ကမ္ဘာတစ်ဝန်းရှိ နိုင်ဂျီးရီးယားနိုင်ငံ၏ သံရုံးအားလုံးနီးပါး၏ လုပ်ငန်းစဉ်များကို ဆိုင်းငံ့ပြီး သံအမတ်ကြီးများကို ပြန်လည်ခေါ်ယူ

 1531

Pika (NP News) - စက်တင်ဘာ ၄

နိုင်ဂျီးရီးယားအစိုးရသည် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ သံတမန်ရေးရာမစ်ရှင်များ အားလုံးနီးပါးကို ရပ်ဆိုင်းခဲ့ပြီးနောက် နိုင်ဂျီးရီးယား၏ သံတမန်အားလုံးနီးပါးသည် နိုင်ငံအတွင်းသို့ ပြန်လာနေပြီဖြစ်ကြောင်း သမ္မတ Bola Tinubu က ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လည်း ကုလသမဂ္ဂဆိုင်ရာ နိုင်ဂျီးရီးယားသံတမန်နှစ်ဦးကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း Bola Tinubu က ပြောကြားခဲ့သည်။ နိုင်ဂျီးရီးယားသမ္မတအကြံပေး Ajuri Ngelale က "သမ္မတ Bola Tinubuဟာ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ သံတမန်ရေးရာမစ်ရှင်တွေ လုပ်ဆောင်နေတဲ့သံတမန်အားလုံးကို ပြန်လည်ခေါ်ယူဖို့ ညွှန်ကြားခဲ့ပါတယ်" ဟု ပြောခဲ့သည်။

သမ္မတ Bola Tinubu သည် ကမ္ဘာတစ်ဝန်းတွင်ရှိသော နိုင်ဂျီးရီးယား၏ ကောင်စစ်ဝန်ရုံးများနှင့် သံရုံးများ၏ လက်ရှိအခြေအနေများကို လေ့လာခဲ့ပြီးနောက် ယခုကဲ့သို့ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း Ajuri Ngelale က ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ဂျီးရီးယား၏ သံတမန်ရေးရာမစ်ရှင်များသည် ကမ္ဘာ့အဆင့်မှီ ကာ ထိထိရောက်ရောက် စွမ်းဆောင်ပေးနိုင်သည်ဆိုသည့်အချက်ကို သေချာစေရန်အတွက် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ Geneva တွင်ရှိသော ကုလသမဂ္ဂဆိုင်ရာ နိုင်ဂျီးရီးယားအမြဲတမ်းကိုယ်စားလှယ်နှစ်ဦးကို ဆက်လက်ထားရှိဦးမည်ဖြစ်ကြောင်း Ajuri Ngelale က ပြောခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် နိုင်ဂျီးရီးယားနိုင်ငံ၏ သံတမန်ရေးရာ မစ်ရှင်(၁ဝ၉)ခုရှိကြောင်း ရိုက်တာသတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။ ယခုနှစ် မေလ(၂၉)ရက်တွင် နိုင်ဂျီးရီးယားသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ သော Bola Tinubu သည် ကြည်းတပ်၊ ရေတပ် နှင့် လေတပ်အကြီးအကဲများအပြင် ကာကွယ်ရေးဦးစီးချုပ်ကိုလည်း အစားထိုးခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုင်ဂျီးရီးယားသမ္မတ Bola Tinubu သည် ပြီးခဲ့သည့်ဇွန်လတွင် အစိုးရအဖွဲ့အစည်းများ၊ အေဂျင်စီများ နှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘုတ်အဖွဲ့များကို ဖျက်သိမ်းခဲ့ကြောင်း လည်း သိရသည်။

Zawgyi Version;
ကမာၻတစ္ဝန္းရွိ ႏိုင္ဂ်ီးရီးယားႏိုင္ငံ၏ သံ႐ုံးအားလုံးနီးပါး၏ လုပ္ငန္းစဥ္မ်ားကို ဆိုင္းငံ့ၿပီး သံအမတ္ႀကီးမ်ားကို ျပန္လည္ေခၚယူ
Pika (NP News) - စက္တင္ဘာ ၄

