နယ်စပ်ဒေသများတွင် ဒေါ်လာစျေးအပါအဝင် တရုတ်ယွမ်ငွေဈေးများ ပြန်ကျလာ

 3419

NP News - ဩဂုတ် ၂၂

မူဆယ်နယ်စပ်ကုန်သွယ်ရေး၌ အမေရိကန်တစ်ဒေါ်လာလျှင် လေးထောင်ကျပ်ဝန်းကျင်မှ လက်ရှိအချိန်တွင် တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ် ဝန်းကျင်ဖြင့်ရပ်တည်နေကြောင်း သိရသည်။

မြန်မာ-တရုတ် မူဆယ်နယ်စပ်ငွေလဲလှယ်နှုန်းသည် တစ်ပတ်အတွင်း အမြင့်ဆုံး ယွမ်ပေး ကျပ်ယူသည် ၁ ယွမ်လျှင် ၅၂၀ ကျပ်၊ ကျပ်ပေးယွမ်ယူသည် ၅၈၀ ကျပ်အထိရောက်ရှိနေပြီး ယယနေ့ (ဩဂုတ်လ ၂၂ ရက်)၊ နေ့လည် ၁၁ နာရီ ဝန်းကျင်တွင် ယွမ်ပေး ကျပ်ယူသည် ၁ ယွမ်လျှင် ၄၇၀ ကျပ် - ၄၈၃ ကျပ်ကြားရှိပြီး ယွမ်ပေးကျပ်ယူသည် ၁ ယွမ်လျှင် ၄၉၀ ကျပ် ဝန်းကျင်ရှိနေပြီး အချို့သောငွေလဲလုပ်ငန်းများတွင် ယွမ်အရောင်း ဆက်လက်ပိတ်ထားကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ဂိတ်မှ ဩဂုတ်လ ၁၄ ရက်မှ ၂၁ ရက်အထိ တစ်ပတ်အတွင်း ပို့ကုန်၊ သွင်းကုန် ကား အဝင်အထွက် အစီး‌ရေ ၁၅၀၀ ကျော်ရှိကြောင်း နယ်စပ် ကုန်သည်လုပ်ငန်းရှင်များ၏ အချက်အလက်များအရ သိရသည်။

ယခင်သတင်းပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း အစီးရေ ၆၄၀ ကျော်ရှိခဲ့ပြီး ခါလီကား အပါအဝင်ပျမ်းမျှ တစ်ရက်လျှင် ကားအစီးရေ ၈၁ စီး တရုတ်ဘက်သို့ ဝင်ရောက်တင်ပို့ခဲ့ကြောင်းသိရသည်။

တင်ပို့ကုန်များသည် ငါးရှဉ့်နှင့် ဂဏန်း အများဆုံးဖြစ်ပြီး ပုစွန်၊ ရေခဲငါး၊ သကာရည်၊ ကြက် သွန်နီ၊ မင်းဂွတ်သီးတို့ ပါဝင်ကြောင်းသိရသည်။

တရုတ်ယွမ်ငွေ ဈေးနှုန်းလတ်တလောမတည်ငြိမ်ခြင်းကြောင့် ပို့ကုန်သွင်းကုန် လုပ်ငန်းအားလုံး ဈေးကွက်အေးနေကြောင်း နယ်စပ်လုပ်ငန်းရှင်များမှသိရသည်။

zawgyi version
နယ္စပ္ေဒသမ်ားတြင္ ေဒၚလာေစ်းအပါအဝင္ တ႐ုတ္ယြမ္ေငြေဈးမ်ား ျပန္က်လာ
NP News - ဩဂုတ္ ၂၂

မူဆယ္နယ္စပ္ကုန္သြယ္ေရး၌ အေမရိကန္တစ္ေဒၚလာလွ်င္ ေလးေထာင္က်ပ္ဝန္းက်င္မွ လက္ရွိအခ်ိန္တြင္ တစ္ေဒၚလာလွ်င္ ၃၅၀၀ က်ပ္ ဝန္းက်င္ျဖင့္ရပ္တည္ေနေၾကာင္း သိရသည္။

