စာသင်ကျောင်းတွေမှာ မွတ်စလင်အမျိုးသမီးတွေဝတ်ဆင်တဲ့ abaya dresses အဝတ်စားတွေမဝတ်ဆင်ဖို့ ပြင်သစ်ပညာရေးဝန်ကြီးဌာန အမိန့်ထုတ်ပြန်

917
ဂျန်ဇက် (NP News) - ဩဂုတ် ၂၈
ပြင်သစ်အာဏာပိုင်တွေဟာ မွတ်စလင်အမျိုးသမီးအချို့ ဝတ်ဆင်တဲ့ abaya dresses အဝတ်စားတွေကို ကျောင်းတွေမှာ ဝတ်ဆင်ခြင်းမျိုးမလုပ်ဖို့ တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

ပြင်သစ်ကျန်းမာရေးဝန်ကြီး ဂါဘီရယ်လ် အက်တယ်လ်က စက်တင်ဘာလ ၄ ရက်မှစတင်ပြီး နိုင်ငံတဝှမ်း စာသင်ကျောင်းတွေမှာအမျိုးသမီးတွေကို အဆိုပါ အဝတ်စားမျိုးဝတ်ဆင်ခြင်းမလုပ်ဖို့ တားမြစ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ ပြင်သစ်အစိုးရဟာ စာသင်ကျောင်းတွေမှာ မွတ်စလင်အမျိုးသမီးတွေကို hijab အဝတ်စားများဝတ်ဆင်မှု ကာလအတန်ကြာတားမြစ်ပိတ်ပင်လိုက်ပြီးနောက် abaya dresses အဝတ်စားတွေ ဝတ်ဆင်မှုတွေနဲ့ပတ်သက်ပြီး အကြိတ်အနယ်ဆွေးနွေးမှုများဖြစ်လာခဲ့ကာ လက်ရှိအချိန်မှာတော့ abaya dresses အဝတ်စားတွေ ဝတ်ဆင်ခြင်းကို တားမြစ်ပိတ်ပင်ဖို့ အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စာသင်ကျောင်းတွေမှာ abaya dresses အဝတ်စားတွေ ဝတ်ဆင်ခြင်းဟာ ကျောင်းသားမိဘတွေနဲ့ ကျောင်းဆရာတွေကြား တင်းမာမှုတွေပိုမိုဖြစ်လာစေခဲ့ကြောင်း ဆိုပါတယ်။
ပြင်သစ် ပညာရေးဝန်ကြီးဌာနက "စာသင်ကျောင်းတွေမှာ ဝတ်စားဆင်ယင်မှုတွေ လွတ်လပ်မှုရှိဖို့လိုအပ်တယ်။ စာသင်ကျောင်းတွေမှာ ဘာသာရေးအမှတ်အသား ဝတ်စားဆင်ယင်မှုတွေမလုပ်ဖို့ လိုအပ်တယ်။ စာသင်ခန်းထဲကို ဝင်လိုက်ချိန်မှာ ကျောင်းသားတွေကို ဘာသာရေးအမှတ်သားတွေ နဲ့ တားဆီးထားတာမျိုးမလုပ်စေလိုဘူး"လို့ပြောပါတယ်။
abaya dresses အဝတ်စားတွေ ဝတ်စားဆင်ယင်ခြင်းတားမြစ်ပိတ်ပင်ခြင်းက စာသင်ကျောင်းတွေမှာရှိတဲ့ မွတ်စလင်အမျိုးသမီးတွေအပေါ်မှာပါ အကျိုးသက်ရောက်တဲ့အတွက် အငြင်းပွားမှုတွေရှိနေကာ ပြစ်တင်ဝေဖန်တာတွေလည်းရှိနေပါတယ်။

