ထိုင်းဘဏ် နှင့် မြန်မာဘဏ်တို့ပူးပေါင်းလုပ်ဆောင်သည့် ငွေလွှဲဝန်ဆောင်မှုကို ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိတ်ဝင်စားမှုမြင့်တက်နေ

5866

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁
မြန်မာနိုင်ငံအခြေစိုက် KBZ ဘဏ် နှင့် ထိုင်းနိုင်ငံအခြေစိုက် Kasikorn ဘဏ်တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုမြန်မာနိုင်ငံရှိ မိသားစုထံ လစာငွေကြေးများကို ဒီဂျစ်တယ်စနစ်ဖြင့် ပြန်လည်လွှဲပေးနိုင်ရန် စီစဉ်ခဲ့သောအစီအစဉ်ကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား များနှင့် မိသားစုဝင်များ စိတ်ဝင်စားနေကြောင်း သိရသည်။
KBZ ဘဏ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Kasikorn ဘဏ်တို့သည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ထူးခြားသော Cross Border ဒစ်ဂျစ်တယ် ငွေလွှဲခြင်းအတွေ့အကြုံကို ပေးဆောင်ရန် ရည်ရွယ်သည့်အပြင် စမတ်ကျ၍ လွယ်ကူလုံခြုံသော ဒစ်ဂျစ်တယ်လုပ်ငန်းစဉ်ကို အသုံးပြု၍ မြန်မာနိုင်ငံရှိ မိသားစု (သို့မဟုတ်) မိတ်ဆွေသူငယ်ချင်းများထံသို့ အချိန်နှင့်တပြေးညီ တိုက်ရိုက်ငွေလွှဲနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
Kasikorn ဘဏ်ကငွေလွှဲမည့် ပမာဏသည် တစ်ကြိမ်လွှဲလျှင် ထိုင်းဘတ် ၅ဝဝဝဝ (သို့) ၎င်းနှင့် ညီမျှသော ပမာဏ ထက်နည်းရမည်ဖြစ်ကြောင်း၊ ၂၄ နာရီ ဝန်ဆောင်မှုအတွက် ငွေလွှဲလက်ခံသူသည် ကမ္ဘောဇဘဏ်တွင် Wallet အကောင့်ဖွင့်ရန် နှင့် KBZPAY Application အသုံးပြုခွင့်လျှောက်ထားရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ထား သည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံရှိမိသားစုများထံ ငွေကြေးပြန်လွှဲပေးရာတွင် ဝန်ဆောင်ခ ပိုမိုပေးနေရခြင်းကြောင့် KBZ ဘဏ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Kasikorn ဘဏ်တို့ ပူးပေါင်းလုပ်ဆောင်သော ဒီဂျစ်တယ် ငွေလွှဲဝန်ဆောင်မှု အစီအစဉ်ကို စိတ်ဝင်စားလာခြင်းဖြစ်သည်။
တာမွေမြို့တွင် နေထိုင်နေကာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံ ဆာမတ်ဆာခွန်ဒေသတွင် အလုပ်လုပ်ကိုင်နေသော အသက် ၅ဝ အရွယ်ရှိ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက "KBZ ဘဏ်ရဲ့ Kpay ဟာ မြန်မာနိုင်ငံမှာ အလွန်လူကြိုက် များတာကြောင့် ယုံကြည်စိတ်ချရမှုရှတယ်။ ဒါ့အပြင် Kasikorn ဘဏ်ရဲ့ KPlus ဝန်ဆောင်မှုတွေလည်း အလွန် ကောင်းမွန်တယ်လို့ ကြားမိတယ်။ ဒါပေမယ့် ငွေကြေးလွှဲချိန်မှာ ပေးရမှာကိုတော့ မသိသေးဘူး" ဟု ပြောသည်။
