ဒလမြို့နယ်၌ ဘတ္ထရီစက်ဘီးအပါအဝင် EV လျှပ်စစ် နှစ်ဘီး၊ သုံးဘီးယာဉ်များကို ဖမ်းဆီးမည်ဟုကြေညာမှုများရှိနေ

5803
NP News - ဩဂုတ် ၁၉
ဒလမြို့နယ်၌ ဘတ္ထရီစက်ဘီးအပါအဝင် EV လျှပ်စစ် နှစ်ဘီး၊ သုံးဘီးယာဉ်များ ဖမ်းဆီးမည်ဟု အသံချဲ့ စက်ဖြင့် ရပ်ကွက်များအတွင်း လိုက်လံကြေညာမှုများရှိနေကြောင်း ဒလမြို့ခံအချို့ထံမှ သိရသည်။

လတ်တလောသည် ပညာပေးကာလဖြစ်ပြီး လာမည့် ဩဂုတ်လ ၂၁ ရက်မှစတင်ကာ ဖမ်းဆီးအရေးယူသွားမည်ဟု ကြေညာချက်တွင် ထည့်သွင်းအသိပေးထားကြောင်း သိရသည်။
“ဆိုင်ကယ်တွေအရင်ဖမ်းတယ်။ အခုဘတ္ထရီစက်ဘီးတွေပါဖမ်းမယ်ပြောနေတယ်။ ဓါတ်ဆီ သုံးဘီးကယ်ရီတွေနဲ့သွားမယ်ဆိုရင် ကယ်ရီခက သုံးထောင်ကျော်တယ်လေ။ ဒလမှာကလိုင်းကားမရှိတော့ ဘတ္ထရီစက်ဘီးကိုဘဲ အားကိုးနေရတာ အခုတော့မစီးရဲကြလို့ အိမ်ထဲမှာသိမ်းထားရတော့မယ်”ဟု ဒလမြို့နယ်မှ လူငယ်တစ်ဦးကပြောသည်။
ဒလမြို့နယ်ရှိ ပြည်သူအများစုသည် ဘတ္ထရီစက်ဘီးများဖြင့်ရုံးတက်ရုံးဆင်း အသုံးပြုသွားလာနေရခြင်းဖြစ်ပြီး EV လျှပ်စစ် နှစ်ဘီး၊ သုံးဘီးယာဉ် အနည်းငယ်ကိုလဲ အသုံးပြုနေကြကြောင်း သိရသည်။
"တစ်ချို့နေရာတွေမှာ လိုက်အော်တယ်ပြောတယ်။ တစ်ချို့ရပ်ကွက်တွေမှာတော့မအော်ဘူး။ တစ်ချို့ရပ်ကွက်တွေမှာ အဲဒီလိုအော်တဲ့အခါကျတော့ လူတွေက ကြောက်ပြီးတော့ စီးရမလို၊ မစီးရမလိုဖြစ်နေတာပေါ့။ တကယ်တော့ အဲဒါနဲ့မစီးရင်လည်း တော်တော်အလုပ်မဖြစ်ဘူးလေ။ တော်တော်ဝေးတဲ့နေရာ လေးတွေရှိတယ်လေ။ ကလေးတွေကျောင်းပို့တာတွေ ဘာတွေကျတော့အဆင်မပြေဘူးလေ။ ဘတ်စ်ကားကလည်းမရှိဘူး။ သုံးဘီးဆိုတာကလည်း တစ်ခါသွားရင် တစ်ကြောင်းကို နှစ်ထောင်ဆိုတော့ ကျောင်းပို့မယ့်လူဆိုရင် အသွားတစ်ခေါက် အပြန်တစ်ခေါက်နဲ့ ဘယ်သူက တတ်နိုင်မှာလဲ"ဟု ဒလမြို့ခံ တစ်ဦးကလည်း ပြောသည်။
နိုင်ငံရေး အပြောင်းအလဲ အပြီး ၂၀၂၁ခုနှစ် ဧပြီလကတည်းက ဒလ၌ဆိုင်ကယ်စီးခွင့်ပိတ်ပင်ထားသည့် အပြင် လက်ရှိ၌ ဘတ္ထရီစက်ဘီးအပါအဝင် EV လျှပ်စစ် နှစ်ဘီး၊ သုံးဘီးယာဉ်များကိုပါဖမ်းဆီးမည်ဟု သက်ဆိုင်ရာက ထပ်မံစည်းကမ်းများတင်းကြပ်နေခြင်းဖြစ်သည်။