zawgyi version
စာသင္ေက်ာင္းေတြမွာ မြတ္စလင္အမ်ိဳးသမီးေတြဝတ္ဆင္တဲ့ abaya dresses အဝတ္စားေတြမဝတ္ဆင္ဖို႔ ျပင္သစ္ပညာေရးဝန္ႀကီးဌာန အမိန႔္ထုတ္ျပန္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၈
ျပင္သစ္အာဏာပိုင္ေတြဟာ မြတ္စလင္အမ်ိဳးသမီးအခ်ိဳ႕ ဝတ္ဆင္တဲ့ abaya dresses အဝတ္စားေတြကို ေက်ာင္းေတြမွာ ဝတ္ဆင္ျခင္းမ်ိဳးမလုပ္ဖို႔ တားျမစ္ပိတ္ပင္လိုက္ေၾကာင္း သိရပါတယ္။
ျပင္သစ္က်န္းမာေရးဝန္ႀကီး ဂါဘီရယ္လ္ အက္တယ္လ္က စက္တင္ဘာလ ၄ ရက္မွစတင္ၿပီး ႏိုင္ငံတဝွမ္း စာသင္ေက်ာင္းေတြမွာအမ်ိဳးသမီးေတြကို အဆိုပါ အဝတ္စားမ်ိဳးဝတ္ဆင္ျခင္းမလုပ္ဖို႔ တားျမစ္လိုက္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ျပင္သစ္အစိုးရဟာ စာသင္ေက်ာင္းေတြမွာ မြတ္စလင္အမ်ိဳးသမီးေတြကို hijab အဝတ္စားမ်ားဝတ္ဆင္မႈ ကာလအတန္ၾကာတားျမစ္ပိတ္ပင္လိုက္ၿပီးေနာက္ abaya dresses အဝတ္စားေတြ ဝတ္ဆင္မႈေတြနဲ႔ပတ္သက္ၿပီး အႀကိတ္အနယ္ေဆြးေႏြးမႈမ်ားျဖစ္လာခဲ့ကာ လက္ရွိအခ်ိန္မွာေတာ့ abaya dresses အဝတ္စားေတြ ဝတ္ဆင္ျခင္းကို တားျမစ္ပိတ္ပင္ဖို႔ အမိန႔္ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။
စာသင္ေက်ာင္းေတြမွာ abaya dresses အဝတ္စားေတြ ဝတ္ဆင္ျခင္းဟာ ေက်ာင္းသားမိဘေတြနဲ႔ ေက်ာင္းဆရာေတြၾကား တင္းမာမႈေတြပိုမိုျဖစ္လာေစခဲ့ေၾကာင္း ဆိုပါတယ္။
ျပင္သစ္ ပညာေရးဝန္ႀကီးဌာနက "စာသင္ေက်ာင္းေတြမွာ ဝတ္စားဆင္ယင္မႈေတြ လြတ္လပ္မႈရွိဖို႔လိုအပ္တယ္။ စာသင္ေက်ာင္းေတြမွာ ဘာသာေရးအမွတ္အသား ဝတ္စားဆင္ယင္မႈေတြမလုပ္ဖို႔ လိုအပ္တယ္။ စာသင္ခန္းထဲကို ဝင္လိုက္ခ်ိန္မွာ ေက်ာင္းသားေတြကို ဘာသာေရးအမွတ္သားေတြ နဲ႔ တားဆီးထားတာမ်ိဳးမလုပ္ေစလိုဘူး"လို႔ေျပာပါတယ္။
abaya dresses အဝတ္စားေတြ ဝတ္စားဆင္ယင္ျခင္းတားျမစ္ပိတ္ပင္ျခင္းက စာသင္ေက်ာင္းေတြမွာရွိတဲ့ မြတ္စလင္အမ်ိဳးသမီးေတြအေပၚမွာပါ အက်ိဳးသက္ေရာက္တဲ့အတြက္ အျငင္းပြားမႈေတြရွိေနကာ ျပစ္တင္ေဝဖန္တာေတြလည္းရွိေနပါတယ္။