ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကလေးတွေကို မြင်းပုစီးခွင့် ပိတ်ပင်သွားမည်

 546

ရောင်နီ (NP News) - ဩဂုတ် ၂၀
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ကမ်ပိန်းတစ်ခု အပြီးမှာ အများပြည်သူ ပန်းခြံတွေမှာ ကလေးသူငယ် မြင်းပုစီးခွင့်ကို ၂၀၂၅ ခုနှစ်မှစပြီးပိတ်ပင်သွားမယ်လို့ သိရပါတယ်။

မြင်းပု စီးနင်းမှုတွေဟာ Champ de Mars၊ Parc Monceau နဲ့ Parc du Luxembourg လို ပဲရစ် ပန်းခြံတွေမှာ ရေပန်းစားလာခဲ့ပြီး စနေ၊ တနင်္ဂနွေနဲ့ ကျောင်းပိတ်ရက်တွေမှာ မြင်းပုစီးနှုန်း များတတ်ပါတယ်။ တိရစ္ဆာန် အခွင့် အရေး အဖွဲ့များက မြင်းစီးခြင်း ပိတ်ပင်ဖို့ နှစ်ပေါင်းများစွာ စည်းရုံးလှုံ့ဆော်ခဲ့ပြီး မြင်းတွေဟာ နှပ်မခွာဘဲ ရက်အတော်ကြာ အလုပ်လုပ်ရကြောင်း၊ ရေချိုနဲ့ မြက်ပင်တွေကို အမြဲတမ်း စားသုံးခွင့် မရှိတဲ့အပြင် မြို့တွင်းကို ကုန်တင်ကားတွေနဲ့ လာရောက်ရတာကြောင့် နာရီပေါင်းများစွာ ဒုက္ခရောက်နေကြရကြောင်း ငြင်းခုံခဲ့ကြပါတယ်။ မြင်းပုတွေဟာ ကစားစရာတွေ မဟုတ်ဘူး လို့ Paris Animaux Zoopolis (PAZ) တက်ကြွလှုပ်ရှားသူ မက်မန်ဒင်းဆန်ဆီဗင်စ် က ပြောကြားခဲ့ပါတယ်။

ပဲရစ်မြို့ရှိ ပန်းခြံအများအပြားမှာ AnimaPoney ဒါရိုက်တာ စတီဖင်မီချဒ် က ၎င်းရဲ့ မြင်းပုတွေဟာ တစ်နှစ်ကို ရက်ပေါင်း ၁၅၀ ခန့် အလုပ်လုပ်ရကြောင်း၊ မြင်းပုတွေကို ပဲရစ်မြို့ တောင်ဘက်ရှိ Rambouillet မြင်းစီး စင်တာနဲ့ ကျေးလက်တောရွာများမှ သယ်ဆောင်လာရကြောင်း ပြောကြားခဲ့ပါတယ်။

Zawgyi Version

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕မွာ ကေလးေတြကို ျမင္းပုစီးခြင့္ ပိတ္ပင္သြားမည္

ေရာင္နီ (NP News) - ဩဂုတ္ ၂၀
ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕မွာ တိရိစာၦန္အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြရဲ႕ ကမ္ပိန္းတစ္ခု အၿပီးမွာ အမ်ားျပည္သူ ပန္းၿခံေတြမွာ ကေလးသူငယ္ ျမင္းပုစီးခြင့္ကို ၂၀၂၅ ခုႏွစ္မွစၿပီးပိတ္ပင္သြားမယ္လို႔ သိရပါတယ္။

ျမင္းပု စီးနင္းမႈေတြဟာ Champ de Mars၊ Parc Monceau နဲ႔ Parc du Luxembourg လို ပဲရစ္ ပန္းၿခံေတြမွာ ေရပန္းစားလာခဲ့ၿပီး စေန၊ တနဂၤေႏြနဲ႔ ေက်ာင္းပိတ္ရက္ေတြမွာ ျမင္းပုစီးႏႈန္း မ်ားတတ္ပါတယ္။ တိရစာၦန္ အခြင့္ အေရး အဖြဲ႕မ်ားက ျမင္းစီးျခင္း ပိတ္ပင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ စည္း႐ုံးလႈံ႕ေဆာ္ခဲ့ၿပီး ျမင္းေတြဟာ ႏွပ္မခြာဘဲ ရက္အေတာ္ၾကာ အလုပ္လုပ္ရေၾကာင္း၊ ေရခ်ိဳနဲ႔ ျမက္ပင္ေတြကို အၿမဲတမ္း စားသုံးခြင့္ မရွိတဲ့အျပင္ ၿမိဳ႕တြင္းကို ကုန္တင္ကားေတြနဲ႔ လာေရာက္ရတာေၾကာင့္ နာရီေပါင္းမ်ားစြာ ဒုကၡေရာက္ေနၾကရေၾကာင္း ျငင္းခုံခဲ့ၾကပါတယ္။ ျမင္းပုေတြဟာ ကစားစရာေတြ မဟုတ္ဘူး လို႔ Paris Animaux Zoopolis (PAZ) တက္ႂကြလႈပ္ရွားသူ မက္မန္ဒင္းဆန္ဆီဗင္စ္ က ေျပာၾကားခဲ့ပါတယ္။

ပဲရစ္ၿမိဳ႕ရွိ ပန္းၿခံအမ်ားအျပားမွာ AnimaPoney ဒါ႐ိုက္တာ စတီဖင္မီခ်ဒ္ က ၎ရဲ႕ ျမင္းပုေတြဟာ တစ္ႏွစ္ကို ရက္ေပါင္း ၁၅၀ ခန႔္ အလုပ္လုပ္ရေၾကာင္း၊ ျမင္းပုေတြကို ပဲရစ္ၿမိဳ႕ ေတာင္ဘက္ရွိ Rambouillet ျမင္းစီး စင္တာနဲ႔ ေက်းလက္ေတာ႐ြာမ်ားမွ သယ္ေဆာင္လာရေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.