မန္တလေးမြို့၌ ဆိုင်ကယ်ဖြင့် ဖုန်းလုပြေးသူများကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့

1386
သန့်ဇင်(NP News) - ဩဂုတ် ၃၀
မန္တလေးမြို့တွင် ဆိုင်ကယ်တစ်စီးဖြင့် ဖုန်းလုပြေးသည့် အမျိုးသား(၃)ဦးအနက် (၂)ဦးအား ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၃၀ ရက်)၊ နံနက် ၁၀နာရီဝန်းကျင်အချိန်တွင် မန္တလေးမြို့၊ ၈၄လမ်း၊ ၃၃လမ်းနှင့် ၈၂လမ်းကြားတွင် ဖြစ်ပွားခဲ့ကြောင်း မဏီစလ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူတို့က ဆိုင်ကယ်တစ်စီးနဲ့ (၃)ယောက်လာပါတယ်ဗျ။ ကောင်မလေး(၂)ယောက်ကလမ်းကူးနေတုန်းမှာ ဝင်လုတာပါ”ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖုန်းလုပြေးသည့် အမျိုးသား(၃)ဦးအနက် (၂)ဦးသည် အောင်မြင့်ဝင်း(၃၀)နှစ်နှင့် ကျော်ဇင်မျိုး(၂၁)နှစ်တို့ဖြစ်ပြီး မန္တလေးမြို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
“တစ်ယောက်ကတော့ လွတ်သွားတယ်။ (၂)ယောက်တော့ဖမ်းမိတယ်ဗျ။ အနားကပြည်သူတွေဝိုင်းဖမ်းပေးတာပေါ့နော်။ အလုခံရတဲ့အမျိုးသမီးတွေရဲ့ ဖုန်းတွေကို သူတို့ကရိုက်ခွဲပစ်တာဗျ”ဟု ၎င်းကဆက် လက်ပြောသည်။
ဖမ်းဆီးရမိသည့် အမျိုးသား(၂)ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် အမှတ်(၆)ရဲစခန်းသို့ သက်ဆိုင်ရာမှ စစ်ဆေးနိုင်ရေးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးၿမိဳ႕၌ ဆိုင္ကယ္ျဖင့္ ဖုန္းလုေျပးသူမ်ားကို ျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပးခဲ့
သန႔္ဇင္(NP News) - ဩဂုတ္ ၃၀
မႏၲေလးၿမိဳ႕တြင္ ဆိုင္ကယ္တစ္စီးျဖင့္ ဖုန္းလုေျပးသည့္ အမ်ိဳးသား(၃)ဦးအနက္ (၂)ဦးအား ေဒသခံျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၃၀ ရက္)၊ နံနက္ ၁၀နာရီဝန္းက်င္အခ်ိန္တြင္ မႏၲေလးၿမိဳ႕၊ ၈၄လမ္း၊ ၃၃လမ္းႏွင့္ ၈၂လမ္းၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း မဏီစလ လူမႈကူညီေရးအသင္းထံမွ သိရသည္။
“သူတို႔က ဆိုင္ကယ္တစ္စီးနဲ႔ (၃)ေယာက္လာပါတယ္ဗ်။ ေကာင္မေလး(၂)ေယာက္ကလမ္းကူးေနတုန္းမွာ ဝင္လုတာပါ”ဟု မဏီစလလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ဖုန္းလုေျပးသည့္ အမ်ိဳးသား(၃)ဦးအနက္ (၂)ဦးသည္ ေအာင္ျမင့္ဝင္း(၃၀)ႏွစ္ႏွင့္ ေက်ာ္ဇင္မ်ိဳး(၂၁)ႏွစ္တို႔ျဖစ္ၿပီး မႏၲေလးၿမိဳ႕တြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း သိရသည္။
“တစ္ေယာက္ကေတာ့ လြတ္သြားတယ္။ (၂)ေယာက္ေတာ့ဖမ္းမိတယ္ဗ်။ အနားကျပည္သူေတြဝိုင္းဖမ္းေပးတာေပါ့ေနာ္။ အလုခံရတဲ့အမ်ိဳးသမီးေတြရဲ႕ ဖုန္းေတြကို သူတို႔က႐ိုက္ခြဲပစ္တာဗ်”ဟု ၎ကဆက္ လက္ေျပာသည္။
ဖမ္းဆီးရမိသည့္ အမ်ိဳးသား(၂)ဦးအား မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပိုေဆာင္ေပးခဲ့ၿပီး ထိုမွတစ္ဆင့္ အမွတ္(၆)ရဲစခန္းသို႔ သက္ဆိုင္ရာမွ စစ္ေဆးႏိုင္ေရးဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။