နိုင်ငံခြားငွေရောင်းဝယ်ရေးလုပ်ကိုင်သည့်ဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးသတ်ကာ ငွေသားများလုယက်မှု မြဝတီမြို့၌ ဖြစ်ပွား

 1724

သန့်ဇင် (NP News) - ဩဂုတ် ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ထိုင်းဘတ် နှင့် မြန်မာငွေလဲလှယ်ရေးလုပ်ကိုင်သည့် ဆိုင်ပိုင်ရှင် အမျိုးသားအား ဓားဖြင့် ထိုးသတ်၍ ပိုက်ဆံများလုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်)၊ ည ၇နာရီအချိန်တွင် မြဝတီမြို့၊ ညဈေး ရွှေမတ်စတိုးရှေ့ရှိ ဘတ်လဲလှယ်ရေးဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း မွန်မြတ်ဖြူစင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

"ဆိုင်သိမ်းမယ့်အချိန်မှာပေါ့။ ပိုက်ဆံလဲသိမ်းနေပြီလေ။ အဲဒီအချိန်မှာ ပိုက်ဆံထုတ်ကို လုပြီးလုပ်သွားတာ။ အုပ်စုဖွဲ့လုပ်တာလားတော့ ကျွန်တော်တို့လဲသေချာမသိပါဘူး"ဟု မွန်မြတ်ဖြူစင်လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဓားဖြင့် အထိုးခံရမှုကြောင့် ဘတ်လဲလှယ်ရေးဆိုင်ပိုင်ရှင် ကိုမျိုးမင်း(ခ)ကိုဆံရှည်တွင် ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

"ဓားနဲ့အထိုခံရတဲ့လူကတော့ ပွဲချင်းပြီးပဲဗျ။ တရားခံတွေကတော့ စုံစမ်းဆဲပဲပေါ့နော်"ဟု ၎င်းကဆက် လက်ပြောသည်။

လူသတ်လုယက်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသူ ကိုမျိုးမင်းအား မြဝတီမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သော ဩဂုတ်လ ၁၅ ရက်ကလည်း မြဝတီမြို့၌ တရားထိုင်နေသည့် အမျိုးသားအား အုတ်ခဲဖြင့်ထုသတ်၍ ဖုန်းနှင့်ပိုက်ဆံအိတ်လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
ႏိုင္ငံျခားေငြေရာင္းဝယ္ေရးလုပ္ကိုင္သည့္ဆိုင္ပိုင္ရွင္ကို ဓားျဖင့္ထိုးသတ္ကာ ေငြသားမ်ားလုယက္မႈ ျမဝတီၿမိဳ႕၌ ျဖစ္ပြား

သန႔္ဇင္ (NP News) - ဩဂုတ္ ၂၁

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၌ ထိုင္းဘတ္ ႏွင့္ ျမန္မာေငြလဲလွယ္ေရးလုပ္ကိုင္သည့္ ဆိုင္ပိုင္ရွင္ အမ်ိဳးသားအား ဓားျဖင့္ ထိုးသတ္၍ ပိုက္ဆံမ်ားလုယက္ယူေဆာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဩဂုတ္လ ၂၀ ရက္)၊ ည ၇နာရီအခ်ိန္တြင္ ျမဝတီၿမိဳ႕၊ ညေဈး ေ႐ႊမတ္စတိုးေရွ႕ရွိ ဘတ္လဲလွယ္ေရးဆိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း မြန္ျမတ္ျဖဴစင္လူမႈကူညီေရးအသင္းထံမွ သိရသည္။

"ဆိုင္သိမ္းမယ့္အခ်ိန္မွာေပါ့။ ပိုက္ဆံလဲသိမ္းေနၿပီေလ။ အဲဒီအခ်ိန္မွာ ပိုက္ဆံထုတ္ကို လုၿပီးလုပ္သြားတာ။ အုပ္စုဖြဲ႕လုပ္တာလားေတာ့ ကြၽန္ေတာ္တို႔လဲေသခ်ာမသိပါဘူး"ဟု မြန္ျမတ္ျဖဴစင္လူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ဓားျဖင့္ အထိုးခံရမႈေၾကာင့္ ဘတ္လဲလွယ္ေရးဆိုင္ပိုင္ရွင္ ကိုမ်ိဳးမင္း(ခ)ကိုဆံရွည္တြင္ ဓားဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

"ဓားနဲ႔အထိုခံရတဲ့လူကေတာ့ ပြဲခ်င္းၿပီးပဲဗ်။ တရားခံေတြကေတာ့ စုံစမ္းဆဲပဲေပါ့ေနာ္"ဟု ၎ကဆက္ လက္ေျပာသည္။

လူသတ္လုယက္မႈက်ဴးလြန္သူအား သက္ဆိုင္ရာမွ စုံစမ္းေနဆဲျဖစ္ၿပီး ေသဆုံးသူ ကိုမ်ိဳးမင္းအား ျမဝတီၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့ေသာ ဩဂုတ္လ ၁၅ ရက္ကလည္း ျမဝတီၿမိဳ႕၌ တရားထိုင္ေနသည့္ အမ်ိဳးသားအား အုတ္ခဲျဖင့္ထုသတ္၍ ဖုန္းႏွင့္ပိုက္ဆံအိတ္လုယက္ယူေဆာင္မႈ ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.