သာကေတမြို့နယ်တွင် မီးလောင်မှုကြောင့် ဆံပင်ညှပ်ဆိုင်အပါအဝင် ဆိုင်ခန်း(၃)ခန်းမီးလောင် ပျက်စီး

 796

သန့်ဇင် (NP News) - ဩဂုတ် ၂၈

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် မီးလောင်မှုကြောင့် ဆံပင်ညှပ်ဆိုင်အပါအဝင် ဆိုင်ခန်း(၃)ခန်းမီးလောင် ပျက်စီးသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဩဂုတ်လ ၂၈ ရက်)၊ နံနက် ၃နာရီ ၃၅မိနစ်အချိန်တွင် သာကေတမြို့နယ်၊ ရွှေအုပ်ဂူလမ်းမကြီး၊ ရွှေအုပ်ဂူ(၅)လမ်းထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဘယ်ကစလောင်တာလဲတော့ မသိရဘူး။ ဆိုင်ခန်း(၃)ခန်းလောင်သွားပါတယ်။ ဆံပင်ညှပ်ဆိုင်နဲ့ ကျန်တဲ့(၂)ဆိုင်ပါသွားတယ်။ ဆိုင်ခန်း(၃)ခန်းကတော့ အလုံးလိုက်နီးပါပေါ့နော်။ အထဲကနေလှိုက်လောင်သွားတာပါ” ဟု သာကေတမြို့နယ် လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဆံပင်ညှပ်ဆိုင်တစ်ဆိုင်အပါအဝင် ဆိုင်ခန်း(၃)ခန်းမီးလောင်ဆုံးရှုံးခဲ့ရပြီး မီးလောင်မှုအား ၁၅ မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အလားတူ ယနေ့ (ဩဂုတ်လ ၂၈ ရက်)၊ နံနက် ၅နာရီ ၁၇မိနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် နာရေးကူညီမှု အသင်းကားတစ်စီး မီးလာင်မှုဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“အဲဒိကားက Denko ဆီဆိုင်ကနေ ဆီထည့်ပြီး အထွက်မှာ မီးထလောင်တာဗျ။ လောင်တဲ့ကားက နာရေးကူညီမှု အသင်းကားပါ။ ရန်ကုန်ကတော့မဟုတ်ဘူး။ နယ်ဘက်ကကားပါ”ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း အဆိုပါလူနာတင်ကားသည် တစ်စီးလုံးမီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

zawgyi version
သာေကတၿမိဳ႕နယ္တြင္ မီးေလာင္မႈေၾကာင့္ ဆံပင္ညႇပ္ဆိုင္အပါအဝင္ ဆိုင္ခန္း(၃)ခန္းမီးေလာင္ ပ်က္စီး

သန႔္ဇင္ (NP News) - ဩဂုတ္ ၂၈

ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္တြင္ မီးေလာင္မႈေၾကာင့္ ဆံပင္ညႇပ္ဆိုင္အပါအဝင္ ဆိုင္ခန္း(၃)ခန္းမီးေလာင္ ပ်က္စီးသြားခဲ့ေၾကာင္း သာေကတၿမိဳ႕နယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ဩဂုတ္လ ၂၈ ရက္)၊ နံနက္ ၃နာရီ ၃၅မိနစ္အခ်ိန္တြင္ သာေကတၿမိဳ႕နယ္၊ ေ႐ႊအုပ္ဂူလမ္းမႀကီး၊ ေ႐ႊအုပ္ဂူ(၅)လမ္းထိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဘယ္ကစေလာင္တာလဲေတာ့ မသိရဘူး။ ဆိုင္ခန္း(၃)ခန္းေလာင္သြားပါတယ္။ ဆံပင္ညႇပ္ဆိုင္နဲ႔ က်န္တဲ့(၂)ဆိုင္ပါသြားတယ္။ ဆိုင္ခန္း(၃)ခန္းကေတာ့ အလုံးလိုက္နီးပါေပါ့ေနာ္။ အထဲကေနလႈိက္ေလာင္သြားတာပါ” ဟု သာေကတၿမိဳ႕နယ္ လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ဆံပင္ညႇပ္ဆိုင္တစ္ဆိုင္အပါအဝင္ ဆိုင္ခန္း(၃)ခန္းမီးေလာင္ဆုံးရႈံးခဲ့ရၿပီး မီးေလာင္မႈအား ၁၅ မိနစ္ခန႔္ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

အလားတူ ယေန႔ (ဩဂုတ္လ ၂၈ ရက္)၊ နံနက္ ၅နာရီ ၁၇မိနစ္အခ်ိန္တြင္ လႈိင္သာယာ(အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ အမွတ္(၇)ရပ္ကြက္တြင္ နာေရးကူညီမႈ အသင္းကားတစ္စီး မီးလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“အဲဒိကားက Denko ဆီဆိုင္ကေန ဆီထည့္ၿပီး အထြက္မွာ မီးထေလာင္တာဗ်။ ေလာင္တဲ့ကားက နာေရးကူညီမႈ အသင္းကားပါ။ ရန္ကုန္ကေတာ့မဟုတ္ဘူး။ နယ္ဘက္ကကားပါ”ဟု ေသြးဒါနမ်ိဳးဆက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ကားမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း အဆိုပါလူနာတင္ကားသည္ တစ္စီးလုံးမီးေလာင္ ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.