ျမန္မာ-တ႐ုတ္ မူဆယ္နယ္စပ္ေငြလဲလွယ္ႏႈန္းသည္ တစ္ပတ္အတြင္း အျမင့္ဆုံး ယြမ္ေပး က်ပ္ယူသည္ ၁ ယြမ္လွ်င္ ၅၂၀ က်ပ္၊ က်ပ္ေပးယြမ္ယူသည္ ၅၈၀ က်ပ္အထိေရာက္ရွိေနၿပီး ယယေန႔ (ဩဂုတ္လ ၂၂ ရက္)၊ ေန႔လည္ ၁၁ နာရီ ဝန္းက်င္တြင္ ယြမ္ေပး က်ပ္ယူသည္ ၁ ယြမ္လွ်င္ ၄၇၀ က်ပ္ - ၄၈၃ က်ပ္ၾကားရွိၿပီး ယြမ္ေပးက်ပ္ယူသည္ ၁ ယြမ္လွ်င္ ၄၉၀ က်ပ္ ဝန္းက်င္ရွိေနၿပီး အခ်ိဳ႕ေသာေငြလဲလုပ္ငန္းမ်ားတြင္ ယြမ္အေရာင္း ဆက္လက္ပိတ္ထားေၾကာင္း သိရသည္။

ျမန္မာ-တ႐ုတ္နယ္စပ္၊ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္၊ က်င္စန္းေက်ာ့ - ဝမ္တိန္ နယ္စပ္ဂိတ္မွ ဩဂုတ္လ ၁၄ ရက္မွ ၂၁ ရက္အထိ တစ္ပတ္အတြင္း ပို႔ကုန္၊ သြင္းကုန္ ကား အဝင္အထြက္ အစီး‌ေရ ၁၅၀၀ ေက်ာ္ရွိေၾကာင္း နယ္စပ္ ကုန္သည္လုပ္ငန္းရွင္မ်ား၏ အခ်က္အလက္မ်ားအရ သိရသည္။

ယခင္သတင္းပတ္အတြင္း ပို႔ကုန္ကား စုစုေပါင္း အစီးေရ ၆၄၀ ေက်ာ္ရွိခဲ့ၿပီး ခါလီကား အပါအဝင္ပ်မ္းမွ် တစ္ရက္လွ်င္ ကားအစီးေရ ၈၁ စီး တ႐ုတ္ဘက္သို႔ ဝင္ေရာက္တင္ပို႔ခဲ့ေၾကာင္းသိရသည္။

တင္ပို႔ကုန္မ်ားသည္ ငါးရွဥ့္ႏွင့္ ဂဏန္း အမ်ားဆုံးျဖစ္ၿပီး ပုစြန္၊ ေရခဲငါး၊ သကာရည္၊ ၾကက္ သြန္နီ၊ မင္းဂြတ္သီးတို႔ ပါဝင္ေၾကာင္းသိရသည္။

တ႐ုတ္ယြမ္ေငြ ေဈးႏႈန္းလတ္တေလာမတည္ၿငိမ္ျခင္းေၾကာင့္ ပို႔ကုန္သြင္းကုန္ လုပ္ငန္းအားလုံး ေဈးကြက္ေအးေနေၾကာင္း နယ္စပ္လုပ္ငန္းရွင္မ်ားမွသိရသည္။

Picture

L Mone

24/08/2023 04:47

လုပ်ငန်း ရှင်ကြီး ဖြစ်နေပြီး ကုန်စျေးနှူန်းတက်ထားရင်...သေချာတယ်....တစ်အိမ်လုံး....ခင်ဗျားတို့ရန်သူပဲ..ယုတ်စွအဆုံး ဝန်ထမ်းမိသားစုပဲ..ဖြစ်နေပါစေ...

Related news

© 2021. All rights reserved.