ႏိုင္ဂ်ီးရီးယားအစိုးရသည္ ကမာၻတစ္ဝန္းရွိ ၎၏ သံတမန္ေရးရာမစ္ရွင္မ်ား အားလုံးနီးပါးကို ရပ္ဆိုင္းခဲ့ၿပီးေနာက္ ႏိုင္ဂ်ီးရီးယား၏ သံတမန္အားလုံးနီးပါးသည္ ႏိုင္ငံအတြင္းသို႔ ျပန္လာေနၿပီျဖစ္ေၾကာင္း သမၼတ Bola Tinubu က ထုတ္ျပန္ေၾကညာခဲ့သည္။

သို႔ေသာ္လည္း ကုလသမဂၢဆိုင္ရာ ႏိုင္ဂ်ီးရီးယားသံတမန္ႏွစ္ဦးကို ဆက္လက္ထားရွိမည္ျဖစ္ေၾကာင္း Bola Tinubu က ေျပာၾကားခဲ့သည္။ ႏိုင္ဂ်ီးရီးယားသမၼတအႀကံေပး Ajuri Ngelale က "သမၼတ Bola Tinubuဟာ ကမာၻတစ္ဝန္း မွာရွိတဲ့ သံတမန္ေရးရာမစ္ရွင္ေတြ လုပ္ေဆာင္ေနတဲ့သံတမန္အားလုံးကို ျပန္လည္ေခၚယူဖို႔ ၫႊန္ၾကားခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

သမၼတ Bola Tinubu သည္ ကမာၻတစ္ဝန္းတြင္ရွိေသာ ႏိုင္ဂ်ီးရီးယား၏ ေကာင္စစ္ဝန္႐ုံးမ်ားႏွင့္ သံ႐ုံးမ်ား၏ လက္ရွိအေျခအေနမ်ားကို ေလ့လာခဲ့ၿပီးေနာက္ ယခုကဲ့သို႔ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း Ajuri Ngelale က ေျပာၾကားခဲ့သည္။

အဆိုပါဆုံးျဖတ္ခ်က္၏ အဓိကရည္႐ြယ္ခ်က္မွာ ႏိုင္ဂ်ီးရီးယား၏ သံတမန္ေရးရာမစ္ရွင္မ်ားသည္ ကမာၻ႔အဆင့္မွီ ကာ ထိထိေရာက္ေရာက္ စြမ္းေဆာင္ေပးႏိုင္သည္ဆိုသည့္အခ်က္ကို ေသခ်ာေစရန္အတြက္ ျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ႏွင့္ ဆြစ္ဇာလန္ႏိုင္ငံ Geneva တြင္ရွိေသာ ကုလသမဂၢဆိုင္ရာ ႏိုင္ဂ်ီးရီးယားအၿမဲတမ္းကိုယ္စားလွယ္ႏွစ္ဦးကို ဆက္လက္ထားရွိဦးမည္ျဖစ္ေၾကာင္း Ajuri Ngelale က ေျပာခဲ့သည္။

ကမာၻတစ္ဝန္းတြင္ ႏိုင္ဂ်ီးရီးယားႏိုင္ငံ၏ သံတမန္ေရးရာ မစ္ရွင္(၁ဝ၉)ခုရွိေၾကာင္း ႐ိုက္တာသတင္းဌာန ၏ ေဖာ္ျပခ်က္အရ သိရသည္။ ယခုႏွစ္ ေမလ(၂၉)ရက္တြင္ ႏိုင္ဂ်ီးရီးယားသမၼတအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့ ေသာ Bola Tinubu သည္ ၾကည္းတပ္၊ ေရတပ္ ႏွင့္ ေလတပ္အႀကီးအကဲမ်ားအျပင္ ကာကြယ္ေရးဦးစီးခ်ဳပ္ကိုလည္း အစားထိုးခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ႏိုင္ဂ်ီးရီးယားသမၼတ Bola Tinubu သည္ ၿပီးခဲ့သည့္ဇြန္လတြင္ အစိုးရအဖြဲ႕အစည္းမ်ား၊ ေအဂ်င္စီမ်ား ႏွင့္ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းမ်ား၏ ဘုတ္အဖြဲ႕မ်ားကို ဖ်က္သိမ္းခဲ့ေၾကာင္း လည္း သိရသည္။

Related news

© 2021. All rights reserved.