ငွေကြေးအာဏာပိုင်များအဖွဲ့သည် ဇူလိုင်လတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်း ပြန်လည်လွှဲပြောင်းပေးခြင်းကို ခွင့်ပြုရန်အတွက် လိုအပ်သောစည်းမျဉ်းများ ချမှတ်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ၂ဝ၂၂ ခုနှစ်တွင် ထုတ်ပြန်သောအချက်အလက်များအရ ထိုင်းနိုင်ငံ တွင် တရားဝင်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းနီးပါးရှိနေကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် KPlus အက်ပလီကေးရှင်းကိုအသုံးပြုပြီး မြန်မာနိုင်ငံသို့ ငွေလွှဲ ဝန်ဆောင်မှုများလုပ်မည်ဆိုပါက အောက်တိုဘာ ၃၁ ရက်အထိ အခမဲ့ လွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း နိုဝင်ဘာ ၁ ရက်နောက်ပိုင်းမှစတင်ပြီး ငွေလွှဲမှုများအတွက် ဝန်ဆောင်ခများ ကောက်ခံမည်ဖြစ်ပြီး မြန်မာကျပ်ငွေ ၁ သိန်းအတွက် ဘတ် ၅ဝ မှစတင်ပြီး လွှဲပေးသော ငွေကြေးပမာဏအပေါ်မူတည်ပြီး ဝန်ဆောင်ခ များ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိမိသားစုထံ မြန်မာကျပ်ငွေ ၁၄ သိန်းအထိ လွှဲမည်ဆိုလျှင် ဝန်ဆောင်ခအဖြစ် ထိုင်းဘတ်၂၄ဝ ပေးရမည်ဖြစ်ကြောင်း၊ အဆိုပါပမာဏထက်ပိုသော ငွေကြေးလွှဲမည်ဆိုလျှင် ထိုင်းဘတ် ၂၅ဝ ပေးရမည်ဟု Kasikorn ဘဏ်က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ထိုင္းဘဏ္ ႏွင့္ ျမန္မာဘဏ္တို႔ပူးေပါင္းလုပ္ေဆာင္သည့္ ေငြလႊဲဝန္ေဆာင္မႈကို ထိုင္းေရာက္ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား စိတ္ဝင္စားမႈျမင့္တက္ေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁
ျမန္မာႏိုင္ငံအေျခစိုက္ KBZ ဘဏ္ ႏွင့္ ထိုင္းႏိုင္ငံအေျခစိုက္ Kasikorn ဘဏ္တို႔ ပူးေပါင္းၿပီး ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကိုျမန္မာႏိုင္ငံရွိ မိသားစုထံ လစာေငြေၾကးမ်ားကို ဒီဂ်စ္တယ္စနစ္ျဖင့္ ျပန္လည္လႊဲေပးႏိုင္ရန္ စီစဥ္ခဲ့ေသာအစီအစဥ္ကို ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား မ်ားႏွင့္ မိသားစုဝင္မ်ား စိတ္ဝင္စားေနေၾကာင္း သိရသည္။
KBZ ဘဏ္ႏွင့္ ထိုင္းႏိုင္ငံအေျခစိုက္ Kasikorn ဘဏ္တို႔သည္ ထိုင္းႏိုင္ငံရွိ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ ထူးျခားေသာ Cross Border ဒစ္ဂ်စ္တယ္ ေငြလႊဲျခင္းအေတြ႕အႀကဳံကို ေပးေဆာင္ရန္ ရည္႐ြယ္သည့္အျပင္ စမတ္က်၍ လြယ္ကူလုံၿခဳံေသာ ဒစ္ဂ်စ္တယ္လုပ္ငန္းစဥ္ကို အသုံးျပဳ၍ ျမန္မာႏိုင္ငံရွိ မိသားစု (သို႔မဟုတ္) မိတ္ေဆြသူငယ္ခ်င္းမ်ားထံသို႔ အခ်ိန္ႏွင့္တေျပးညီ တိုက္႐ိုက္ေငြလႊဲႏိုင္ေစရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။
