HIV ရောဂါသည်များ အပါအဝင် နာတာရှည်ရောဂါရှိသူများကို စစ်မှုထမ်းခိုင်းရန်အတွက် ဥပဒေကို ပြန်ပြင်ဆင်ခဲ့ဟု ယူကရိန်းစစ်ဘက်ပြော
1057
Pika (NP News) - စက်တင်ဘာ ၄
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနသည် HIV ရောဂါရှိသူများ အပါအဝင် နာတာရှည်ရောဂါခံစားနေရသူများကို စစ်မှုထမ်းခိုင်းရန်အတွက် စစ်ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနသည် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသောအကြောင်းအရာများစွာကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ဩဂုတ်လနှောင်းပိုင်းတွင် စတင်အသက်ဝင်ခဲ့သော ဥပဒေအသစ်အရ အသည်းရောင်အသားဝါရောဂါ၊ HIV ရောဂါ၊ တီဘီရောဂါ နှင့် သွေးနှင့်ဆိုင်သောရောဂါအမျိုးမျိုး အပါအဝင် နာတာရှည်ရောဂါရှိသူများသည် ယူကရိန်းစစ်တပ်တွင် စစ်မှုထမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစည်းမျဉ်းအသစ်တွင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု အပျော့စားလက္ခဏာရှိသူများ၊ အာရုံကြောရောဂါရှိသူများ ကိုလည်း စစ်မှုထမ်းခွင့်ပြုထားကြောင်း သိရသည်။ ယူကရိန်းစစ်တပ်သည် အဆိုပါကန့်သတ်ချက်များကို ရုတ်သိမ်း ခဲ့သည့်အပြင် လေကြောင်းတပ်သား၊မရိန်းတပ်သားမျာားနှင့်အတူ တာဝန်ထမ်းဆောင်ရန် ကြိုးပမ်းနေသော တပ်သားများအတွက် ကျန်းမာရေးလိုအပ်များကိုလည်း ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ယူကရိန်းသည် နိုင်ငံတစ်ဝှမ်းတွင် စစ်သားစုဆောင်းများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လအစောပိုင်းက စတင်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းသည် တပ်ဖွဲ့ဝင်အများအပြား နှင့် စစ်လက်နက်ပစ္စည်းအများအပြားကို ဆုံးရှုံးခဲ့ရကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။ တန်ပြန် ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းသည် ဂျာမနီထုတ် Leopard 2 အမျိုးအစား တင့်ကားများ၊ အမေရိကန်ထုတ် တိုက်ခိုက်ရေးယာဉ်များ အပါအဝင် အနောက်အုပ်စုမှ ပံ့ပိုးပေးထားသော စစ်လက်နက်ပစ္စည်းများ နှင့် တပ်ဖွဲ့ဝင် များ ထောင်ချီဆုံးရှုံးခဲ့သော်လည်း သိသာသော ရလဒ်ထွက်ပေါ်လာခြင်းမျိုုးမရှိသေးကြောင်း သိရသည်။
Zawgyi Version;
HIV ေရာဂါသည္မ်ား အပါအဝင္ နာတာရွည္ေရာဂါရွိသူမ်ားကို စစ္မႈထမ္းခိုင္းရန္အတြက္ ဥပေဒကို ျပန္ျပင္ဆင္ခဲ့ဟု ယူကရိန္းစစ္ဘက္ေျပာ
Pika (NP News) - စက္တင္ဘာ ၄
ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနသည္ HIV ေရာဂါရွိသူမ်ား အပါအဝင္ နာတာရွည္ေရာဂါခံစားေနရသူမ်ားကို စစ္မႈထမ္းခိုင္းရန္အတြက္ စစ္ဥပေဒကို ျပန္လည္ျပင္ဆင္ခဲ့ေၾကာင္း သိရသည္။
ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနသည္ စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ရေသာအေၾကာင္းအရာမ်ားစြာကို ဖ်က္သိမ္းခဲ့ေၾကာင္း သိရသည္။ ဩဂုတ္လေႏွာင္းပိုင္းတြင္ စတင္အသက္ဝင္ခဲ့ေသာ ဥပေဒအသစ္အရ အသည္းေရာင္အသားဝါေရာဂါ၊ HIV ေရာဂါ၊ တီဘီေရာဂါ ႏွင့္ ေသြးႏွင့္ဆိုင္ေသာေရာဂါအမ်ိဳးမ်ိဳး အပါအဝင္ နာတာရွည္ေရာဂါရွိသူမ်ားသည္ ယူကရိန္းစစ္တပ္တြင္ စစ္မႈထမ္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါစည္းမ်ဥ္းအသစ္တြင္ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈ အေပ်ာ့စားလကၡဏာရွိသူမ်ား၊ အာ႐ုံေၾကာေရာဂါရွိသူမ်ား ကိုလည္း စစ္မႈထမ္းခြင့္ျပဳထားေၾကာင္း သိရသည္။ ယူကရိန္းစစ္တပ္သည္ အဆိုပါကန႔္သတ္ခ်က္မ်ားကို ႐ုတ္သိမ္း ခဲ့သည့္အျပင္ ေလေၾကာင္းတပ္သား၊မရိန္းတပ္သားမ်ာားႏွင့္အတူ တာဝန္ထမ္းေဆာင္ရန္ ႀကိဳးပမ္းေနေသာ တပ္သားမ်ားအတြက္ က်န္းမာေရးလိုအပ္မ်ားကိုလည္း ေျဖေလွ်ာ့ေပးခဲ့ေၾကာင္း သိရသည္။ ႐ုရွား-ယူကရိန္း စစ္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္း ယူကရိန္းသည္ ႏိုင္ငံတစ္ဝွမ္းတြင္ စစ္သားစုေဆာင္းမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇြန္လအေစာပိုင္းက စတင္ခဲ့ေသာ တန္ျပန္ထိုးစစ္ဆင္မႈအတြင္း ယူကရိန္းသည္ တပ္ဖြဲ႕ဝင္အမ်ားအျပား ႏွင့္ စစ္လက္နက္ပစၥည္းအမ်ားအျပားကို ဆုံးရႈံးခဲ့ရေၾကာင္း သတင္းမ်ားလည္းထြက္ေပၚေနသည္။ တန္ျပန္ ထိုးစစ္ဆင္မႈအတြင္း ယူကရိန္းသည္ ဂ်ာမနီထုတ္ Leopard 2 အမ်ိဳးအစား တင့္ကားမ်ား၊ အေမရိကန္ထုတ္ တိုက္ခိုက္ေရးယာဥ္မ်ား အပါအဝင္ အေနာက္အုပ္စုမွ ပံ့ပိုးေပးထားေသာ စစ္လက္နက္ပစၥည္းမ်ား ႏွင့္ တပ္ဖြဲ႕ဝင္ မ်ား ေထာင္ခ်ီဆုံးရႈံးခဲ့ေသာ္လည္း သိသာေသာ ရလဒ္ထြက္ေပၚလာျခင္းမ်ိဳုးမရွိေသးေၾကာင္း သိရသည္။