မဟာမြိုင်တောရကျောင်းသို့ PDF များက ကုန်တင်ကား(၂)စီးဖြင့် လာရောက်ကာ ဆွမ်းဆန် နှင့် စားနပ် ရိက္ခာများကိုလုယက်ခဲ့ဟု နစကပြော

 11598

NP News - သြဂုတ် ၂၉

မဟာမြိုင်တောရကျောင်းသို့ PDF များက ကုန်တင်ကား(၂)စီးဖြင့် လာရောက်ကာ ဆွမ်းဆန် နှင့် စားနပ် ရိက္ခာများကို လုယက်ယူဆောင်သွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(သြဂုတ် ၂၉ ရက်)တွင် မီဒီယာများကို အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ယမန်နေ့(သြဂုတ်လ ၂၈ ရက်)၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ကလေးဝမြို့နယ်၊ သစ္စာပန်းတောင်းကျေးရွာအနီးရှိ မဟာမြိုင်တောရကျောင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများသည် (၁၀)ဘီးကုန်တင်ကားနှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း နစကမှ ပြောသည်။

ထို့နောက် ၎င်းတို့သည် သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်များအတွက် စုဆောင်းထားသည့် ဆွမ်း ဆန်၊ ဆီ၊ စားနပ် ရိက္ခာများကို လုယက်ယူဆောင်သွားကြောင်း သိရှိရသည်ဟု နစကမှ မီဒီယာများကို အသိပေးထားသည်။

ထို့ပြင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာအချို့၌ မဟာမြိုင်တောရကျောင်းတွင် သဲဖြူဆရာတော်ကြီးက ရွှေတိဂုံ ပုံတူစေတီတော်တည်ထားကိုးကွယ်ရန် ရည်ရွယ်ထားသော အလှူငွေကျပ်သိန်း နှစ်သောင်းကျော်ကို KIA နှင့် PDF အဖွဲ့က လုယက်ယူဆောင်သွားခဲ့သည်ဟု ရေးသားဖော်ပြလျက်ရှိနေသည်။

၎င်းအပြင် မဟာမြိုင်တောရကျောင်းမှ သီလရှင်တစ်ပါးသည်လည်း မုဒိမ်းကျင့်ခံခဲ့ရသကဲ့သို့ အခြားသီလရှင်နှစ်ပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ရေးသားဖော်ပြလျက်ရှိနေသည်။

ပြည်တွင်းမီဒီယာအချို့မှ ဖော်ပြနေသည့် မဟာမြိုင်တောရကျောင်းဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များကို NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသကဲ့သို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ဖြေကြားရာတွင်လည်း ၎င်းအချက်အလက်များ ပါဝင်လာခြင်းမရှိသေးပေ။

zawgyi version
မဟာၿမိဳင္ေတာရေက်ာင္းသို႔ PDF မ်ားက ကုန္တင္ကား(၂)စီးျဖင့္ လာေရာက္ကာ ဆြမ္းဆန္ ႏွင့္ စားနပ္ ရိကၡာမ်ားကိုလုယက္ခဲ့ဟု နစကေျပာ
NP News - ၾသဂုတ္ ၂၉

မဟာၿမိဳင္ေတာရေက်ာင္းသို႔ PDF မ်ားက ကုန္တင္ကား(၂)စီးျဖင့္ လာေရာက္ကာ ဆြမ္းဆန္ ႏွင့္ စားနပ္ ရိကၡာမ်ားကို လုယက္ယူေဆာင္သြားခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က ယေန႔(ၾသဂုတ္ ၂၉ ရက္)တြင္ မီဒီယာမ်ားကို အထက္ပါကဲ့သို႔ ထည့္သြင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ယမန္ေန႔(ၾသဂုတ္လ ၂၈ ရက္)၊ ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ကေလးဝၿမိဳ႕နယ္၊ သစၥာပန္းေတာင္းေက်း႐ြာအနီးရွိ မဟာၿမိဳင္ေတာရေက်ာင္းသို႔ PDF အမည္ခံအၾကမ္းဖက္သမားမ်ားသည္ (၁၀)ဘီးကုန္တင္ကားႏွစ္စီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း နစကမွ ေျပာသည္။

ထို႔ေနာက္ ၎တို႔သည္ သံဃာေတာ္၊ ရွင္သာမေဏႏွင့္ သီလရွင္မ်ားအတြက္ စုေဆာင္းထားသည့္ ဆြမ္း ဆန္၊ ဆီ၊ စားနပ္ ရိကၡာမ်ားကို လုယက္ယူေဆာင္သြားေၾကာင္း သိရွိရသည္ဟု နစကမွ မီဒီယာမ်ားကို အသိေပးထားသည္။

ထို႔ျပင္ ၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ မီဒီယာအခ်ိဳ႕၌ မဟာၿမိဳင္ေတာရေက်ာင္းတြင္ သဲျဖဴဆရာေတာ္ႀကီးက ေ႐ႊတိဂုံ ပုံတူေစတီေတာ္တည္ထားကိုးကြယ္ရန္ ရည္႐ြယ္ထားေသာ အလႉေငြက်ပ္သိန္း ႏွစ္ေသာင္းေက်ာ္ကို KIA ႏွင့္ PDF အဖြဲ႕က လုယက္ယူေဆာင္သြားခဲ့သည္ဟု ေရးသားေဖာ္ျပလ်က္ရွိေနသည္။

၎အျပင္ မဟာၿမိဳင္ေတာရေက်ာင္းမွ သီလရွင္တစ္ပါးသည္လည္း မုဒိမ္းက်င့္ခံခဲ့ရသကဲ့သို႔ အျခားသီလရွင္ႏွစ္ပါးကိုလည္း ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟု ေရးသားေဖာ္ျပလ်က္ရွိေနသည္။

ျပည္တြင္းမီဒီယာအခ်ိဳ႕မွ ေဖာ္ျပေနသည့္ မဟာၿမိဳင္ေတာရေက်ာင္းျဖစ္စဥ္ႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားကို NP News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးသကဲ့သို႔ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားကို ေျဖၾကားရာတြင္လည္း ၎အခ်က္အလက္မ်ား ပါဝင္လာျခင္းမရွိေသးေပ။

Related news

© 2021. All rights reserved.