Kasikorn ဘဏ္ကေငြလႊဲမည့္ ပမာဏသည္ တစ္ႀကိမ္လႊဲလွ်င္ ထိုင္းဘတ္ ၅ဝဝဝဝ (သို႔) ၎ႏွင့္ ညီမွ်ေသာ ပမာဏ ထက္နည္းရမည္ျဖစ္ေၾကာင္း၊ ၂၄ နာရီ ဝန္ေဆာင္မႈအတြက္ ေငြလႊဲလက္ခံသူသည္ ကေမာၻဇဘဏ္တြင္ Wallet အေကာင့္ဖြင့္ရန္ ႏွင့္ KBZPAY Application အသုံးျပဳခြင့္ေလွ်ာက္ထားရန္ လိုအပ္ေၾကာင္း သတင္းထုတ္ျပန္ထား သည္။
ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံရွိမိသားစုမ်ားထံ ေငြေၾကးျပန္လႊဲေပးရာတြင္ ဝန္ေဆာင္ခ ပိုမိုေပးေနရျခင္းေၾကာင့္ KBZ ဘဏ္ႏွင့္ ထိုင္းႏိုင္ငံအေျခစိုက္ Kasikorn ဘဏ္တို႔ ပူးေပါင္းလုပ္ေဆာင္ေသာ ဒီဂ်စ္တယ္ ေငြလႊဲဝန္ေဆာင္မႈ အစီအစဥ္ကို စိတ္ဝင္စားလာျခင္းျဖစ္သည္။
တာေမြၿမိဳ႕တြင္ ေနထိုင္ေနကာ လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံ ဆာမတ္ဆာခြန္ေဒသတြင္ အလုပ္လုပ္ကိုင္ေနေသာ အသက္ ၅ဝ အ႐ြယ္ရွိ ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးက "KBZ ဘဏ္ရဲ႕ Kpay ဟာ ျမန္မာႏိုင္ငံမွာ အလြန္လူႀကိဳက္ မ်ားတာေၾကာင့္ ယုံၾကည္စိတ္ခ်ရမႈရွတယ္။ ဒါ့အျပင္ Kasikorn ဘဏ္ရဲ႕ KPlus ဝန္ေဆာင္မႈေတြလည္း အလြန္ ေကာင္းမြန္တယ္လို႔ ၾကားမိတယ္။ ဒါေပမယ့္ ေငြေၾကးလႊဲခ်ိန္မွာ ေပးရမွာကိုေတာ့ မသိေသးဘူး" ဟု ေျပာသည္။
ေငြေၾကးအာဏာပိုင္မ်ားအဖြဲ႕သည္ ဇူလိုင္လတြင္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအား ဝင္ေငြ၏ ၂၅ ရာခိုင္ႏႈန္း ျပန္လည္လႊဲေျပာင္းေပးျခင္းကို ခြင့္ျပဳရန္အတြက္ လိုအပ္ေသာစည္းမ်ဥ္းမ်ား ခ်မွတ္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ ထိုင္းအလုပ္သမားဝန္ႀကီးဌာန၏ ၂ဝ၂၂ ခုႏွစ္တြင္ ထုတ္ျပန္ေသာအခ်က္အလက္မ်ားအရ ထိုင္းႏိုင္ငံ တြင္ တရားဝင္အလုပ္လုပ္ကိုင္ေနေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၂ သန္းနီးပါးရွိေနေၾကာင္း သိရသည္။
ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ KPlus အက္ပလီေကးရွင္းကိုအသုံးျပဳၿပီး ျမန္မာႏိုင္ငံသို႔ ေငြလႊဲ ဝန္ေဆာင္မႈမ်ားလုပ္မည္ဆိုပါက ေအာက္တိုဘာ ၃၁ ရက္အထိ အခမဲ့ လႊဲႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ႏိုဝင္ဘာ ၁ ရက္ေနာက္ပိုင္းမွစတင္ၿပီး ေငြလႊဲမႈမ်ားအတြက္ ဝန္ေဆာင္ခမ်ား ေကာက္ခံမည္ျဖစ္ၿပီး ျမန္မာက်ပ္ေငြ ၁ သိန္းအတြက္ ဘတ္ ၅ဝ မွစတင္ၿပီး လႊဲေပးေသာ ေငြေၾကးပမာဏအေပၚမူတည္ၿပီး ဝန္ေဆာင္ခ မ်ား ေကာက္ခံသြားမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံရွိမိသားစုထံ ျမန္မာက်ပ္ေငြ ၁၄ သိန္းအထိ လႊဲမည္ဆိုလွ်င္ ဝန္ေဆာင္ခအျဖစ္ ထိုင္းဘတ္၂၄ဝ ေပးရမည္ျဖစ္ေၾကာင္း၊ အဆိုပါပမာဏထက္ပိုေသာ ေငြေၾကးလႊဲမည္ဆိုလွ်င္ ထိုင္းဘတ္ ၂၅ဝ ေပးရမည္ဟု Kasikorn ဘဏ္က သတင္းထုတ္ျပန္ထားသည္။