လိင်တူလက်ထပ်ပွဲကိုတက်ရောက်ခဲ့သော လိင်တူလိုလားသူလူပေါင်း(၁ဝဝ)ကျော်ကို နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး

 974

Pika (NP News) - သြဂုတ် ၃ဝ

နိုင်ဂျီရီးယားနိုင်ငံ Delta ပြည်နယ်တွင် လိင်တူလက်ထပ်ပွဲသို့တက်ရောက်ခဲ့သည့် လိင်တူဆက်ဆံသည်ဟု စွပ်စွဲ ခံထားရသော လူပေါင်း(၁ဝဝ)ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့ သည်။

ဥပဒေစိုးမိုးရေးအေဂျင်စီက "Delta ပြည်နယ် အာဏာပိုင်တွေဟာ လိင်တူလက်ထပ်ပွဲလုပ်နေတဲ့ ဟိုတယ်တစ်ခုမှာ လိင်တူချစ်သူတွေလို့ သံသယရှိတဲ့ လူ(၁ဝဝ)ကျော်ကို ဖမ်းဆီးခဲ့ပါတယ်" ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ Delta ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Bright Edafe က ၎င်းတို့သည် Ekpan မြို့တောင်ပိုင်းရှိ ဟိုတယ်တစ်ခု တွင် အမျိုးသားနှစ်ဦးလက်ထပ်ပွဲပြုလုပ်နေသည်ဆိုသည့်သတင်းအချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် ဩဂုတ်လ(၂၈)ရက်တွင် အဆိုပါဟိုတယ်ကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Bright Edafe က ဩဂုတ်လ(၂၉)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။ ၎င်း က "ဝင်ရောက်စီးနင်းတဲ့အချိန်မှာ အမျိုးသားနှစ်ဦး လက်ထပ်ပွဲလုပ်နေတာကိုတွေ့ခဲ့ရပြီး မင်္ဂလာဆောင်အခမ်းအနားကျင်းပနေတဲ့ ဗီဒီယိုဖိုင်မှတ်တမ်းလည်း ရှိပါတယ်။ ကျွန်တော်တို့ဟာ အာဖရိကတိုက်မှာရှိတဲ့ နိုင်ငံတစ်ခုပါ။ အနောက်နိုင်ငံတွေကို အတုယူလို့ မရပါဘူး" ဟု ပြောခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် လိင်တူဆက်ဆံသူများကို မကြာခဏဖမ်းဆီးလေ့ရှိပြီး LGBT များသည် ၎င်းတို့၏ လိင်စိတ် ခံယူမှုများကို ပွင့်ပွင့်လင်းလင်းဖော်ပြနေခြင်းမျိုးကို အာဏာပိုင်များက သည်းခံနေမည်မဟုတ်ကြောင်း ၎င်းက ပြောခဲ့သည်။

၎င်းက "ဒါဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ခွင့်ပြုရမယ့်အရာ မဟုတ်ပါဘူး။ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးရင် တရားရုံးမှာ တရားစွဲဆိုသွားမှာပါ" ဟု ပြောခဲ့သည်။ ထို့အပြင် ဖက်ရှင်ရှိုးပွဲသို့သွားနေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူတစ်ဦးက ၎င်းသည် လိင်တူဆက်ဆံသူမဟုတ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါအမျိုးသားက "ကျွန်တော်က မော်ဒယ်တစ်ယောက်ပါ။ စင်ပေါ်မှာ ဖြေဖျော်ဖို့အတွက် အမျိုးသမီးလို ဝတ်ဆင်ထားတာပါ။ ဒီလိုဝတ်ဆင်တာက မှားလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်က လိင်တူဆက်ဆံတဲ့သူတော့ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

၂ဝ၁၃ ခုနှစ်က နိုင်ဂျီးရီးယားနိုင်ငံတွင် ချမှတ်ထားသော လိင်တူလက်ထပ်ခြင်းကို တားမြစ်သည့်အက်ဥပဒေအရ အပြစ်ရှိကြောင်းတွေ့ရှိသူများကို ထောင်ဒဏ်(၁၄)နှစ်ချမှတ်နိုင်ကြောင်း သိရသည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် လိင်တူ လက်ထပ်ခြင်းကို စီစဉ်ပေးသူ၊ သက်သေခံပေးသူ (သို့မဟုတ်) ကူညီဆောင်ရွက်ပေးသူများသည် ထောင်ဒဏ် (၁ဝ)နှစ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
လိင္တူလက္ထပ္ပြဲကိုတက္ေရာက္ခဲ့ေသာ လိင္တူလိုလားသူလူေပါင္း(၁ဝဝ)ေက်ာ္ကို ႏိုင္ဂ်ီးရီးယား ရဲတပ္ဖြဲ႕ ဖမ္းဆီး
Pika (NP News) - ၾသဂုတ္ ၃ဝ

