့် အသေးစားဆိုလာစနစ်မှ ဓာတ်အားများကို ပြန်လည်ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလက ထုတ်ပြန်ထားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အရ လျှပ်စစ်ဓာတ်အား (၁ဝဝ) ကီလိုဝပ်မှ (၁)မဂ္ဂါဝပ်အထိကို (၈၅)ကျပ်နှုန်းဖြင့် လည်းကောင်း ၊ (၁)မဂ္ဂါဝပ်အထက်မှ (၁၀)မဂ္ဂါဝပ်အထိကို (၈ဝ) ကျပ်ဖြင့်လည်းကောင်း ဝယ်ယူသွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိပြီး အဆိုပါ ပမာဏသည် နည်းနေကြောင်း ဆိုလာပစ္စည်းများ တင်သွင်းရောင်ချသည့် လုပ်ငန်းရှင်များက သုံးသပ်ပြောကြားထားသည်။

zawgyi version
ဆိုလာႏွင့္ဆက္စပ္ပစၥည္းမ်ားအတြက္ import လိုင္စင္ေလွ်ာက္ထားမႈေျဖေလ်ာ့ေပးပါက ျပည္တြင္းလွ်ပ္စစ္က႑တြင္ တိုးတက္မႈမ်ားပိုရွိလာႏိုင္ဟုဆို
ယြန္း (NP News) - ၾသဂုတ္ ၁၉
ဆိုလာႏွင့္ ဆက္စပ္ပစၥည္းမ်ားကို import လိုင္စင္ေလွ်ာက္ထားခြင့္ေျဖေလ်ာ့ေပးေရးအတြက္ ျပည္တြင္းရွိ ဆိုလာပစၥည္းမ်ား တင္သြင္းေရာင္းခ်ေနသည့္ လုပ္ငန္းရွင္အခ်ိဳ႕က ဆႏၵရွိေနၾကသည္။
ဆိုလာစနစ္သည္ ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနသည့္ လွ်ပ္စစ္မီးျပႆနာကို တစ္ဖက္တစ္လမ္းမွ ကူညီေျဖရွင္းေပးေနသည့္ ျပည့္ၿဖိဳးၿမဲစြမ္းအင္တစ္ခုျဖစ္ၿပီး အျခားစီမံကိန္းမ်ားထက္ ကုန္က်စရိတ္ပိုမိုသက္ သာသည့္ စနစ္တစ္ခုျဖစ္ေၾကာင္း သိရသည္။
“ဆိုလာ energy က ခုလက္ရွိျဖစ္ေပၚေနတဲ့ ျပႆနာကို ေျဖရွင္းဖို႔အတြက္ အရမ္းကိုလိုအပ္တဲ့ solution လို႔ထင္ပါတယ္။ တျခား solution ေတြၾကေတာ့ ေရအားလွ်ပ္စစ္ထပ္ေဆာက္မယ္ဆိုရင္လည္း ကုန္က် စရိတ္ေတြအရမ္းမ်ားတယ္။ ဆိုလာက်ေတာ့ တစ္အိမ္လုံးစာပဲတပ္မလား၊ စက္႐ုံတစ္႐ုံစာေလးပဲတပ္မလား တစ္ပိုင္တစ္ႏိုင္ပဲျဖစ္တဲ့အတြက္ ဆိုလာကေတာ့ လိုအပ္တယ္လို႔ ထင္ပါတယ္”ဟု ဆိုလာတင္သြင္းေရာင္းခ်ေနသည့္ လုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနအေနျဖင့္ ျပည္တြင္းလွ်ပ္စစ္ ဓာတ္အားလုံေလာက္စြာရရွိေရးအတြက္ ဆိုလာႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ျပည္ပမွတင္သြင္းမႈအေပၚ ၿပီးခဲ့သည့္ ဧၿပီလ(၁)ရက္မွစ၍ အေကာက္ ခြန္ကင္းလြတ္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ လက္ရွိအခ်ိန္အထိ import လိုင္စင္ေလွ်ာက္ထားခြင့္အား ေျဖေလ်ာ့ေပးျခင္းမရွိေၾကာင္း ျပည္တြင္းရွိ ဆိုလာပစၥည္းမ်ား တင္သြင္းေရာင္းခ်ေနသူမ်ားထံမွ သိရသည္။
