အမြင့်ဆုံး‌ စံချိန်တင်ခဲ့သည့် ရွှေဈေး နှင့်ဒေါ်လာဈေးများ ယနေ့ ပြန်လည်ကျဆင်းလာ

 16311

NP News - ဩဂုတ် ၂၁

တစ်လနီးပါး နေ့စဉ်နှင့်အမျှ အတက်ဘက်တွင်ရှိနေသည့် ပြည်တွင်းရွှေစျေးနှင့် အမေရိကန်ဒေါ်လာဈေးသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်)တွင် ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ကိုးသိန်း ခုနှစ်သောင်းအထိ ရောက်ရှိခဲ့ပြီးနောက် ယနေ့တွင် ကျပ်သုံးသိန်းနီးပါး ပြန်လည်ကျဆင်းလာပြီး ပြည်တွင်းငွေလဲနှုန်းသည်လည်း အမေရိကန်တစ်ဒေါ်လာလျှင်လေးထောင်ကျပ်မှ ၃၇၀၀ ကျပ်ဝန်းအထိ ကျဆင်းလာကြောင်း ရန်ကုန်မြို့ ရွှေဈေးကွက်နှင်ပြင်ပငွေလဲဈေးကွက်အတွင်းမှသိရသည်။

"ဩဂုတ်လ အစပိုင်းရက်က ရွှေဈေးက ၃၅ သိန်းကနေ နေ့တိုင်းကို စျေးတက်နေတာ။ မနေ့ကဆို ၃၉ သိန်းကျော်၊ သိန်း ၄၀ လောက်အထိ ရောက်လာတယ်။ ဒီနေ့လည်ကျတော့ ၃၇ သိန်းကျော်၊ ၃၈သိန်းဝန်းကျင်နဲ့ အရောင်းအဝယ် လုပ်နေကြတယ်။ ညနေပိုင်းမှာဈေးထပ်ကျသွားတာ ၃၇သိန်းနဲ့ရွှေဈေးပိတ်သွားတယ်"ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။

မြန်မာကျပ်ငွေလဲနှုန်းအရ မြန်မာငွေတန်ဖိုးပြန်လည်တက်လာခြင်းကြောင့် ရွှေဈေးကျဆင်းလာခြင်းဖြစ်သည့်အပြင် လတ်တလောဈေးကွက်အတွင်း၌ ဈေးနှုန်းမတည်ငြိမ်မှုကြောင့် ဆက်လက်ကျဆင်းနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားကြသည်။

ပြည်တွင်းပြင်ပငွေလဲဈေးနှုန်းများအရ အမေရိကန်ဒေါ်လာအပါအဝင် စင်ကာပူ၊ ထိုင်း၊ တရုတ်ယွမ်ငွေများလည်း ဈေးကျဆင်းလာသည့်အပြင် အရောင်းအဝယ်ရပ်တန့်ထားကြောင်း ငွေလဲလုပ်ကိုင်သူများထံမှသိရသည်။

“ဈေးကွက်သဘောအရ ရောင်းလိုအား ဝယ်လိုအားမျှခြေ တစ်ခုမှာဈေးတွေရပ်တန့်တဲ့သဘောပါဘဲ။နိုင်ငံခြားသွားဖို့အတွက် အရေးပေါ် ဒေါ်လာဝယ်တဲ့သူတွေတောင် ဝယ်ဖို့ခက်လာတဲ့အခါမှာ ငွေလဲဈေးတွေပြန်ကျမှာပါ။ အမေရိကန်ဒေါ်လာဈေးကျရင် တခြားငွေတွေလဲလိုက်ကျလာမှာပဲ”ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၂၃ ရက်က ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန် ငွေစက္ကူများထုတ်ဝေမည်ဟု ကြေ ညာပြီးနောက် နေ့စဉ်နှင့်အမျှ ရွှေဈေးနှင်ဒေါ်လာဈေးများ တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်သည်။ ကမ္ဘာ့ ရွှေစျေးသည် ယခုရက်ပိုင်းအတွင်း ကျဆင်းလျက်ရှိရာ ယနေ့တွင် ရွှေတစ်အောင်စလျှင် ၁၈၈၇ ဒေါ်လာရှိပြီး တစ်ပတ်အတွင်း ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၄၀ ခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာခြင်းကြောင့်ဟုဆိုကာ ယနေ့နေ့လည်တွင် ရွှေစျေးကျဆင်းမှုနှင့်အတူ အမေရိကန်ဒေါ်လာ နှင့် ထိုင်းဘတ်ငွေတို့လည်း စျေးပြန်လည်ကျဆင်းလာကြောင်း ငွေလဲလှယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

zawgyi version
အျမင့္ဆုံး‌ စံခ်ိန္တင္ခဲ့သည့္ ေ႐ႊေဈး ႏွင့္ေဒၚလာေဈးမ်ား ယေန႔ ျပန္လည္က်ဆင္းလာ
NP News - ဩဂုတ္ ၂၁

တစ္လနီးပါး ေန႔စဥ္ႏွင့္အမွ် အတက္ဘက္တြင္ရွိေနသည့္ ျပည္တြင္းေ႐ႊေစ်းႏွင့္ အေမရိကန္ေဒၚလာေဈးသည္ ယေန႔ (ဩဂုတ္လ ၂၁ ရက္)တြင္ ျပန္လည္က်ဆင္းလာေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။

အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သုံးဆယ့္ကိုးသိန္း ခုႏွစ္ေသာင္းအထိ ေရာက္ရွိခဲ့ၿပီးေနာက္ ယေန႔တြင္ က်ပ္သုံးသိန္းနီးပါး ျပန္လည္က်ဆင္းလာၿပီး ျပည္တြင္းေငြလဲႏႈန္းသည္လည္း အေမရိကန္တစ္ေဒၚလာလွ်င္ေလးေထာင္က်ပ္မွ ၃၇၀၀ က်ပ္ဝန္းအထိ က်ဆင္းလာေၾကာင္း ရန္ကုန္ၿမိဳ႕ ေ႐ႊေဈးကြက္ႏွင္ျပင္ပေငြလဲေဈးကြက္အတြင္းမွသိရသည္။

"ဩဂုတ္လ အစပိုင္းရက္က ေ႐ႊေဈးက ၃၅ သိန္းကေန ေန႔တိုင္းကို ေစ်းတက္ေနတာ။ မေန႔ကဆို ၃၉ သိန္းေက်ာ္၊ သိန္း ၄၀ ေလာက္အထိ ေရာက္လာတယ္။ ဒီေန႔လည္က်ေတာ့ ၃၇ သိန္းေက်ာ္၊ ၃၈သိန္းဝန္းက်င္နဲ႔ အေရာင္းအဝယ္ လုပ္ေနၾကတယ္။ ညေနပိုင္းမွာေဈးထပ္က်သြားတာ ၃၇သိန္းနဲ႔ေ႐ႊေဈးပိတ္သြားတယ္"ဟု ေ႐ႊကုန္သည္တစ္ဦးက ေျပာသည္။

ျမန္မာက်ပ္ေငြလဲႏႈန္းအရ ျမန္မာေငြတန္ဖိုးျပန္လည္တက္လာျခင္းေၾကာင့္ ေ႐ႊေဈးက်ဆင္းလာျခင္းျဖစ္သည့္အျပင္ လတ္တေလာေဈးကြက္အတြင္း၌ ေဈးႏႈန္းမတည္ၿငိမ္မႈေၾကာင့္ ဆက္လက္က်ဆင္းႏိုင္ေၾကာင္း ကုန္သည္မ်ားက ခန႔္မွန္းထားၾကသည္။

ျပည္တြင္းျပင္ပေငြလဲေဈးႏႈန္းမ်ားအရ အေမရိကန္ေဒၚလာအပါအဝင္ စင္ကာပူ၊ ထိုင္း၊ တ႐ုတ္ယြမ္ေငြမ်ားလည္း ေဈးက်ဆင္းလာသည့္အျပင္ အေရာင္းအဝယ္ရပ္တန႔္ထားေၾကာင္း ေငြလဲလုပ္ကိုင္သူမ်ားထံမွသိရသည္။

“ေဈးကြက္သေဘာအရ ေရာင္းလိုအား ဝယ္လိုအားမွ်ေျခ တစ္ခုမွာေဈးေတြရပ္တန႔္တဲ့သေဘာပါဘဲ။ႏိုင္ငံျခားသြားဖို႔အတြက္ အေရးေပၚ ေဒၚလာဝယ္တဲ့သူေတြေတာင္ ဝယ္ဖို႔ခက္လာတဲ့အခါမွာ ေငြလဲေဈးေတြျပန္က်မွာပါ။ အေမရိကန္ေဒၚလာေဈးက်ရင္ တျခားေငြေတြလဲလိုက္က်လာမွာပဲ”ဟု ေငြလဲလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးက ေျပာသည္။

လြန္ခဲ့သည့္ ဇူလိုင္လ ၂၃ ရက္က ဗဟိုဘဏ္မွ က်ပ္ႏွစ္ေသာင္းတန္ ေငြစကၠဴမ်ားထုတ္ေဝမည္ဟု ေၾက ညာၿပီးေနာက္ ေန႔စဥ္ႏွင့္အမွ် ေ႐ႊေဈးႏွင္ေဒၚလာေဈးမ်ား တရိပ္ရိပ္ျမင့္တက္လာျခင္းျဖစ္သည္။ ကမာၻ႔ ေ႐ႊေစ်းသည္ ယခုရက္ပိုင္းအတြင္း က်ဆင္းလ်က္ရွိရာ ယေန႔တြင္ ေ႐ႊတစ္ေအာင္စလွ်င္ ၁၈၈၇ ေဒၚလာရွိၿပီး တစ္ပတ္အတြင္း ကမာၻ႔ေ႐ႊေစ်း ေဒၚလာ ၄၀ ခန္႔ က်ဆင္းခဲ့ေၾကာင္း သိရသည္။

ျမန္မာက်ပ္ေငြတန္ဖိုး ျပန္လည္ျမင့္တက္လာျခင္းေၾကာင့္ဟုဆိုကာ ယေန႔ေန႔လည္တြင္ ေ႐ႊေစ်းက်ဆင္းမႈႏွင့္အတူ အေမရိကန္ေဒၚလာ ႏွင့္ ထိုင္းဘတ္ေငြတို႔လည္း ေစ်းျပန္လည္က်ဆင္းလာေၾကာင္း ေငြလဲလွယ္ေရး လုပ္ကိုင္သူမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.