မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး Drop ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးထက်မနည်းရှိနေ

 5447

NP News - စက်တင်ဘာ ၃

ကရင်ပြည်နယ် မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး Drop ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၃ ရက်) ည ၆ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ပထမဦးစွာ Drone ဗုံးနှစ်လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်မှုအပေါ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် အပါအဝင် ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သွားရောက် စစ်ဆေးစဉ် ည၇နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် လက်နက်ကိုင်အဖွဲ့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား Drop ဗုံးနှစ်လုံးဖြင့် ထပ်မံပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဒီနေ့ည ၆ နာရီ ၄ဝ မိနစ်လောက်မှာ drop ဗုံးနှစ်လုံးကျတယ်။ အဲဒါကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က သွားကြည့်တယ်။ သူသွားကြည့်တဲ့အချိန်မှာ နှစ်လုံး ထပ်ချတယ်။ အဲဒီမှာ ခရိုင်အုပ်ချုပ်ရေးမှူးက ထိပြီး ဆုံးသွားတယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးကလည်း ဒဏ်ရာရသွားတယ်" ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူက NP News ကို ပြောသည်။

ယနေ့ ညပိုင်းတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် စုစုပေါင်း drop ဗုံးလေးလုံးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အခြားသော ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ယနေ့ညပိုင်းတွင် မြဝတီမြို့ရှိ အုပ်ချုပ်ရေးမှူးရုံးသည်လည်း drop ဗုံးဖြင့် တိုက်ခိုက်ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်ရဲတပ်မှူးရုံး နှင့် အုပ်ချုပ်ရေးမှူးရုံး drop ဗုံးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ထွေအုပ်စာရေး အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး၊ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထပ်မံသိရှိရသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ တပ်မတော်မှ အရာရှိအချို့ နှင့် လုံခြုံရေးအဖွဲ့ဝင်အချို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နစက အနေဖြင့် စက်တင်ဘာလ ၃ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအား မြို့၏အနောက်တောင်ဘက် မီတာ ၄ဝဝဝ ခန့်အကွာနေရာမှ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့တို့က ဒရုန်းနှစ်စီးဖြင့် ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဖြစ်စဉ်နေရာအား သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သမားများမှ ဒရုန်း တစ်စီးဖြင့် ဗုံးသီး ၂ လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကဘက်က ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး Drop ဗုံးျဖင့္ တိုက္ခိုက္ခံရမႈေၾကာင့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ ၅ ဦး ေသဆုံးခဲ့ၿပီး၊ ထိခိုက္ဒဏ္ရာရသူ ၁၃ ဦးထက္မနည္းရွိေန
NP News - စက္တင္ဘာ ၃

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ရွိ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး Drop ဗုံးျဖင့္ တိုက္ခိုက္ခံရမႈေၾကာင့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ေသဆုံးခဲ့ၿပီး ခ႐ိုင္ရဲတပ္ဖြဲ႕မႉး အပါအဝင္ ထိခိုက္ဒဏ္ရာရသူမ်ားရွိေနေၾကာင္း ကနဦးသတင္းမ်ားအရ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၃ ရက္) ည ၆ နာရီ ၄ဝ မိနစ္အခ်ိန္ခန္႔တြင္ လက္နက္ကိုင္အဖြဲ႕တစ္ခုမွ ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးအား ပထမဦးစြာ Drone ဗုံးႏွစ္လုံးျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔တိုက္ခိုက္မႈအေပၚ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးတင့္ အပါအဝင္ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ႏွင့္ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ သြားေရာက္ စစ္ေဆးစဥ္ ည၇နာရီ ၃ဝ မိနစ္အခ်ိန္ခန္႔တြင္ လက္နက္ကိုင္အဖြဲ႕က ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးအား Drop ဗုံးႏွစ္လုံးျဖင့္ ထပ္မံပစ္ခ် တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

"ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးကို ဒီေန႔ည ၆ နာရီ ၄ဝ မိနစ္ေလာက္မွာ drop ဗုံးႏွစ္လုံးက်တယ္။ အဲဒါကို ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးတင့္က သြားၾကည့္တယ္။ သူသြားၾကည့္တဲ့အခ်ိန္မွာ ႏွစ္လုံး ထပ္ခ်တယ္။ အဲဒီမွာ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက ထိၿပီး ဆုံးသြားတယ္။ ခ႐ိုင္ရဲတပ္ဖြဲ႕မႉးကလည္း ဒဏ္ရာရသြားတယ္" ဟု ကရင္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ နီးစပ္သူက NP News ကို ေျပာသည္။

ယေန႔ ညပိုင္းတြင္ ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးတြင္ စုစုေပါင္း drop ဗုံးေလးလုံးျဖင့္ တိုက္ခိုက္ခံရျခင္းျဖစ္ၿပီး အျခားေသာ ထိခိုက္ဒဏ္ရာရရွိသူမ်ားလည္း ရွိေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ယေန႔ညပိုင္းတြင္ ျမဝတီၿမိဳ႕ရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံးသည္လည္း drop ဗုံးျဖင့္ တိုက္ခိုက္ခံရမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။

ျမဝတီခ႐ိုင္ရဲတပ္မႉး႐ုံး ႏွင့္ အုပ္ခ်ဳပ္ေရးမႉး႐ုံး drop ဗုံးမ်ားျဖင့္ တိုက္ခိုက္ခံရမႈေၾကာင့္ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး၊ ခ႐ိုင္ေထြအုပ္စာေရး အပါအဝင္ ၅ ဦးေသဆုံးခဲ့ၿပီး၊ ၁၃ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ထပ္မံသိရွိရသည္။ ထိုသို႔ ထိခိုက္ဒဏ္ရာရရွိသူမ်ားထဲတြင္ ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႕မႉး၊ တပ္မေတာ္မွ အရာရွိအခ်ိဳ႕ ႏွင့္ လုံၿခဳံေရးအဖြဲ႕ဝင္အခ်ိဳ႕လည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး နစက အေနျဖင့္ စက္တင္ဘာလ ၃ ရက္၊ ည ၇ နာရီအခ်ိန္ခန႔္တြင္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးအား ၿမိဳ႕၏အေနာက္ေတာင္ဘက္ မီတာ ၄ဝဝဝ ခန႔္အကြာေနရာမွ KNLA ႏွင့္ PDF အၾကမ္းဖက္ပူးေပါင္းအဖြဲ႕တို႔က ဒ႐ုန္းႏွစ္စီးျဖင့္ ဗုံးသီး ၂လုံးႀကဲခ်တိုက္ခိုက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ထိုသို႔တိုက္ခိုက္မႈေၾကာင့္ ႐ုံးအေဆာက္အဦးအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈျဖစ္ေပၚခဲ့ရာ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မွ ျဖစ္စဥ္ေနရာအား သြားေရာက္စစ္ေဆးစဥ္ အၾကမ္းဖက္သမားမ်ားမွ ဒ႐ုန္း တစ္စီးျဖင့္ ဗုံးသီး ၂ လုံးထပ္မံႀကဲခ်တိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ ႏိုင္ငံ့ဝန္ထမ္းအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစကဘက္က ယေန႔ (စက္တင္ဘာလ ၄ ရက္) နံနက္ပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.