ယုဇနဥယျာဉ်မြို့တော်အိမ်ယာရှိ တိုက်ခန်းတစ်ခု၏ နောက်ဖေးဆောင်ဝရန်တာပြိုကျကာ သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

 5664

NP News - ဩဂုတ် ၂၆

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်ရှိ ယုဇနဥယျာဉ်မြို့တော်အိမ်ယာ၏ တိုက်ခန်းတစ်ခုနောက်ဖေးဆောင်ဝရန်တာ ပြိုကျမှုဖြစ်ပွါးခဲ့ရာ သားအမိနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းနောက်ဖေးဝရန်တာ အဆောင်ပြိုကျမှုဖြစ်စဉ်သည် ယုဇနဥယျာဉ်မြို့တော်၊(၁၂)လမ်း၊ A ဘလောက်ရှိ တိုက်အမှတ်(၆)တွင် ယနေ့ (ဩဂုတ်လ ၂၆ ရက်)၊ နံနက် (၉)နာရီက ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့မနက်ကိုးနာရီလောက်မှာဖြစ်သွားတာ။ ဖုန်းထွက်ပြောရင်း ဝရန်တာပြိုကျတာ။ အမြင့်က ဒုတိယထပ်ပေါ့။ ၁၂ နှစ်အရွယ်ကောင်လေးက ခြေထောက်ထိသွားတယ်။ အမေဖြစ်တဲ့သူက ခေါင်းထိသွားတယ်။ ကျောကုန်းလဲထိတယ်။ ဆေးရုံကို ပို့ထားတယ်”ဟု ယုဇနဥယာဉ်မြို့တော်ရှိ လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။

ယုဇနဥယာဉ်မြို့တော်ရှိ A ဘလောက်၊ B ဘလောက်၊ C ဘလောက်မှ တိုက်ခန်းများသည် လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က တည်ဆောက်ထားသော တိုက်ခန်းများဖြစ်ပြီး လက်ရှိအချိန်အထိ လူအများနေထိုင်နေဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္အိမ္ယာရွိ တိုက္ခန္းတစ္ခု၏ ေနာက္ေဖးေဆာင္ဝရန္တာၿပိဳက်ကာ သားအမိႏွစ္ဦး ျပင္းထန္ဒဏ္ရာရရွိ

NP News - ဩဂုတ္ ၂၆

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ (၉၄)ရပ္ကြက္ရွိ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္အိမ္ယာ၏ တိုက္ခန္းတစ္ခုေနာက္ေဖးေဆာင္ဝရန္တာ ၿပိဳက်မႈျဖစ္ပြါးခဲ့ရာ သားအမိႏွစ္ဦးျပင္းထန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခန္းေနာက္ေဖးဝရန္တာ အေဆာင္ၿပိဳက်မႈျဖစ္စဥ္သည္ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္၊(၁၂)လမ္း၊ A ဘေလာက္ရွိ တိုက္အမွတ္(၆)တြင္ ယေန႔ (ဩဂုတ္လ ၂၆ ရက္)၊ နံနက္ (၉)နာရီက ျဖစ္ပြါးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔မနက္ကိုးနာရီေလာက္မွာျဖစ္သြားတာ။ ဖုန္းထြက္ေျပာရင္း ဝရန္တာၿပိဳက်တာ။ အျမင့္က ဒုတိယထပ္ေပါ့။ ၁၂ ႏွစ္အ႐ြယ္ေကာင္ေလးက ေျခေထာက္ထိသြားတယ္။ အေမျဖစ္တဲ့သူက ေခါင္းထိသြားတယ္။ ေက်ာကုန္းလဲထိတယ္။ ေဆး႐ုံကို ပို႔ထားတယ္”ဟု ယုဇနဥယာဥ္ၿမိဳ႕ေတာ္ရွိ လူမႈကူညီေရးအသင္း တာဝန္ခံတစ္ဦးက ေျပာသည္။

ယုဇနဥယာဥ္ၿမိဳ႕ေတာ္ရွိ A ဘေလာက္၊ B ဘေလာက္၊ C ဘေလာက္မွ တိုက္ခန္းမ်ားသည္ လြန္ခဲ့သည့္ ႏွစ္သုံးဆယ္ခန္႔က တည္ေဆာက္ထားေသာ တိုက္ခန္းမ်ားျဖစ္ၿပီး လက္ရွိအခ်ိန္အထိ လူအမ်ားေနထိုင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.