မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားသုံးဦးနှင့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

852

ဂျန်ဇက် (NP News) – ဩဂုတ် ၂၃
မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် သြဂုတ် ၂၂ ရက်က Aizawl မြို့တွင် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားသုံးဦး နှင့် အိန္ဒိယနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားသုံးဦး နှင့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။ အိန္ဒိယနိုင်ငံသားနှစ်ဦးသည် မြန်မာနိုင်ငံသားသုံးဦးထံမှ စိတ်ကြွဆေးပြားဝယ်ယူခြင်းဖြစ်ပြီး ၎င်းတို့ငါးဦးကို စိတ်ကြွဆေးပြား ၁ သန်း လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
မြန်မာနိုင်ငံသားသုံးဦးသည် မူးယစ်ဆေးဝါးများကို ကားဖြင့် ယူဆောင်လာခဲ့ပြီးနောက် ထရီပူရဒေသခံ နှစ်ဦးထံ ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးမှောင်ခိုသယ်ယူရာတွင်အသုံးပြုသော Maruti Brezza အမျိုးအစား ကားကိုလည်း သိမ်းဆည်းထားခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ကပြောသည်။
မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူများအဖြစ် စွပ်စွဲခံထားရသူငါးဦးသည် ပြစ်မှုထင်ရှားမည်ဆိုလျှင် ထောင်ဒဏ် ၁ဝ နှစ်မှ ၂ဝ နှစ်အထိ ပြစ်ဒဏ်ကျခံရမည်ဖြစ်သလို ငွေဒဏ် ၂ သိန်း ဒဏ်ရိုက်ခံရဖွယ်ရှိနေကြောင်း သိရသည်။ မီဇိုရမ်ရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် အဆိုပါ ငါးဦးကို ဖမ်းဆီးထားပြီး လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်လျက်ရှိနေကြောင်း အိန္ဒိယသတင်းများက ဖော်ပြထားသည်။

Zawgyi Version;
မူးယစ္ေဆးဝါးေမွာင္ခိုေရာင္းဝယ္ရန္ႀကိဳးပမ္းေသာ ျမန္မာႏိုင္ငံသားသုံးဦးႏွင့္ အိႏၵိယႏိုင္ငံသားႏွစ္ဦးကို အိႏၵိယရဲတပ္ဖြဲ႕ ဖမ္းဆီး
ဂ်န္ဇက္ (NP News) – ဩဂုတ္ ၂၃
မီဇိုရမ္ျပည္နယ္ရဲတပ္ဖြဲ႕သည္ ၾသဂုတ္ ၂၂ ရက္က Aizawl ၿမိဳ႕တြင္ မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းရန္ ႀကိဳးပမ္းေသာ ျမန္မာႏိုင္ငံသားသုံးဦး ႏွင့္ အိႏၵိယႏိုင္ငံသား ႏွစ္ဦးကို ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသားသုံးဦး ႏွင့္ အိႏၵိယႏိုင္ငံသားႏွစ္ဦးကို မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈျဖင့္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း မိဇိုရမ္ျပည္နယ္ရဲတပ္ဖြဲ႕က ေျပာသည္။ အိႏၵိယႏိုင္ငံသားႏွစ္ဦးသည္ ျမန္မာႏိုင္ငံသားသုံးဦးထံမွ စိတ္ႂကြေဆးျပားဝယ္ယူျခင္းျဖစ္ၿပီး ၎တို႔ငါးဦးကို စိတ္ႂကြေဆးျပား ၁ သန္း လက္ဝယ္ေတြ႕ရွိမႈျဖင့္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ရဲတပ္ဖြဲ႕က ေျပာသည္။
ျမန္မာႏိုင္ငံသားသုံးဦးသည္ မူးယစ္ေဆးဝါးမ်ားကို ကားျဖင့္ ယူေဆာင္လာခဲ့ၿပီးေနာက္ ထရီပူရေဒသခံ ႏွစ္ဦးထံ ေရာင္းခ်ရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း မူးယစ္ေဆးဝါးေမွာင္ခိုသယ္ယူရာတြင္အသုံးျပဳေသာ Maruti Brezza အမ်ိဳးအစား ကားကိုလည္း သိမ္းဆည္းထားခဲ့ေၾကာင္း မီဇိုရမ္ျပည္နယ္ ရဲတပ္ဖြဲ႕ကေျပာသည္။
မူးယစ္ေဆးဝါးေမွာင္ခိုေရာင္းဝယ္သူမ်ားအျဖစ္ စြပ္စြဲခံထားရသူငါးဦးသည္ ျပစ္မႈထင္ရွားမည္ဆိုလွ်င္ ေထာင္ဒဏ္ ၁ဝ ႏွစ္မွ ၂ဝ ႏွစ္အထိ ျပစ္ဒဏ္က်ခံရမည္ျဖစ္သလို ေငြဒဏ္ ၂ သိန္း ဒဏ္႐ိုက္ခံရဖြယ္ရွိေနေၾကာင္း သိရသည္။ မီဇိုရမ္ရဲတပ္ဖြဲ႕သည္ လက္ရွိအခ်ိန္တြင္ အဆိုပါ ငါးဦးကို ဖမ္းဆီးထားၿပီး လိုအပ္ေသာစုံစမ္းစစ္ေဆးမႈမ်ား ထပ္မံလုပ္ေဆာင္လ်က္ရွိေနေၾကာင္း အိႏၵိယသတင္းမ်ားက ေဖာ္ျပထားသည္။