ကျောက်တံခါး နှင့် စလင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားတိုင်(၃)တိုင်ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို

 773

NP News - ဩဂုတ် ၂၅

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် နှင့် မကွေးတိုင်း စလင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားတိုင် (၃)တိုင်ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော ဩဂုတ်လ ၂၁ ရက် ည ၉ နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာအနီး ရေထိန်းတံခါး ၏ မြောက်ဘက် ပေ(၃ဝဝ)ခန့်အကွာရှိ တောင်ငူ-သာယာကုန်းသို့ သွယ်တန်းထားသည့် 230 KV ဓာတ်အားလိုင်းမှ ဓာတ်အားတိုင်(၂)တိုင်ကို မိုင်းထောင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ်(၂၂၂) နှင့် (၂၂၃)တို့အား KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် အဆိုပါလျှပ်စစ်တာဝါတိုင်(၂)တိုင်၏ အောက်ခြေတိုင် (၄)ချောင်း ပြတ်ထွက်ကာ တာဝါတိုင်(၂)တိုင်ကြားရှိ ဓာတ်အားကြိုးတစ်ချောင်းပြုတ်ကျပြီး သဲဖြူကျေးရွာသို့ ဆက်သွယ်ထား သည့် 11 KV ဓာတ်အားကြိုးပေါ်သို့ကျရောက်ခဲ့သဖြင့် သဲဖြူကျေးရွာ၌ လျှပ်စစ်မီးများပြတ်တောက်ခဲ့ရကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားရာ အနီးအနားပတ်ဝန်းကျင်သို့ စစ်ဆေးရှာဖွေခဲ့ရာ လျှပ်စစ်တာဝါတိုင်အမှတ်(၂၂၂) နှင့် ပေ (၁ဝဝ) ခန့်အကွာ ခြုံပုတ်အတွင်းမှ (၅)ဂါလံဆံ့ပလပ်စတစ်ပုံးဖြင့် ပြုလုပ် ထားသည့် လက်လုပ်မိုင်းတစ်လုံးနှင့် ပေ(၅၀)ခန့် အကွာ သစ်ပင်အောက်မှ အထက်ပါပုံစံတူ လက်လုပ်မိုင်း(၂)လုံး တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ဩဂုတ်လ ၂၂ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တွင် စလင်းမြို့နယ်၊ တညောင်-တောင်ဖီလာသွား ကားလမ်း၏ အနောက်ဘက်ရှိ မုန်းဆည်ရေအားလျှပ်စစ်မှ တညောင်ဓာတ်အားခွဲရုံသို့ပို့လွတ်သော 132 KV ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင်အမှတ် (၂ဝ၈) အား PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လျှပ်စစ်တာဝါတိုင်အမှတ် (၂ဝ၈)၏ ထောက်တိုင်(၄)တိုင်အနက် (၂)တိုင်မှာ ပြတ်တောက်ပျက်စီးသွားခဲ့၍ တစ်တိုင်မှာ တွန့်လိမ်ပျက်စီးခဲ့ပြီး ဓာတ်အားတိုင် ပြိုလဲမှုမရှိကြောင်းနှင့် လျှပ်စစ်ပို့လွှတ်မှုများ ပြတ်တောက်မှုမရှိကြောင်း သိရသည်။

ပျက်စီးသွားခဲ့သည့် ဓာတ်အားတိုင်များအား ပြန်လည်ပြုပြင်နိုင်ရေးတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း နှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ေက်ာက္တံခါး ႏွင့္ စလင္းၿမိဳ႕နယ္ရွိ လွ်ပ္စစ္ဓာတ္အားတိုင္(၃)တိုင္ကို KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕က မိုင္းေထာင္ ဖ်က္ဆီးခဲ့ဟု ရဲတပ္ဖြဲ႕ဆို
NP News - ဩဂုတ္ ၂၅

ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္ ႏွင့္ မေကြးတိုင္း စလင္းၿမိဳ႕နယ္ရွိ လွ်ပ္စစ္ဓာတ္အားတိုင္ (၃)တိုင္ကို KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕မွ မိုင္းေထာင္ဖ်က္ဆီးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲက သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ဩဂုတ္လ ၂၁ ရက္ ည ၉ နာရီအခ်ိန္တြင္ ေက်ာက္တံခါးၿမိဳ႕နယ္၊ သဲျဖဴ႐ြာသစ္ေက်း႐ြာအနီး ေရထိန္းတံခါး ၏ ေျမာက္ဘက္ ေပ(၃ဝဝ)ခန႔္အကြာရွိ ေတာင္ငူ-သာယာကုန္းသို႔ သြယ္တန္းထားသည့္ 230 KV ဓာတ္အားလိုင္းမွ ဓာတ္အားတိုင္(၂)တိုင္ကို မိုင္းေထာင္ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဓာတ္အားလိုင္းမွ တာဝါတိုင္အမွတ္(၂၂၂) ႏွင့္ (၂၂၃)တို႔အား KNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕မွ မိုင္းေထာင္ ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲခံရမႈေၾကာင့္ အဆိုပါလွ်ပ္စစ္တာဝါတိုင္(၂)တိုင္၏ ေအာက္ေျခတိုင္ (၄)ေခ်ာင္း ျပတ္ထြက္ကာ တာဝါတိုင္(၂)တိုင္ၾကားရွိ ဓာတ္အားႀကိဳးတစ္ေခ်ာင္းျပဳတ္က်ၿပီး သဲျဖဴေက်း႐ြာသို႔ ဆက္သြယ္ထား သည့္ 11 KV ဓာတ္အားႀကိဳးေပၚသို႔က်ေရာက္ခဲ့သျဖင့္ သဲျဖဴေက်း႐ြာ၌ လွ်ပ္စစ္မီးမ်ားျပတ္ေတာက္ခဲ့ရေၾကာင္း သိရသည္။

ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေပါက္ကြဲမႈျဖစ္ပြားရာ အနီးအနားပတ္ဝန္းက်င္သို႔ စစ္ေဆးရွာေဖြခဲ့ရာ လွ်ပ္စစ္တာဝါတိုင္အမွတ္(၂၂၂) ႏွင့္ ေပ (၁ဝဝ) ခန႔္အကြာ ၿခဳံပုတ္အတြင္းမွ (၅)ဂါလံဆံ့ပလပ္စတစ္ပုံးျဖင့္ ျပဳလုပ္ ထားသည့္ လက္လုပ္မိုင္းတစ္လုံးႏွင့္ ေပ(၅၀)ခန႔္ အကြာ သစ္ပင္ေအာက္မွ အထက္ပါပုံစံတူ လက္လုပ္မိုင္း(၂)လုံး တို႔အား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အလားတူ ဩဂုတ္လ ၂၂ ရက္ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္တြင္ စလင္းၿမိဳ႕နယ္၊ တေညာင္-ေတာင္ဖီလာသြား ကားလမ္း၏ အေနာက္ဘက္ရွိ မုန္းဆည္ေရအားလွ်ပ္စစ္မွ တေညာင္ဓာတ္အားခြဲ႐ုံသို႔ပို႔လြတ္ေသာ 132 KV ဓာတ္အားလိုင္းမွ လွ်ပ္စစ္တာဝါတိုင္အမွတ္ (၂ဝ၈) အား PDF အဖြဲ႕မွ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးမႈေၾကာင့္ လွ်ပ္စစ္တာဝါတိုင္အမွတ္ (၂ဝ၈)၏ ေထာက္တိုင္(၄)တိုင္အနက္ (၂)တိုင္မွာ ျပတ္ေတာက္ပ်က္စီးသြားခဲ့၍ တစ္တိုင္မွာ တြန႔္လိမ္ပ်က္စီးခဲ့ၿပီး ဓာတ္အားတိုင္ ၿပိဳလဲမႈမရွိေၾကာင္းႏွင့္ လွ်ပ္စစ္ပို႔လႊတ္မႈမ်ား ျပတ္ေတာက္မႈမရွိေၾကာင္း သိရသည္။

ပ်က္စီးသြားခဲ့သည့္ ဓာတ္အားတိုင္မ်ားအား ျပန္လည္ျပဳျပင္ႏိုင္ေရးတာဝန္ရွိသူမ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း ႏွင့္ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးမႈတြင္ ပါဝင္ပတ္သက္သူမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Picture

L Mone

25/08/2023 12:24

ကေအန်ယူအကြောင်း...သိထားဖို့က...လုံးဝ..ခေါင်းဆောင်မရှိတဲ့...တစ်ပေါက်ထိုး...လက်လွတ်စပါယ်...လူရိုင်းစိတ်ဝင်နေတဲ့....ကရင်စိုးတွေ...စုစည်းရာအဖွဲ့ပါပဲ...ပြည်ပကပြောသမျှလိုက်လုပ်နေကြရတာပါ..။ရူးနေတဲ့ကရင်တွေနေရာ...ကေအန်ယူပါ..။တခြားကရင်ကောင်းတွေအများကြီးရှိကြပါတယ်...ကေအန်ယူက ဖာသည်ဆန်ဆန်သတင်းထုတ်ပြန်တဲ့ အစွန်းရောက်ပေါက်ကရလေးဆယ်အဖွဲ့ကြီးပါပဲ။ဘယ်တော့မှ သူတို့စစ်သားမသေဘူး...ပြောတယ်...ဘယ်နေရာလွမ်းမိုးလဲဆိုတော့...သေနတ်မကိုင်သူတွေကို လိုက်သတ်နေတာပဲ ဖြစ်ပါတယ်...။

Related news

© 2021. All rights reserved.