ပြင်ဦးလွင်မြို့ရှိ ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

 3108

စော(NP News) - ဩဂုတ် ၂၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၈ ရက်)၊ နေ့လည်(၁၁)နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းထံမှသိရသည်။

“သူတို့ကနစ်တယ်လို့ ဖုန်းဆက်ပြောမှသွားရတာဆိုတော့ ဖြစ်စဉ်အတိအကျကြီးတော့ မသိရဘူး။ သွားတာလေးယောက်မှာ တစ်ယောက်နစ်တာလို့သိရတယ်။ ဒါပေမယ့် အတိအကျပြောလို့မရသေးဘူး”ဟု သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။

အဆိုပါ အမျိုးသား၏ရုပ်အလောင်းအား မွန်းလွဲ (၁)နာရီခွဲအချိန်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ပြင်ဦးလွင်မြို့နယ်ရှိ ကုတင် (၇၀၀)တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် (ဩဂုတ်လ ၂၅ ရက်)၊ ညနေ (၃)နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းအနောက်ပိုင်းရှိ မောင်တော်နှမတော်ကန်အတွင်း၌ စိတ်ကျန်းမာရေးမကောင်းသည့် အသက် (၂၉)နှစ် အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version
ျပင္ဦးလြင္ၿမိဳ႕ရွိ ပိတ္ခ်င္းေျမာင္မီးစက္ႀကီးေရတံခြန္တြင္ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံး
ေစာ(NP News) - ဩဂုတ္ ၂၈

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ခ႐ိုင္၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ အသက္ (၂၃)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၂၈ ရက္)၊ ေန႔လည္(၁၁)နာရီခြဲအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ပိတ္ခ်င္းေျမာင္မီးစက္ႀကီးေရတံခြန္၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သႏၲိသုခအခမဲ့လူမႈကူညီေရးအသင္းထံမွသိရသည္။

“သူတို႔ကနစ္တယ္လို႔ ဖုန္းဆက္ေျပာမွသြားရတာဆိုေတာ့ ျဖစ္စဥ္အတိအက်ႀကီးေတာ့ မသိရဘူး။ သြားတာေလးေယာက္မွာ တစ္ေယာက္နစ္တာလို႔သိရတယ္။ ဒါေပမယ့္ အတိအက်ေျပာလို႔မရေသးဘူး”ဟု သႏၲိသုခ အခမဲ့လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NSS ကိုေျပာသည္။

အဆိုပါ အမ်ိဳးသား၏႐ုပ္အေလာင္းအား မြန္းလြဲ (၁)နာရီခြဲအခ်ိန္တြင္ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီး ျပင္ဦးလြင္ၿမိဳ႕နယ္ရွိ ကုတင္ (၇၀၀)တပ္မေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ (ဩဂုတ္လ ၂၅ ရက္)၊ ညေန (၃)နာရီအခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕၊ ပန္းဘဲတန္းအေနာက္ပိုင္းရွိ ေမာင္ေတာ္ႏွမေတာ္ကန္အတြင္း၌ စိတ္က်န္းမာေရးမေကာင္းသည့္ အသက္ (၂၉)ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.