“တျခားပစၥည္းေတြ import လိုင္စင္ေတြဆို အရမ္းေစာင့္ရတာေတြရွိတယ္။ ဆိုလာပစၥည္းေတြဆိုရင္ေတာ့ လိုင္စင္ရတာ နည္းနည္းေတာ့ျမန္တယ္။ ဒါေပမယ့္ လိုင္စင္ကင္းလြတ္ခြင့္မရွိတာေတာ့ ရွိေနပါေသးတယ္။ ဒါေၾကာင့္မို႔လို႔ အစိုးရအေနနဲ႔ ဆိုလာနဲ႔ပတ္သက္တဲ့ပစၥည္းေတြ အကုန္လုံးေပါ့ ဆိုလာပါမယ္၊ အင္ဗာတာပါမယ္ တျခားဆက္စပ္ပစၥည္းေတြအကုန္လုံးကို import လိုင္စင္လုံးဝေလွ်ာက္စရာမလိုတဲ့ အေနအထားတစ္ခုကို သတ္မွတ္လိုက္မယ္ဆိုရင္ေတာ့ ပိုၿပီးအဆင္ေျပလာမယ္လို႔ ထင္မိပါတယ္။ အခုကေတာ့ အဲဒီအပိုင္းကေတာ့ မရွိေသးဘူးေပါ့” ဟု အျခားေသာ ဆိုလာတင္သြင္းေရာင္းခ်သူ လုပ္ငန္းရွင္တစ္ဦးက ဆက္လက္ေျပာသည္။
လက္ရွိတြင္ ဆိုလာစနစ္ကို စက္႐ုံအလုပ္႐ုံလုပ္ငန္းရွင္မ်ားႏွင့္ လူလတ္တန္းစားမ်ားက အသုံးမ်ားလာေၾကာင္းသိရၿပီး အိမ္သုံးတစ္ႏိုင္တစ္ပိုင္အတြက္ ေငြက်ပ္(၃)သိန္း၊ (၄)သိန္းမွ စတင္ကာ ဆိုလာတပ္ဆင္ႏိုင္ေၾကာင္း ၎က ေျပာသည္။
“စက္႐ုံေတြနဲ႔ လူလတ္တန္းစားေတြကေတာ့ အမ်ားဆုံးသုံးၾကတာေပါ့။ အေျခခံလူတန္းစားေတြၾကေတာ့ ဆိုလာေတာ့သုံးၾကတယ္ အေသးေလးေတြေလာက္ပဲ သုံးၾကတာေပါ့။ သုံးတဲ့သူရဲ႕ ဘတ္ဂ်က္ေပၚမွာ မူတည္ၿပီးေတာ့ အိမ္သုံး system ကိုမွ (၃)၊(၄)သိန္းေလာက္ကေန သိန္းရာခ်ီတဲ့အထိ ျဖစ္သြားမွာေပါ့။ quality ကိုဦးစားေပးတာလား။ ခုလက္ရွိ မီးျမန္ျမန္ရဖို႔ကိုပဲ ဦးစားေပးမွာလားဆိုတဲ့ အေပၚမွာမူတည္ၿပီးေတာ့ အေျခအေနကေတာ့ ကြာသြားတာေပါ့”ဟု အထက္ပါ လုပ္ငန္းရွင္က ေျပာသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ဆိုလာႏွင့္ ဆက္စပ္ပစၥည္းမ်ားကို တ႐ုတ္ႏိုင္ငံမွ အမ်ားဆုံးတင္သြင္းလ်က္ရွိေၾကာင္း သိရသည္။
အစိုးရအေနျဖင့္ ျပည္သူမ်ား၊ လုပ္ငန္းရွင္မ်ား၏ ကိုယ္ပိုင္ေျမေနရာမ်ားေပၚတြင္ တပ္ဆင္ထားသည့္ အေသးစားဆိုလာစနစ္မွ ဓာတ္အားမ်ားကို ျပန္လည္ဝယ္ယူသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ဧၿပီလက ထုတ္ျပန္ထားခဲ့သည္။
အဆိုပါ ထုတ္ျပန္ခ်က္အရ လွ်ပ္စစ္ဓာတ္အား (၁ဝဝ) ကီလိုဝပ္မွ (၁)မဂၢါဝပ္အထိကို (၈၅)က်ပ္ႏႈန္းျဖင့္ လည္းေကာင္း ၊ (၁)မဂၢါဝပ္အထက္မွ (၁၀)မဂၢါဝပ္အထိကို (၈ဝ) က်ပ္ျဖင့္လည္းေကာင္း ဝယ္ယူသြားမည္ဟု ထုတ္ျပန္ခ်က္တြင္ပါရွိၿပီး အဆိုပါ ပမာဏသည္ နည္းေနေၾကာင္း ဆိုလာပစၥည္းမ်ား တင္သြင္းေရာင္ခ်သည့္ လုပ္ငန္းရွင္မ်ားက သုံးသပ္ေျပာၾကားထားသည္။