ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအမျိုးသား ပွဲချင်းပြီးသေဆုံး

 4169

သန့်ဇင်(NP News) - စက်တင်ဘာ ၂

မန္တလေးတိုင်း၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် (၁၄)ပေ Canter ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂ရက်)၊ နေ့လည်ပိုင်းအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ (၂၂)မိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ကားသည် အဟောင်းပစ္စည်းများတင်ဆောင်လာသည့် (၁၄)ပေ Canter ကားဖြစ်ပြီး မိုးရွာထား၍ လမ်းချော်နေခြင်းကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မှောက်တာက အဟောင်းပစ္စည်းတင်တဲ့ကားပါ။ ယာဉ်မောင်းအမျိုးသားတစ်ယောက်ဆုံးသွားပါတယ်။ ကားပေါ်မှာက အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးပဲပါတာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်မှယာဉ်မောင်းအမျိုးသားသည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးသည်လည်း စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူအမျိုးသမီးတို့အား ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မိသားစုနှင့်အဆက်အသွယ်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ျပင္ဦးလြင္-မႏၲေလးအဆင္းလမ္းတြင္ ကုန္တင္ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ ယာဥ္ေမာင္းအမ်ိဳးသား ပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္(NP News) - စက္တင္ဘာ ၂

မႏၲေလးတိုင္း၊ ျပင္ဦးလြင္-မႏၲေလးအဆင္းလမ္းတြင္ (၁၄)ေပ Canter ကုန္တင္ကားတစ္စီး တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းအမ်ိဳးသား ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂ရက္)၊ ေန႔လည္ပိုင္းအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္ဦးလြင္-မႏၲေလးအဆင္းလမ္း၊ (၂၂)မိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့သည့္ ကားသည္ အေဟာင္းပစၥည္းမ်ားတင္ေဆာင္လာသည့္ (၁၄)ေပ Canter ကားျဖစ္ၿပီး မိုး႐ြာထား၍ လမ္းေခ်ာ္ေနျခင္းေၾကာင့္ တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေမွာက္တာက အေဟာင္းပစၥည္းတင္တဲ့ကားပါ။ ယာဥ္ေမာင္းအမ်ိဳးသားတစ္ေယာက္ဆုံးသြားပါတယ္။ ကားေပၚမွာက အမ်ိဳးသားတစ္ဦးနဲ႔အမ်ိဳးသမီးတစ္ဦးပဲပါတာပါ”ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚမွယာဥ္ေမာင္းအမ်ိဳးသားသည္ ေနရာတြင္ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး ၎ႏွင့္အတူလိုက္ပါလာသည့္ အမ်ိဳးသမီးတစ္ဦးသည္လည္း စိုးရိမ္ဖြယ္အေျခအေနရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသူႏွင့္ ဒဏ္ရာရရွိသူအမ်ိဳးသမီးတို႔အား ျပင္ဦးလြင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားၿပီး မိသားစုႏွင့္အဆက္အသြယ္ရရွိရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.