zawgyi version
ဒလၿမိဳ႕နယ္၌ ဘတၳရီစက္ဘီးအပါအဝင္ EV လွ်ပ္စစ္ ႏွစ္ဘီး၊ သုံးဘီးယာဥ္မ်ားကို ဖမ္းဆီးမည္ဟုေၾကညာမႈမ်ားရွိေန
NP News - ဩဂုတ္ ၁၉
ဒလၿမိဳ႕နယ္၌ ဘတၳရီစက္ဘီးအပါအဝင္ EV လွ်ပ္စစ္ ႏွစ္ဘီး၊ သုံးဘီးယာဥ္မ်ား ဖမ္းဆီးမည္ဟု အသံခ်ဲ႕ စက္ျဖင့္ ရပ္ကြက္မ်ားအတြင္း လိုက္လံေၾကညာမႈမ်ားရွိေနေၾကာင္း ဒလၿမိဳ႕ခံအခ်ိဳ႕ထံမွ သိရသည္။
လတ္တေလာသည္ ပညာေပးကာလျဖစ္ၿပီး လာမည့္ ဩဂုတ္လ ၂၁ ရက္မွစတင္ကာ ဖမ္းဆီးအေရးယူသြားမည္ဟု ေၾကညာခ်က္တြင္ ထည့္သြင္းအသိေပးထားေၾကာင္း သိရသည္။
“ဆိုင္ကယ္ေတြအရင္ဖမ္းတယ္။ အခုဘတၳရီစက္ဘီးေတြပါဖမ္းမယ္ေျပာေနတယ္။ ဓါတ္ဆီ သုံးဘီးကယ္ရီေတြနဲ႔သြားမယ္ဆိုရင္ ကယ္ရီခက သုံးေထာင္ေက်ာ္တယ္ေလ။ ဒလမွာကလိုင္းကားမရွိေတာ့ ဘတၳရီစက္ဘီးကိုဘဲ အားကိုးေနရတာ အခုေတာ့မစီးရဲၾကလို႔ အိမ္ထဲမွာသိမ္းထားရေတာ့မယ္”ဟု ဒလၿမိဳ႕နယ္မွ လူငယ္တစ္ဦးကေျပာသည္။
ဒလၿမိဳ႕နယ္ရွိ ျပည္သူအမ်ားစုသည္ ဘတၳရီစက္ဘီးမ်ားျဖင့္႐ုံးတက္႐ုံးဆင္း အသုံးျပဳသြားလာေနရျခင္းျဖစ္ၿပီး EV လွ်ပ္စစ္ ႏွစ္ဘီး၊ သုံးဘီးယာဥ္ အနည္းငယ္ကိုလဲ အသုံးျပဳေနၾကေၾကာင္း သိရသည္။
"တစ္ခ်ိဳ႕ေနရာေတြမွာ လိုက္ေအာ္တယ္ေျပာတယ္။ တစ္ခ်ိဳ႕ရပ္ကြက္ေတြမွာေတာ့မေအာ္ဘူး။ တစ္ခ်ိဳ႕ရပ္ကြက္ေတြမွာ အဲဒီလိုေအာ္တဲ့အခါက်ေတာ့ လူေတြက ေၾကာက္ၿပီးေတာ့ စီးရမလို၊ မစီးရမလိုျဖစ္ေနတာေပါ့။ တကယ္ေတာ့ အဲဒါနဲ႔မစီးရင္လည္း ေတာ္ေတာ္အလုပ္မျဖစ္ဘူးေလ။ ေတာ္ေတာ္ေဝးတဲ့ေနရာ ေလးေတြရွိတယ္ေလ။ ကေလးေတြေက်ာင္းပို႔တာေတြ ဘာေတြက်ေတာ့အဆင္မေျပဘူးေလ။ ဘတ္စ္ကားကလည္းမရွိဘူး။ သုံးဘီးဆိုတာကလည္း တစ္ခါသြားရင္ တစ္ေၾကာင္းကို ႏွစ္ေထာင္ဆိုေတာ့ ေက်ာင္းပို႔မယ့္လူဆိုရင္ အသြားတစ္ေခါက္ အျပန္တစ္ေခါက္နဲ႔ ဘယ္သူက တတ္ႏိုင္မွာလဲ"ဟု ဒလၿမိဳ႕ခံ တစ္ဦးကလည္း ေျပာသည္။
ႏိုင္ငံေရး အေျပာင္းအလဲ အၿပီး ၂၀၂၁ခုႏွစ္ ဧၿပီလကတည္းက ဒလ၌ဆိုင္ကယ္စီးခြင့္ပိတ္ပင္ထားသည့္ အျပင္ လက္ရွိ၌ ဘတၳရီစက္ဘီးအပါအဝင္ EV လွ်ပ္စစ္ ႏွစ္ဘီး၊ သုံးဘီးယာဥ္မ်ားကိုပါဖမ္းဆီးမည္ဟု သက္ဆိုင္ရာက ထပ္မံစည္းကမ္းမ်ားတင္းၾကပ္ေနျခင္းျဖစ္သည္။