သိရီလင်္ကာတွင် ကျင်းပမည့် အာဆီယံရုပ်ရှင်ပြပွဲ၌ "စောင်နီလေးတစ်ထည်" ရုပ်ရှင်ကား အပါအဝင် ဇာတ်ကား(၃)ခု မြန်မာနိုင်ငံက ပါဝင်ပြသမည်

 1349

ယွန်း (NP News) - သြဂုတ် ၂၅

သိရီလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ကျင်းပမည့် အာဆီယံရုပ်ရှင်ပြပွဲ၌ စောင်နီလေးတစ်ထည်ရုပ်ရှင်ကား အပါအဝင် ဇာတ်လမ်းတို(၃)ကားကို မြန်မာနိုင်ငံမှ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဆီယံရုပ်ရှင်ပြပွဲတွင် အင်္ဂလိပ်စာတမ်းထိုး မြန်မာရုပ်ရှင်ကားဇာတ်ကား (၁)ကား နှင့် ဇာတ်လမ်းတို (၃)ကား ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့သည်။

၎င်း အာဆီယံရုပ်ရှင်ပြပွဲကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် လာမည့်စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး (၃)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင်ပြသရန် ဇာတ်ကားများကို စာရင်းပေးသွင်းထားသည့်အနက်မှ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ရွေးချယ်ခဲ့ရာ အင်္ဂလိပ်စာတန်းထိုးရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာတင်အောင်စိုး(ပန်းမြို့တော်) ရိုက်ကူးထား ခဲ့သည့် “စောင်နီလေးတစ်ထည် ”ရုပ်ရှင်ကားမှ ပါဝင်ပြသခွင့်ရရှိခဲ့ပြီး ဇာတ်လမ်းတို(၃)ကားအား "ဆံရစ်ဝိုင်းအလှ"၊ "မနက်ဖြန်" နှင့် "ကျွန်တော်လူထွက်လိုက်ပြီ" ဇာတ်ကားတို့မှ ပါဝင်ပြသခွင့်ရရှိခဲ့ကြောင်း သိရသည်။

"ပွဲတွေက မကျင်းပရသေးဘူး ခေါ်နေတာပဲရှိသေးတာ။ မပြရသေးဘူး။ ပွဲမှာ မပြခင် စီစဥ်စရာရှိတာတွေကို စီစဥ်ပေးရတယ်။ အခုဆိုရင် ကားထုတ်တွေကိုပို့လိုက်ပြီ အွန်လိုင်းကနေ ပို့လိုက်ပြီ။ ပြပွဲရက်ကျရင်တော့ သူတို့က ပြပေးမှာပေါ့" ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက NP News ကို ပြောသည်။

၎င်း ရုပ်ရှင်ပြပွဲတွင် မြန်မာ အပါအဝင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့မှလည်း ပါဝင်ပြသ သွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံမျာအကြား ယဥ်ကျေးမှုဖလှယ်ရေးကို အဓိကထား၍ ပါဝင်ပြသခြင်းဖြစ်ကြောင်း ဦးချမ်းသာကြည်စိုးက ပြောသည်။

Zawgyi Version;
သိရီလကၤာတြင္ က်င္းပမည့္ အာဆီယံ႐ုပ္ရွင္ျပပြဲ၌ "ေစာင္နီေလးတစ္ထည္" ႐ုပ္ရွင္ကား အပါအဝင္ ဇာတ္ကား(၃)ခု ျမန္မာႏိုင္ငံက ပါဝင္ျပသမည္
ယြန္း (NP News) - ၾသဂုတ္ ၂၅

သိရီလကၤာႏိုင္ငံ၊ ကိုလံဘိုၿမိဳ႕တြင္ က်င္းပမည့္ အာဆီယံ႐ုပ္ရွင္ျပပြဲ၌ ေစာင္နီေလးတစ္ထည္႐ုပ္ရွင္ကား အပါအဝင္ ဇာတ္လမ္းတို(၃)ကားကို ျမန္မာႏိုင္ငံမွ ပါဝင္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အာဆီယံ႐ုပ္ရွင္ျပပြဲတြင္ အဂၤလိပ္စာတမ္းထိုး ျမန္မာ႐ုပ္ရွင္ကားဇာတ္ကား (၁)ကား ႏွင့္ ဇာတ္လမ္းတို (၃)ကား ပါဝင္ျပသရန္ ဖိတ္ေခၚထားေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ခဲ့သည္။

၎ အာဆီယံ႐ုပ္ရွင္ျပပြဲကို သီရိလကၤာႏိုင္ငံ၊ ကိုလံဘိုၿမိဳ႕တြင္ လာမည့္စက္တင္ဘာလ ဒုတိယပတ္အတြင္း က်င္းပသြားမည္ျဖစ္ၿပီး (၃)ရက္ၾကာ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ျပပြဲတြင္ျပသရန္ ဇာတ္ကားမ်ားကို စာရင္းေပးသြင္းထားသည့္အနက္မွ ႐ုပ္ရွင္ျမႇင့္တင္ေရးဌာနခြဲမွ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေ႐ြးခ်ယ္ခဲ့ရာ အဂၤလိပ္စာတန္းထိုး႐ုပ္ရွင္ဇာတ္ကားကို ဒါ႐ိုက္တာတင္ေအာင္စိုး(ပန္းၿမိဳ႕ေတာ္) ႐ိုက္ကူးထား ခဲ့သည့္ “ေစာင္နီေလးတစ္ထည္ ”႐ုပ္ရွင္ကားမွ ပါဝင္ျပသခြင့္ရရွိခဲ့ၿပီး ဇာတ္လမ္းတို(၃)ကားအား "ဆံရစ္ဝိုင္းအလွ"၊ "မနက္ျဖန္" ႏွင့္ "ကြၽန္ေတာ္လူထြက္လိုက္ၿပီ" ဇာတ္ကားတို႔မွ ပါဝင္ျပသခြင့္ရရွိခဲ့ေၾကာင္း သိရသည္။

"ပြဲေတြက မက်င္းပရေသးဘူး ေခၚေနတာပဲရွိေသးတာ။ မျပရေသးဘူး။ ပြဲမွာ မျပခင္ စီစဥ္စရာရွိတာေတြကို စီစဥ္ေပးရတယ္။ အခုဆိုရင္ ကားထုတ္ေတြကိုပို႔လိုက္ၿပီ အြန္လိုင္းကေန ပို႔လိုက္ၿပီ။ ျပပြဲရက္က်ရင္ေတာ့ သူတို႔က ျပေပးမွာေပါ့" ဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ႏိုင္ငံတကာဆက္ဆံေရးေကာ္မတီျပန္ၾကားေရးမႉး ဦးခ်မ္းသာၾကည္စိုးက NP News ကို ေျပာသည္။

၎ ႐ုပ္ရွင္ျပပြဲတြင္ ျမန္မာ အပါအဝင္ မေလးရွား၊ အင္ဒိုနီးရွား၊ ထိုင္း ႏွင့္ ဗီယက္နမ္ ႏိုင္ငံတို႔မွလည္း ပါဝင္ျပသ သြားမည္ျဖစ္ၿပီး အာဆီယံႏိုင္ငံမ်ာအၾကား ယဥ္ေက်းမႈဖလွယ္ေရးကို အဓိကထား၍ ပါဝင္ျပသျခင္းျဖစ္ေၾကာင္း ဦးခ်မ္းသာၾကည္စိုးက ေျပာသည္။

Related news

© 2021. All rights reserved.