သုံးကြိမ်တိုင် မီးနီဖြတ်မောင်းခဲ့သည့် ယာဥ်မောင်းများကို YBS ယာဥ်လိုင်းကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ရာသက်ပန်ထုတ်ပယ်နိုင်ရေး ဆောင်ရွက်နေ

609
ယွန်း (NP News) - သြဂုတ် ၂၇
သုံးကြိမ်တိုင်တိုင် မီးနီဖြတ်မောင်းခဲ့သည့် YBS ယာဥ်မောင်းများကို YBS ယာဥ်လိုင်းကုမ္ပဏီမှ YRTC နှင့် ပူးပေါင်း၍ ယာဥ်မောင်းအဖြစ်မှ ရာသက်ပန်ထုတ်ပယ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြီးခဲ့သည့် သြဂုတ်လ(၂၄)ရက်က YRTC ရုံးချုပ် သင်တန်းခန်းမ၌ကျင်းပခဲ့သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
စည်းကမ်းဖောက်ဖျက်သည့် ယာဥ်မောင်းများသည် မီးနီဖြတ်သန်းမောင်းနှင်သူများဖြစ်ပြီး ၎င်းတို့အား ယာဥ်စည်းကမ်းတွင် အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်နိုင်ကြောင်း ဦးလျန်ကျင့်မန်က ပြောသည်။
ထို့ပြင် သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှုကိုကျူးလွန်ခဲ့ပါက ယာဥ်မောင်းကို YBS ယာဥ်လိုင်းကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယာဥ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှုအပြင် တစ်စီးနှင့်တစ်စီးယှဥ်ပြိုင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်းမောင်းနှင်မှုများကို Traffic Control Center မှ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စောင့်ကြည့်၍ Video မှတ်တမ်းများဖြင့် သိမ်းဆည်းတင်ပြလာသည့်အခါ ကြီးကြပ်သူ YRTC အနေဖြင့် မျက်နှာငယ်ရကြောင်း ဦးလျန်ကျင့်မန်က ထည့်သွင်းပြောကြားထားသည်။
လက်ရှိ ရန်ကုန်မြို့၌ YBS ယာဉ်များသည် မီးနီဖြတ်ခြင်း၊ တစ်စီးနှင့်တစ်စီး ကျော်တက်ခြင်းနှင့် မှတ်တိုင်တွင် စနစ်တကျမရပ်ခြင်းစသော ယာဉ်စည်ကမ်းဖောက်ဖျက်မှုများကို အများဆုံးကျူးလွန်နေကြောင်း YRTC မှ သိရသည်။
ထို့ပြင် ရန်ကုန်မြို့၌ ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းပေါ်၌ ခါးပိုက်နှိုက်၊ လုယက်မှုဖြစ်စဉ်များသည် မကြာခဏဖြစ်ပွားလျက်ရှိသည်။

zawgyi version
သုံးႀကိမ္တိုင္ မီးနီျဖတ္ေမာင္းခဲ့သည့္ ယာဥ္ေမာင္းမ်ားကို YBS ယာဥ္လိုင္းကုမၸဏီမွ YRTC ႏွင့္ ပူးေပါင္း၍ ရာသက္ပန္ထုတ္ပယ္ႏိုင္ေရး ေဆာင္႐ြက္ေန
ယြန္း (NP News) - ၾသဂုတ္ ၂၇
သုံးႀကိမ္တိုင္တိုင္ မီးနီျဖတ္ေမာင္းခဲ့သည့္ YBS ယာဥ္ေမာင္းမ်ားကို YBS ယာဥ္လိုင္းကုမၸဏီမွ YRTC ႏွင့္ ပူးေပါင္း၍ ယာဥ္ေမာင္းအျဖစ္မွ ရာသက္ပန္ထုတ္ပယ္ႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
YRTC ၏ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က ၿပီးခဲ့သည့္ ၾသဂုတ္လ(၂၄)ရက္က YRTC ႐ုံးခ်ဳပ္ သင္တန္းခန္းမ၌က်င္းပခဲ့သည့္ YBS ယာဥ္ေမာင္းမ်ားအား အသိပညာေပးေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။
စည္းကမ္းေဖာက္ဖ်က္သည့္ ယာဥ္ေမာင္းမ်ားသည္ မီးနီျဖတ္သန္းေမာင္းႏွင္သူမ်ားျဖစ္ၿပီး ၎တို႔အား ယာဥ္စည္းကမ္းတြင္ အျမင့္ဆုံးျပစ္ဒဏ္ကိုခ်မွတ္ႏိုင္ေၾကာင္း ဦးလ်န္က်င့္မန္က ေျပာသည္။
ထို႔ျပင္ သုံးႀကိမ္အထိ မီးနီျဖတ္ေမာင္းသည့္ ျပစ္မႈကိုက်ဴးလြန္ခဲ့ပါက ယာဥ္ေမာင္းကို YBS ယာဥ္လိုင္းကုမၸဏီမွ YRTC ႏွင့္ပူးေပါင္း၍ ခ်က္ခ်င္းရာသက္ပန္ ထုတ္ပယ္သည္အထိ အေရးယူေဆာင္႐ြက္ရန္ ၫႊန္ၾကားထားေၾကာင္း ၎က ဆက္လက္ေျပာသည္။
ယာဥ္ေမာင္းမ်ား၏ မဆင္မျခင္ေမာင္းႏွင္မႈအျပင္ တစ္စီးႏွင့္တစ္စီးယွဥ္ၿပိဳင္ေမာင္းႏွင္မႈမ်ား၊ မီးနီျဖတ္သန္းေမာင္းႏွင္မႈမ်ားကို Traffic Control Center မွ အခ်ိန္ႏွင့္တစ္ေျပးညီ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ေစာင့္ၾကည့္၍ Video မွတ္တမ္းမ်ားျဖင့္ သိမ္းဆည္းတင္ျပလာသည့္အခါ ႀကီးၾကပ္သူ YRTC အေနျဖင့္ မ်က္ႏွာငယ္ရေၾကာင္း ဦးလ်န္က်င့္မန္က ထည့္သြင္းေျပာၾကားထားသည္။
လက္ရွိ ရန္ကုန္ၿမိဳ႕၌ YBS ယာဥ္မ်ားသည္ မီးနီျဖတ္ျခင္း၊ တစ္စီးႏွင့္တစ္စီး ေက်ာ္တက္ျခင္းႏွင့္ မွတ္တိုင္တြင္ စနစ္တက်မရပ္ျခင္းစေသာ ယာဥ္စည္ကမ္းေဖာက္ဖ်က္မႈမ်ားကို အမ်ားဆုံးက်ဴးလြန္ေနေၾကာင္း YRTC မွ သိရသည္။
ထို႔ျပင္ ရန္ကုန္ၿမိဳ႕၌ ေျပးဆြဲလ်က္ရွိသည့္ YBS ယာဥ္လိုင္းေပၚ၌ ခါးပိုက္ႏႈိက္၊ လုယက္မႈျဖစ္စဥ္မ်ားသည္ မၾကာခဏျဖစ္ပြားလ်က္ရွိသည္။