မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံဒေသရှိ အာနန္ဒာဘုရား နှင့် ‌ရွှေစည်းခုံဘုရား ရင်ပြင်တော်တို့တွင် ရေဝင်ရောက်မှုများဖြစ်ပွား

 943

ယွန်း (NP News) - စက်တင်ဘာ ၃

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံဒေသရှိ အာနန္ဒာဘုရားနှင့် ‌ရွှေစည်းခုံဘုရား ရင်ပြင်တော်တို့တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

မန္တလေးတိုင်း၊ ‌ညောင်ဦးမြို့နယ်အတွင်း ယနေ့ (စက်တင်ဘာလ ၃ ရက်)၊ နံနက်(၄)နာရီအချိန်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံ‌ဒေသရှိ အာနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရားတို့၏ ရင်ပြင်များပေါ်သို့ ရေများဝင်ရောက်ခဲ့ကြောင်း ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးက ပြောသည်။

"မနက်(၄)နာရီကနေ (၆)နာရီအထိ နှစ်နာရီလောက်ရွာတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိုးဖွဲလေးတွေက (၁၀)နာရီလောက်အထိရွာတယ်။ ရင်ပြင်တော်တွေမှာက ရေထွက်ပေါက်တွေတော့ရှိတယ်။ ရေထွက်တာနည်းတော့ ရေစုပ်စက်တွေနဲ့ စုပ်ထုတ်ရတာပေါ့။ ရေတွေတင်နေတယ်လို့ စသိရကတည်းက ရေစုပ်စက်တွေနဲ့စပြီး စုပ်ထုတ်ခဲ့တယ် (၅)နာရီလောက်ကြရင် အကုန်ပြီးမယ်လို့မှန်းထားတယ် အခုဆိုရင်တော်တော်ကျသွား‌လောက်ပြီ"ဟု ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NP News ကိုပြောသည်။

ရေဝင်ရောက်မှုများကြောင့် ရွှေစည်းခုံဘုရား ရင်ပြင်တော်၏ အနိမ့်ပိုင်းနေရာများတွင် (၁၀)လက်မခန့်ရေဝပ်ခဲ့ပြီး အာနန္ဒာဘုရားတွင်(၇)လက်မခန့် ရေဝင်ရောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ရေများအမြန်ကျဆင်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအပါအဝင် ဂေါပကအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှပူးပေါင်း၍ ရေစုပ်စက်များဖြင့် ဘုရားရင်ပြင်တော်ပေါ်ရှိ ရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ခဲ့ကြောင်း သိရသည်။

zawgyi version
မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ပုဂံေဒသရွိ အာနႏၵာဘုရား ႏွင့္ ‌ေ႐ႊစည္းခုံဘုရား ရင္ျပင္ေတာ္တို႔တြင္ ေရဝင္ေရာက္မႈမ်ားျဖစ္ပြား
ယြန္း (NP News) - စက္တင္ဘာ ၃

မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ပုဂံေဒသရွိ အာနႏၵာဘုရားႏွင့္ ‌ေ႐ႊစည္းခုံဘုရား ရင္ျပင္ေတာ္တို႔တြင္ ေရဝင္ေရာက္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။

မႏၲေလးတိုင္း၊ ‌ေညာင္ဦးၿမိဳ႕နယ္အတြင္း ယေန႔ (စက္တင္ဘာလ ၃ ရက္)၊ နံနက္(၄)နာရီအခ်ိန္မွစတင္ကာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ပုဂံ‌ေဒသရွိ အာနႏၵာဘုရားႏွင့္ ေ႐ႊစည္းခုံဘုရားတို႔၏ ရင္ျပင္မ်ားေပၚသို႔ ေရမ်ားဝင္ေရာက္ခဲ့ေၾကာင္း ပုဂံေရွးေဟာင္း သုေတသနဌာန ၫႊန္ၾကားေရးမႉးက ေျပာသည္။

"မနက္(၄)နာရီကေန (၆)နာရီအထိ ႏွစ္နာရီေလာက္႐ြာတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ မိုးဖြဲေလးေတြက (၁၀)နာရီေလာက္အထိ႐ြာတယ္။ ရင္ျပင္ေတာ္ေတြမွာက ေရထြက္ေပါက္ေတြေတာ့ရွိတယ္။ ေရထြက္တာနည္းေတာ့ ေရစုပ္စက္ေတြနဲ႔ စုပ္ထုတ္ရတာေပါ့။ ေရေတြတင္ေနတယ္လို႔ စသိရကတည္းက ေရစုပ္စက္ေတြနဲ႔စၿပီး စုပ္ထုတ္ခဲ့တယ္ (၅)နာရီေလာက္ၾကရင္ အကုန္ၿပီးမယ္လို႔မွန္းထားတယ္ အခုဆိုရင္ေတာ္ေတာ္က်သြား‌ေလာက္ၿပီ"ဟု ၫႊန္ၾကားေရးမႉး ဦးျမင့္သန္းက NP News ကိုေျပာသည္။

ေရဝင္ေရာက္မႈမ်ားေၾကာင့္ ေ႐ႊစည္းခုံဘုရား ရင္ျပင္ေတာ္၏ အနိမ့္ပိုင္းေနရာမ်ားတြင္ (၁၀)လက္မခန႔္ေရဝပ္ခဲ့ၿပီး အာနႏၵာဘုရားတြင္(၇)လက္မခန႔္ ေရဝင္ေရာက္ခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေရမ်ားအျမန္က်ဆင္းေရးအတြက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအပါအဝင္ ေဂါပကအဖြဲ႕မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွပူးေပါင္း၍ ေရစုပ္စက္မ်ားျဖင့္ ဘုရားရင္ျပင္ေတာ္ေပၚရွိ ေရမ်ားကို ေရစုပ္စက္ျဖင့္ စုပ္ထုတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.