ႏိုင္ဂ်ီရီးယားႏိုင္ငံ Delta ျပည္နယ္တြင္ လိင္တူလက္ထပ္ပြဲသို႔တက္ေရာက္ခဲ့သည့္ လိင္တူဆက္ဆံသည္ဟု စြပ္စြဲ ခံထားရေသာ လူေပါင္း(၁ဝဝ)ေက်ာ္ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ေျပာၾကားခဲ့ သည္။

ဥပေဒစိုးမိုးေရးေအဂ်င္စီက "Delta ျပည္နယ္ အာဏာပိုင္ေတြဟာ လိင္တူလက္ထပ္ပြဲလုပ္ေနတဲ့ ဟိုတယ္တစ္ခုမွာ လိင္တူခ်စ္သူေတြလို႔ သံသယရွိတဲ့ လူ(၁ဝဝ)ေက်ာ္ကို ဖမ္းဆီးခဲ့ပါတယ္" ဟု တြစ္တာတြင္ ေရးသားေဖာ္ျပခဲ့သည္။ Delta ျပည္နယ္ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ Bright Edafe က ၎တို႔သည္ Ekpan ၿမိဳ႕ေတာင္ပိုင္းရွိ ဟိုတယ္တစ္ခု တြင္ အမ်ိဳးသားႏွစ္ဦးလက္ထပ္ပြဲျပဳလုပ္ေနသည္ဆိုသည့္သတင္းအခ်က္အလက္မ်ားကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ရဲတပ္ဖြဲ႕သည္ ဩဂုတ္လ(၂၈)ရက္တြင္ အဆိုပါဟိုတယ္ကို ဝင္ေရာက္စီးနင္းကာ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း Bright Edafe က ဩဂုတ္လ(၂၉)ရက္တြင္ ထုတ္ျပန္ေျပာခဲ့သည္။ ၎ က "ဝင္ေရာက္စီးနင္းတဲ့အခ်ိန္မွာ အမ်ိဳးသားႏွစ္ဦး လက္ထပ္ပြဲလုပ္ေနတာကိုေတြ႕ခဲ့ရၿပီး မဂၤလာေဆာင္အခမ္းအနားက်င္းပေနတဲ့ ဗီဒီယိုဖိုင္မွတ္တမ္းလည္း ရွိပါတယ္။ ကြၽန္ေတာ္တို႔ဟာ အာဖရိကတိုက္မွာရွိတဲ့ ႏိုင္ငံတစ္ခုပါ။ အေနာက္ႏိုင္ငံေတြကို အတုယူလို႔ မရပါဘူး" ဟု ေျပာခဲ့သည္။

ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ လိင္တူဆက္ဆံသူမ်ားကို မၾကာခဏဖမ္းဆီးေလ့ရွိၿပီး LGBT မ်ားသည္ ၎တို႔၏ လိင္စိတ္ ခံယူမႈမ်ားကို ပြင့္ပြင့္လင္းလင္းေဖာ္ျပေနျခင္းမ်ိဳးကို အာဏာပိုင္မ်ားက သည္းခံေနမည္မဟုတ္ေၾကာင္း ၎က ေျပာခဲ့သည္။

၎က "ဒါဟာ ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ခြင့္ျပဳရမယ့္အရာ မဟုတ္ပါဘူး။ သံသယရွိသူေတြကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ၿပီးရင္ တရား႐ုံးမွာ တရားစြဲဆိုသြားမွာပါ" ဟု ေျပာခဲ့သည္။ ထို႔အျပင္ ဖက္ရွင္ရႈိးပြဲသို႔သြားေနစဥ္ ရဲတပ္ဖြဲ႕၏ ဖမ္းဆီးျခင္းကို ခံခဲ့ရသူတစ္ဦးက ၎သည္ လိင္တူဆက္ဆံသူမဟုတ္ေၾကာင္း ေျပာဆိုခဲ့သည္။

အဆိုပါအမ်ိဳးသားက "ကြၽန္ေတာ္က ေမာ္ဒယ္တစ္ေယာက္ပါ။ စင္ေပၚမွာ ေျဖေဖ်ာ္ဖို႔အတြက္ အမ်ိဳးသမီးလို ဝတ္ဆင္ထားတာပါ။ ဒီလိုဝတ္ဆင္တာက မွားလားဆိုတာေတာ့ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္က လိင္တူဆက္ဆံတဲ့သူေတာ့ မဟုတ္ပါဘူး" ဟု ေျပာခဲ့သည္။

၂ဝ၁၃ ခုႏွစ္က ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ ခ်မွတ္ထားေသာ လိင္တူလက္ထပ္ျခင္းကို တားျမစ္သည့္အက္ဥပေဒအရ အျပစ္ရွိေၾကာင္းေတြ႕ရွိသူမ်ားကို ေထာင္ဒဏ္(၁၄)ႏွစ္ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။ ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ လိင္တူ လက္ထပ္ျခင္းကို စီစဥ္ေပးသူ၊ သက္ေသခံေပးသူ (သို႔မဟုတ္) ကူညီေဆာင္႐ြက္ေပးသူမ်ားသည္ ေထာင္ဒဏ္ (၁ဝ)ႏွစ္က်ခံရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.