ထိုင်းလူငယ်များကြား၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု ပိုမိုများပြားလာနေဟုဆို

 779

ဂျန်ဇက် (NP News) - စက်တင်ဘာ ၅

ထိုင်းနိုင်ငံရှိ လူငယ်များကြား၌ မျောက်ကျောက်ရောဂါကူးစက်ခံရမှု မြင့်တက်နေကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ရက်မှ သြဂုတ်လ ၁၅ ရက်အထိ ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်ခံသူ ၂၁၇ ဦးရှိနေပြီး ကူးစက်ခံရသူအများစုဟာ အသက် ၂၀ နဲ့ အသက် ၆၄ နှစ်အရွယ်ရှိတယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန DDC ကဖော်ပြထားပါတယ်။

သြဂုတ်လအတွင်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတွေထဲက ၁၆ ဦးက လူငယ်များဖြစ်ပြီး အသက်အငယ်ဆုံးက အသက် ၁၆ နှစ်အရွယ်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ မျောက်ကျောက်ရောဂါကူးစက်ခံရသူအများစုဟာ လိင်ဆက်ဆံမှုများကြောင့်ဖြစ်ပြီး ကူးစက်ခံရမှုများနဲ့ပတ်သက်ပြီး စိုးရိမ်မိကြောင်း၊ ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာနက ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူတွေထဲမှာ ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသားများလည်း ပါဝင်နေကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူအားလုံးထဲက (၂၂၇)ဦးက ထိုင်းနိုင်ငံသားများဖြစ်ကြောင်းသိရပါတယ်။

မျောက်ကျောက် ရောဂါကူးစက်ခံရသူများဟာ မကြာခဏအဖျားတက်လေ့ရှိပြီး လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲ့ခြင်း၊ ခါးနားခြင်းစတဲ့ လက္ခဏာများဖြစ်လေ့ရှိကြောင်း သိရပါတယ်။ မျောက်ကျောက်ရောဂါကူးစက်ခံရသူအဖြစ် သံသယရှိလာမယ်ဆိုရင် စမ်းသပ်ကုသမှုများကို ဆရာဝန်နဲ့ အမြန်ဆုံးကုသစေလိုကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အကြံပေးထားပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့၊ ချွန်ဘူရီ၊ နွန်သာဘူရီ၊ ဆာမတ်ပရာကန်ဒေသများမှာ မျောက်ကျောက်ရောဂါကူးစက်ခံရမှုအများဆုံးဖြစ်နေကြောင်း သိရပါတယ်။

zawgyi version
ထိုင္းလူငယ္မ်ားၾကား၌ ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ခံရမႈ ပိုမိုမ်ားျပားလာေနဟုဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၅

ထိုင္းႏိုင္ငံရွိ လူငယ္မ်ားၾကား၌ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရမႈ ျမင့္တက္ေနေၾကာင္း ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက ဆိုပါတယ္။

၂၀၂၃ ခုႏွစ္ ဇန္နဝါရီလ ၁ရက္မွ ၾသဂုတ္လ ၁၅ ရက္အထိ ထိုင္းႏိုင္ငံမွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံသူ ၂၁၇ ဦးရွိေနၿပီး ကူးစက္ခံရသူအမ်ားစုဟာ အသက္ ၂၀ နဲ႔ အသက္ ၆၄ ႏွစ္အ႐ြယ္ရွိတယ္လို႔ ထိုင္းေရာဂါထိန္းခ်ဳပ္ေရးဦးစီးဌာန DDC ကေဖာ္ျပထားပါတယ္။

ၾသဂုတ္လအတြင္း ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္ခံရသူေတြထဲက ၁၆ ဦးက လူငယ္မ်ားျဖစ္ၿပီး အသက္အငယ္ဆုံးက အသက္ ၁၆ ႏွစ္အ႐ြယ္ျဖစ္ေၾကာင္း ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက ဆိုပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရသူအမ်ားစုဟာ လိင္ဆက္ဆံမႈမ်ားေၾကာင့္ျဖစ္ၿပီး ကူးစက္ခံရမႈမ်ားနဲ႔ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း၊ ထိုင္းေရာဂါထိန္းခ်ဳပ္ေရးဦးစီးဌာနက ဆိုပါတယ္။ ထိုင္းႏိုင္ငံမွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရသူေတြထဲမွာ ထိုင္းႏိုင္ငံသားမ်ားအျပင္ ႏိုင္ငံျခားသားမ်ားလည္း ပါဝင္ေနေၾကာင္းသိရပါတယ္။ ထိုင္းႏိုင္ငံမွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရသူအားလုံးထဲက (၂၂၇)ဦးက ထိုင္းႏိုင္ငံသားမ်ားျဖစ္ေၾကာင္းသိရပါတယ္။

ေမ်ာက္ေက်ာက္ ေရာဂါကူးစက္ခံရသူမ်ားဟာ မၾကာခဏအဖ်ားတက္ေလ့ရွိၿပီး လည္ေခ်ာင္းနာျခင္း၊ ေခါင္းကိုက္ျခင္း၊ ႂကြက္သားကိုက္ခဲ့ျခင္း၊ ခါးနားျခင္းစတဲ့ လကၡဏာမ်ားျဖစ္ေလ့ရွိေၾကာင္း သိရပါတယ္။ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရသူအျဖစ္ သံသယရွိလာမယ္ဆိုရင္ စမ္းသပ္ကုသမႈမ်ားကို ဆရာဝန္နဲ႔ အျမန္ဆုံးကုသေစလိုေၾကာင္း ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက အႀကံေပးထားပါတယ္။ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕၊ ခြၽန္ဘူရီ၊ ႏြန္သာဘူရီ၊ ဆာမတ္ပရာကန္ေဒသမ်ားမွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရမႈအမ်ားဆုံးျဖစ္ေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.